အလကားမတ်တင်း
မင်္ဂလာပါ..ညီအကို မောင်နှမများခင်ဗျာ..
စတီးမစ်ပေါ်မှာ ပျော်ရွှင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
•••••••••••••••••••••••••••
ကျွန်တော်တို့တွေ အားလုံးဟာ free ဆိုတဲ့ အသံကိုကြားမိရင် အနဲနဲ့အများတော့ စိတ်ဝင်စားတတ်ကြတာဟာ သဘာဝပါပဲ။
(အပိုစု၊အလကား၊အလှောက်)ဆိုတာကို ရယူချင်ကြတာ လူ့သဘာဝတစ်ခုပါပဲ။
ဈေးဝယ်ရာမှာလဲ Free Gift , Free Discoult,
Free bonus ဆိုတဲ့ အပိုဆု၊အပိုလက်ဆောင်၊လျှော့ဈေးပေးတဲ့နေရာကိုပဲ ရွေးဝယ်လေ့ရှိကြပါတယ်။ကိုယ်က ဖရီးတခုခုရလာခဲ့တယ်ဆိုရင်လဲ တခြားသူများကိုပါ လက်တို့ပြီး ငါတော့ ဒါကို ဒီလိုဒီလို ရခဲ့တယ်၊အဲဒီကိုပဲသွား ဆိုပြီးတော့ လမ်းညွှန်လေ့ရှိကြပါတယ်။
အချိန်အပိုင်းအခြားအလိုက် အဖိုးအခပေးပြီးသုံးကြရတဲ့ နေရာတွေကိုလဲ အချိန်အပိုပေးတဲ့ဆီကို ဦးစားပေးသွားတတ်ကြတယ်။(ဥပမာ-အချိန်ပိုင်းနဲ့ကစားရတဲ့ ကစားကွင်းလိုမျိုး၊ကာရာအိုကေလိုနေရာမျိုးတွေပေါ့။) မိုဘိုင်းဖုန်းအသုံးပြုကြရာမှာလဲ ဘယ်အော်ပရေတာက ဘေလ်ဘယ်လောက်ထည့်ရင် ဘယ်လိုအပိုပေးတာ၊အင်တာနက် ပက်ကေ့ ဘယ်လောက်ဖိုးဝယ်ရင် ဘယ်လောက် GB အပိုပေးတာ..အစရှိသည်ဖြင့်
အပိုဆောင်း အလကားပေးရာကိုပဲ ပိုပြီးစိတ်ဝင်စားတတ်ကြပါတယ်။ကုန်ကုန်ပြောရရင် အပေါ့အပါးသွားရာမှာလဲ ဖြစ်နိုင်ရင်(အခ)မပေးရတဲ့နေရာကိုပဲ သွားတတ်ကြပါတယ်။
အဲဒါတွေဟာ အဖိုးအခသက်သာချင်တဲ့ ကျွန်တော်တို့ လူသားရဲ့သဘာဝဖြစ်တာကြောင့် အပြစ်လဲမဟုတ်ပါဘူး။
သို့သော်.. သို့သော်.. ဖရီးရဲ့နောက်ကွယ်မှာ ဖရီးရယူသူကို ထိခိုက်အကျိုးယုတ်စေမဲ့
အကြောင်းအရာများလဲ ရှိနေတတ်တာကို ဂရုပြုစေလိုပါတယ်။
ဥပမာ- အစားအသောက် စားစရာနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို လျှော့ဈေးရောင်းနေတာတွေလို့
ဒါကို ဝယ်ဖို့စိတ်ကူးတယ်ဆိုပါစို့။ကျွန်တော်တို့ စစ်ဆေးဝယ်ယူရပါလိမ့်မယ်။စားစရာထုတ်ကုန်ရဲ့ သတ်မှတ်ရက်(Exp Date) ကုန် မကုန်၊ လတ်ဆတ်မှုရှိမရှိ ၊အနံ့အသက် ကောင်းမကောင်းပေါ့။ဒါတွေကို မကြည့်ပဲ ဈေးချိုတာ သက်သာတာ အပိုပေးတာကိုပဲကြည့်ဝယ်ပြီး သုံးစွဲစားသုံးမိလို့
ကျန်းမာရေးချွတ်ယွင်းလာခဲ့ရင် ကျွန်တော်တို့ မကုန်ကျချင်တဲ့ စရိတ်ထက် အဆများစွာ ကုန်ကျသွားနိုင်တယ်ဆိုတာကို ထည့်သွင်းစဉ်းစားစေချင်ပါတယ်။
စားစရာ မဟုတ်ပဲ အသုံးအဆောင်ပစ္စည်းဆိုရင်
အလားတူပါပဲ။ဘယ်လိုကြောင့် ဈေးက freeနီးပါးဖြစ်နေတာလဲ။တကယ်ကော အသုံးတည့်ရဲ့လား။အသုံးပြုလို့ အဆင်ပြေနိုင်မလား အစရှိသလို ပစ္စည်းအပေါ်မှာမူတည်ပြီး ကျွန်တော်တို့ စဉ်းစားစစ်ဆေးရမဲ့ အရာလေးတွေ ကွာခြားပါလိမ့်မယ်။အမှန်တကယ် ဖောက်သည်လိုချင်လို့ ဈေးချရောင်းတာတွေလဲရှိပါတယ်။ပြောခဲ့သလို အကြောင်းတခုခုကြောင့် လျှော့ဈေးပေးတာတွေလဲရှိပါလိမ့်မယ်။
ဘယ်လိုပဲဖြစ်ဖြစ် အသုံးပြုကြမဲ့ ကျွန်တော်တို့အနေနဲ့ သေသေချာချာရွေးချယ်နိုင်ရင် အကောင်းဆုံးပါပဲ။
နောက်ဥပမာ တစ်ခုအနေနဲ့..
ကျွန်တော်တို့တွေ အင်တာနက်ပေါ်မှာ လိုအပ်ရာဖိုင်များကို ဒေါင်းလုပ်ဆွဲပီး အသုံးပြုတာမျိုးရှိပါတယ်။အဲဒီမှာ ကြုံရလေ့ရှိတာက ကိုယ်ရချင်တဲ့ဖိုင်လေးတစ်ခုကိုပဲ
ရိုးရိုး download ပေးတဲ့နေရာတွေရှိသလို တချို့ websiteပေါ်မှာတော့ အရှေ့က freeဆိုတဲ့ စကားလုံးလေးနဲ့ free download လို့ပြောထားပါတယ်။အဲဒီမှာ ကျွန်တော်တို့ကလဲ ဒါလေးကတော့ ဖရီးဆိုပဲ..လွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်နဲ့ ပိုပြီးဆင်ပြေမှာပဲ လိုတွေးပြီး ဖရီးဒေါင်းလုပ်လို့ပြောတဲ့ နေရာကနေ ဆွဲချလိုက်တယ်။
အဲဒီမှာ ဒေါင်းလုပ်မလုပ်ပဲ တခြားမဆိုင်တဲ့ နေရာတွေကို အဆင့်ဆင့်ရောက်သွားတတ်ပါတယ်။
ဒေါင်းလုပ် လုပ်လိုရခဲ့ရင်လဲ လိုအပ်တဲ့ဖိုင်မဟုတ်ပဲ
တခြားဖိုင်ဖြစ်နေတတ်ပြန်ပါတယ်။လိုအပ်တဲ့ဖိုင်ဟုတ်ခဲ့ရင်လဲ အင်စတောလုပ်ပြီးတဲ့နောက် ကျွန်တော်တို့ device က လေးလာသလိုလို ဘာလိုလိုဖြစ်လာပြီး ဗိုင်းယပ်ကပ်ပါနေတဲ့ ဖိုင်ဖြစ်နေတတ်ပြန်ရော။signup ပြုလုပ်ခြင်းဆိုင်ရာမှာလဲ signup လုပ်လိုက်တာနဲ့ ဖရီးဒေါ်လာ ဘယ်လောက်ပေးမယ် ဆိုပြီး ဆွဲဆောင်လေ့ရှိကြပါတယ်။အထက်မှာပြောခဲ့တာတွေဟာ အများမြင်လွယ်နိုင်မဲ့ ဥပမာလေးတွေကိုပဲပြောခဲ့တာပါ။ဖရီးကို ဗန်းပြပြီး ကျွန်တော်တို့တွေကို သူတို့ဆီအရောက်လာဖို့ သူတို့ရဲ့ထုတ်ကုန်တွေကို သုံးစွဲဖို့ ဖိတ်ခေါ်နေတဲ့ နေရာတွေ မရေမတွက်နိုင်အောင်များပြားလှပါတယ်။စီးပွားရေးဗျုဟာများမှာလဲ ဖရီးလုပ်ပေးရခြင်း အကြောင်းအရာများစွာ ရှိနေပါလိမ့်မယ်။အမှန်တကယ် အကျိုးရှိစေတာများရှိသလို မူမမှန်တာတွေလဲ ရှိနေမှာပါပဲ။
ဒီလိုဆို..ဖရီးသံကြားရင် အနားမကပ်ပါနဲ့ လို့ဆိုလိုခြင်းမဟုတ်ပါဘူးခင်ဗျ။ကျွန်တော်တို့တွေဘက်က "သတိ"လေးတော့ ရှိနေသင့်ပါတယ်။
free စကားလုံးမပါရင်ကော စိတ်ချရပါ့မလားဆိုပြန်ရင်လဲ အပြည့်အဝတော့ စိတ်မချရသေးပါဘူး။ဒါပေမယ့် ဖရီးပါတာထက်တော့ ထိခိုက်နိုင်မှု ရာခိုင်နှုန်းနည်းနိုင်ပါတယ်လို့ ပြောပါစေခင်ဗျ။
Credit- Photos
တကယ့်တကယ်တမ်းမှာ လူအများပြောလေ့ရှိတဲ့ "ဘယ်အရာမှ အလကား မရဘူး"ဆိုတဲ့စကားဟာ
မှန်နေခဲ့ပါတယ်။အခကြေးငွေ မပေးရသည့်တိုင်
အားအင်တစ်ခုတော့ စိုက်ထုတ်ရစမြဲပါ။ကျွန်တော်တို့တွေဟာ အလကားရတယ်လို့ ထင်မိခဲ့တဲ့အရာလေးတွေအပေါ်မှာ သွယ်ဝိုက်သောအားဖြင့် တစုံတခုကို ကိုယ်ကိုတိုင်မသိလိုက်ပဲ အနည်းငယ်တော့ ပေးဆပ်ထားခဲ့ကြမြဲ ဖြစ်ပါတယ်။
ဒီနေ့ကမ္ဘာမှာ လူတိုင်းလူတိုင်းကလေးစားအားကျရပြီး ကြွယ်ဝချမ်းသာနေကြတဲ့ ပုဂ္ဂိုလ်ကြီးတွေထဲမှာ Free ကြီးကြီးမားမားနဲ့ကြုံ ပြီးအလကားပွပေါက်တိုးလို့ ချမ်းသာလာသူရယ်လို့ မရှိပါဘူးခင်ဗျ။စိုင်ကော်လို့ ချုံပေါ်ရောက်ရင်လဲ ခဏတာပါပဲ။
အခုလို freeနဲ့ပတ်သက်ပြီး ဒီစာလေးကို ရေးသားခြင်းဟာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နစ်နာစေလိုတဲ့ဆန္ဒ မရှိပဲ..
ပတ်ဝန်းကျင်မှာ ဖရီးကို မက်မိလို့ အခက်ရှိလာသူတွေကို မြင်နေကြားနေရလို့ တကြောင်း၊
လကားရလိုခြင်း အဖိုးအခသက်သာလိုခြင်း
ရေသာခိုလိုခြင်း ဆိုတဲ့ အလွယ်(အချောင်)စိတ်ကို ရှေ့တန်းမတင်မိစေပဲ အဲဒီရဲ့ နောက်ကွယ်မှာရှိနေနိုင်တဲ့ ထင်မှတ်မထားမိသော နစ်နာဆုံးမှုများကို ဂရုပြုမိကြစေလိုတဲ့ စိတ်ဖြင့် မျှဝေရခြင်းဖြစ်ပါတယ်ဆိုတာ ပြောရင်း နိဂုံးချုပ်ပါရစေခင်ဗျ။ ။
အားလုံး ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ။
ချစ်သောအားဖြင့်
By - @Builderb
အဖွဲ့ အပေါ်နားလည် သွားပြီး ပူးပေါင်းလာတာ ကျေးဇူးပါ ။ team work နဲ့ လုပ်ပြီး အင်အား power တွေစုရတာ မျိုးဆိုတော့ ။ ဝိုင်းပြီးပြောကြတာမှာ အပြောမတတ်လို့ နားလည်မှု လွဲခဲ့ကြတယ် ခုတော့ အင်အားရှိတဲ့ steemer တစ်ယောက်ရခဲ့ပြီ
Hi @minsoenaing
Have a nice day!
Mr @kachinhenryအပါအဝင်
စတီးမြန်မာ အဖွဲ့အားလုံးရဲ့
ပံ့ပိုးကူညီခြင်းအတွက် ဝမ်းမြောက်မိသလို
ကျေးဇူးအထူးတင်မိပါတယ်။
တတ်စွမ်းသမျှ ပြန်လည်အကျိုးပြုနိုင်ဖို့ ဆက်လက်ကြိုးစားရပါဦးမယ်။ကျေးဇူးပါခင်ဗျ။
great post..bro...
Hi @htetwaihin
Nice to meet u!
Thanks for your comment.
You are welcome bro..
Nice to meet you too... :)
ကောင်းတယ်ဗျ Free ဆို လေတောင်အလကားမရပါဘူး အင်အားလေးတော့စိုက်ထုတ်လိုက်ရတာပါဘဲညီရေ
Ya @ansoe
That's right!
Thanks for support .
ပြန်လာတာ
ကိုကျေးဇူးတင်မိပါပြီ bro
Free နဲ့ ပတ်သက်ပြီး မျှဝေပေးတာ ကျေးဇူးပါ
Hi @thatkozaw
I also glad for looking your comment.
Thanks !
Congratulations @builderb! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes received
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP