စောစော မစီစဥ် ဘူး

in #myanmar4 years ago

မင်္ဂလာပါ။ လူသားတွေအတွက် ကပ်ရောဂါဆိုးကြီးကျရောက်ချိန်.....လူတိုင်းအတွက်ခက်ခဲတဲ့ လူနေမှု စီးပွားရေး စိုးရိမ်မှုတွေ ပြည့်လာတဲ့အချိန်ဖြစ်ခဲ့တဲ့ April May 2020 ခုနှစ်ဖြစ်ကြပါတယ်။ ရောဂါမရှိခင် ကြိုတင်မပြင်ဆင်ပဲ... ရောဂါပိုးသယ်ဆောင်လာနိုင်သူတွေကိုဝင်ရောက်ခွင့်ပြုထားပီးမှ...lock down တွေ အမျိုးမျိုးချနေတော့ ဘယ်မှာ ထိရောက်မှုရှိပါမလည်း။ ပြည်တွင်းက ပြည်သူတွေပဲ ခက်ခဲတဲ့ လူနေမှုတွေကို ဖြတ်သန်းသွားလာကြရတာပါပဲ။ သွားလာရေးတွေ ခက်ခဲ လုပ်ငန်းတွေ ပိတ်သိမ်း ဝန်ထမ်းတွေ အလုပ်ဖြုတ်ပစ်နဲ့ ပြည်သူတွေပဲ နစ်နာရတာပါပဲ။