Home (Chapter 8)

in #myanmar5 years ago

IMG_4862-01.jpeg

သူ့ သမီး၊ သူ့ မြေးတွေ အတွက် ပူနေသည့် အမေ့ အပူက ကျနော့် အပူထက် များမည် ထင်၏။ ကလေး (၂) ယောက်က တကွဲစီ ဖြစ်နေမည်။ မမကြီးက လွိုင်လင်မှာ အထိုက်အလျောက် အသားကျနေပြီ ဖြစ်ပေမယ့် အမငယ်က ခုမှ လွိုင်ကော်သို့ ပြောင်းရမည်ကိုး။ မမကြီးက တယောက်ထဲ သွားနေတာ ဖြစ်ပြီး အမငယ်ကတော့ သူ့သား (ကျနော့် တူလေး) ကိုပါ ခေါ်သွားမည် ဖြစ်သဖြင့် သူ ရုံးကိစ္စတွေ များနေသည့် အခါမျိုး၊ အလုပ်ပေါ်လာသည့် အခါမျိုးမှာ တူလေး ဘယ်သူနှင့် ဘယ်လို နေရမည်ကို အမေ ကြိုပူနေခြင်း ဖြစ်၏။ မိဝေး ဖဝေး နေရာ အရပ်ကိုး။

တူလေး ကိစ္စနှင့် ပတ်သက်ပြီး အမေတင် မဟုတ်၊ ကျနော်ပါ ပူ၏။ ကျနော် ပူသည်က အမေနှင့် သိပ်မတူပေ။ တူလေးကို ကျနော် စိတ်ချ၏။ ဒီကောင်က လူတကာနှင့် တည့်အောင် နေတတ်၏။ ပြောတတ်၏။ ဆိုတတ်၏။ ထို့ကြောင့် ဒီကောင့် တကိုယ်စာ အတွက်တော့ ကျနော် ကောင်းကောင်း စိတ်ချ၏။ စိတ်မချတာက သူ့ ပညာရေး ဖြစ်၏။ တူလေးက စာလုပ်ပျင်း၏။ လူက မလိုက်နိုင်၊ ထုံနေခြင်းမျိုး မဟုတ်ပေ။ တကယ့်ကို သြော်ချ ရလောက်အောင် ဆရာ သမားက ပျင်းနေခြင်း ဖြစ်၏။ ထိုအချက်က တော်တော်လေး ဆိုး၏။

IMG_20200303_235516.jpg

ဆရာ တယောက်ဖြစ်နေပေမယ့် ကျနော့် တူ၊ တူမတွေကို ကျနော် ဖိအားမပေးပေ။ ဘာလုပ်မှ၊ ဘာ ဖြစ်မှ ဆိုပြီး သတ်မှတ်ချက် ကြီးကြီးမားမားတွေ မထားနေပေ။ ဒီအတိုင်း သူငယ်ချင်းတွေနှင့် ပျော်ပျော်ရွှင်ရွှင် နေနိုင်ပြီး ကျောင်းသင်ခန်းစာတွေနှင့် ပတ်သက်လို့ သူများထက် မကျော်တော် သူများနှင့် တန်းတူ ဖြစ်နေလျှင် ရပြီ ဖြစ်၏။ အဓိကက သူများနောက် မကျန်စေလိုခြင်း ဖြစ်၏။ အများ တန်းတူ သိနေ တတ်နေပြီး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေလျှင် တော်ပြီ ဖြစ်၏။ ဆရာသမားက ပျော်ပျော်တော့ နေတတ်၏။ သို့ပေမယ့် စာဘက်မှာတော့ အတော်လေး အားနည်း၏။

ပင်ကိုယ်ဉာဏ်လေးက မဆိုးပေမယ့် အပျင်းက ဖျက်နေခြင်း ဖြစ်၏။ ထို့ကြောင့် သူ့အတွက် ကျနော့်မှာ ပူနေရခြင်း ဖြစ်၏။ ဟိုဖက် လွိုင်ကော် ပညာရေး အခြေအနေ၊ တူလေး၏ အခြေအနေတွေကို တွေးပြီး ကျနော့်မှာ ပူနေရ၏။ တူမလေးကတော့ စာနှင့် ပတ်သက်လို့ စိတ်ချလို့ ရ၏။ သူကား တူလေးနှင့် ပြောင်းပြန် စာလုပ်လွန်းနေသဖြင့် တားကို ယူနေရ၏။ English သင်တန်းမှာဆိုလျှင် တူလေးထက် တူမလေးက တော်တော်လေး ပြီးနေ၊ ရှေ့ရောက်နေပြီ ဖြစ်၏။

ထို့ကြောင့် ပျင်းသည့် တူလေးအတွက် ကျနော့်မှာ စိတ်ပူနေရခြင်း ဖြစ်၏။ ကိုယ့် မျက်ကွယ်ဆိုတော့ ဘာတွေ ဘယ်လို ဖြစ်နေသည်ကို မသိနိုင်ဘူး မလား။ အမေကလည်း သူ့ အတွေး သူ့အပူနှင့် ကျနော်ကလည်း ကျနော့် အတွေး ကျနော့် အပူူနှင့်။ သို့နှင့် အမေလည်း ညည အိပ်မပျော်၊ ကျနော်ကလည်း ညည တော်တော်နှင့် အိပ်မရ ဖြစ်နေတော့၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

ကဒွန် လူပျိုလှည့်ခန်းလေး ဘာလေးလည်း ရေးပါဦးဗျ

ဟီးဟီး
ရေးချင်တာ
မရှိလို့
😁

According to the Bible, Graven Images: Should You Worship These According to the Bible?

Watch the Video below to know the Answer...

(Sorry for sending this comment. We are not looking for our self profit, our intentions is to preach the words of God in any means possible.)


Comment what you understand of our Youtube Video to receive our full votes. We have 30,000 #SteemPower. It's our little way to Thank you, our beloved friend.
Check our Discord Chat
Join our Official Community: https://steemit.com/created/hive-182074