ူတစ်ပါးသွေးဖြင့်

in #myanmar5 years ago

အလင်းတန်းလေး တစ်ခုကို အစပြု တွေ့ မြင်လိုက်ရသည်မှ စတင်ကာ ကျွန်ုပ်၏ ဘဝသည် စတင်ခဲ့လေပြီ ။ ထိုသို့ အစပြုခြင်းကပင် ဒုက္ခတို့ စတင်ရာ လည်း ဖြစ်ခဲ့သည် ။ ကျွှန်ုပ် မွေးဖွားရာ နေရာကား ကုတင်တစ်ခု၏ အောက်ခြေ တန်းကြား နေရာ တစ်ခုတွင်ဖြစ်ခဲ့ကာ ကျွန်တော်တို့ကို ကြမ်းပိုးဟု ခေါ်ကြလေသည် ။ အခြား သတ္တဝါများကဲ့သို့ မိခင်နို့ကို မစို့ကြရ ထို့ပြင် လာရောက် အစာ ကျွေးမည့် သူလည်းမရှိ ။ လောကကြီး သို့ စတင် ဝင်ရောက်စမှာပင် ဆာလောင်ခြင်းနှင့် စတင်ရလေသည် ။ ဆာလောင်မှုတို့ကို ကြီးစွာ ခံစားရစေကာမူ တော်ရုံနှင့် မသေနိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ဖြစ်တာကြောင့် ဆာလောင်မှု ကိုပင် ဆက်လက်ပြီး လက်ခံရန် ရှိသည် ။

အကောင်ဖြစ်ပြီး ဆာလောင်မှုတို့ကို ခံစားရင်း ကြောင်တစ်ကောင် ရောက်လာခြင်းက အနည်းငယ် အဆင်ပြေစေခဲ့သည် ။ အစားအစာ အနည်းငယ်ကို ရရှိ ခဲ့လေသည် ။ ထို့နောက် ရက်အနည်းငယ် အကြာ ကြမ်းပိုးမျိုးနွယ်တို့အတွက်ပျော်ရွှင်ဖွယ်ရာ ဟု ဆိုရမည့် လူသားများ လာရောက် အိပ်စက်ခြင်းကို တွေ့မြင်ရလေပြီ ။

download.jpeg

ကြမ်းပိုးတစ်ကောင်ကို စေတနာထားပြီး ဘယ်သူကမှ မိမိ အသွေး ကို တိုက်ချင်မည်မဟုတ် ။ ကြမ်းပိုးတို့ဆိုသည်မှာလည်း ထို အများ မကြည်ဖြူသည်ကိုသာ လုယက်စားသောက်ရသော သတ္တဝါ ဖြစ်နေသည့် အတွက် ထို မသထာရေစာဖြစ်သော သူ့ အသွေးကိုသာ အသက်စွန့် သောက်သုံးရပေတော့မည် ။ အစား တစ်လုပ်အတွက် ခဲရာ ခဲဆစ် ရှာစားရသည်ဟု ထိုလူသားတို့ ပြောသော စကားများကို ကြားလိုက်လျှင် ကြမ်းပိုး ခဏ ဖြစ်ကြည့်စမ်းပါ ဟုသာ ဆိုလိုက်ချင်သည် ။

တစ်သက် နှင့် တစ်ကိုယ် လာစားလာပါဟု တစ်ခါမျှ မကြားဖူးရုံမျှမက သွေးစုပ်နေတုန်းပင် အသားနာသဖြင့် ဖိချေသတ်ရန် လိုက်ရှာခြင်းကနေ အမြန်ထွက်ပြေးရသည် ။ တစ်လုပ်ခန့် အစာ ရလျှင်ပင် မိမိအသက်အန္တရာယ် အတွက် နောက်ဆံ တင်းနေရပြီ ။ တစ်ခါ တစ်ရန် မိမိ ကိုက်လိုက်သည်ကိုပင် မသိလောက်အောင် သူတို့ အိမ်မောကျ နေချိန်ဖြစ်လျှင် အလွန်ဝမ်းသာရသည် ။ အကိုက်ခံရသူများ တစ်ခါတစ်ရန် ရောဂါဖြစ်တတ်သည့် အတွက် အစာစားချိန် မဟုတ်လျှင်ပင် ကြမ်းပိုးများကို အမြစ်ပြတ် ရှင်းလင်းရန် ကြံစည် နေတတ်ကြပြန်သည် ။

ထို့နောက် လူများနှင့် အခြား သတ္တဝါများ ကျွန်တော်တို့ နေထိုင်ရာ ဒေသ သို့ အချိန်ကြာမြင့်စွာ မရောက်လာခဲ့ပါက ဆာလောက်မွတ်သိပ်မှုတို့ကို ရက်လချီခံစားကြရပြန်သည် ။ အချို့မှာ ရောက်လာသူတို့ထံတွင် ခိုကပ်လိုက်သွားကြသော်လည်း အမြဲ အစာစားရမည်ဆိုသည်မှာ အသေချာပေ ။ အစာ မစားရသည်မှာ ကြာမြင့်လာသော အခါ ခန္တာကိုယ်တို့မှာလည်း တစ်ဖြည်းဖြည်း အရေခွံလဲရင်း ဖြူရော်စွာဖြင့် ပိန်ကပ်လာသည် ။ ထို့နောက် အစာခဲကြီးများ ရောက်လာသော အခါ အသက်အန္တရာယ် ကြားမှာ ရှာဖွေ စားရပြန်သည် ။

ထိုသို့ ဖြတ်သန်းလာရင်း ခက်ခဲကြမ်းတမ်းသော အချိန်တို့သည် အဘယ်မျှ ကုန်ဆုံးသွားသည်ကိုပင် မဆိုတတ် မဆိုနိုင် ။ အချိန် တစ်ခုတွင် ကျွန်တော်တို့အတွက် အဆုံး သတ်ဖြစ်မည့် အလွှန် ဆိုးရွှားသော ယနံ့တို့နှင့် နာကျင်စေ သော အရည်တို့သည် ကျွန်တော်တို့ ခန္တာ ကိုယ်ပေါ်သို့ ကျရောက်လာရင်း ။ အော်ဟစ် ပြေးလွှားနေကြသော အမျိုးတို့ အသံ ။ မိမိကိုယ်တိုင်ပင် မတတ်နိုင်တော့ဘဲ နာကျင်လှသော ဝမ်းတွင်း ဝေသနာတို့ကို ခံစားရင်း နောက်များ ကြုံလျှင်ဖြင့် သူများ မပေးချင်းသော မကြည်ဖြူသော သူများ အသွေးအသားကို မှီခို စားသောက်ရသော နေရာသို့ မရောက်ချင်တော့ပါဘူးလေ ။

@ domelay