" မသွားပေမယ့်ရောက် ၊ သွားလျက်မရောက် "
ကျွန်တော်ရဲ့ သူငယ်ချင်းချင်းလိုအကိုလိုခင်မင်ရတဲ့ ကိုကျော်မိုးရဲ့ နေအိမ်သို့ ဒုတိယအကြိမ်အလည်တစ်ခေါက် ရောက်ရှိခဲ့ပါပြီ ။ အဲ့ဒီနေ့လေးဟာာ ကျွန်တော့်ရဲဘဝအတွက် အမှတ်အရဆုံးနေ့လေးတစ်နေု့ဖြစ်ခဲ့ပါတယ် ။ ကျွန်တော်ရောက်ရှိသွားတဲ့အချိန်ကို သေချာတော့ မမှတ်မိပါ ။ မနက် ခုနှစ်နာရီ ကျော်လောက် ထင်ပါသည် ။ မနက် ခုနှစ်နာရီဆိုတော့ နတ်နဲ့လူ သဟဇာတ ဖြစ်တဲ့အချိန်ပေါ့ ။ ထို့ကြောင့် ကိုကျော်မိုးကိုတွေတာနဲ့ အကိုရေ ကျွန်တော် အကိုတို့အိမ်မှာပဲ အိပ်မယ်လို့ ပြောလိုက်ပါတယ် ။ ကိုမိုးကျော်မှ လည်း "ငါလည်းမင်းကိုစကားတွေပြောချင်နေတာ ရန်ကုန်မသွာနဲ့အုံးကွာ ၊ ဒီမှာ သူံးလေးရက်လောက်နေပါအုံး "ဟုပြောကာ ၊ ညီရေ ညထမင်းဘာဟင်းနဲ့ စားမလဲ ဟုမေးလေသည် ။
ကျွန်တော်ကလည်း ရပါတယ် ကိုကျော်မိုးရာ ရေနွေးကြမ်းနဲ့ လဖက်
လေးဆို အဆင်ပြေပါတယ် ။ ရေနွေးကြမ်းကတော့ ငါ့အိမ်မှာ အဆင်သင့်ရှိတယ် ကွာ ၊ လဖက်ကတော့ ဦးသန်းဖေ ဆိုင်မှာ သွားဝယ်လိုက်အုံးမယ် မင်းခဏစောင့်အူံးဆိုကာ သွားဝယ်လေတော့
သည် ။ ကိုကျော်မိုးပြန်လာတဲ့ အချိန် အတော်လေး သည့်နက်သွားပါတယ် ။ အကိုရေ ဒီညတော့ မအိပ်တော့ဘူး " ကျွန်တော့်ကို အကို့ရဲ့ အတွေ့အကြုံတွေ ၊ ပုံပြင်တွေပြောပြပါလား ၊ သရဲအကြောင်းတော့ မပါပါနဲ့လို့ ပြောလိုက်ပါတယ် ။ ကိုမိုးကျော်ကလည်း " မပြောပါဘူးကွာ မင်းနားထောင်ချင်တဲ့ ပုံပြင်တွေပဲ ငါပြောပြမှာပါ " ဟု ရယ်ကာပြန်ပြောလေသည် ။ သရဲအကြောင်းမပါရင်ပြီးတာာပဲ ကြိုက်တဲ့ ပုံပြင်သာပြောပြဟု ပြောလိုက်လေသည် ။ မီးဖိုဘေးမှာ မီးလှုံရင် လဖက်လေးစားကာ ကိုကျော်မိုးပြောမယ့်ပုံပြင်ကို နားထောင်ထောင်နေပါတယ် ။
ကိုကျော်ကမိုးလည်း ပုံပြောပြရန် အဟမ်း........အဟမ်း......အဟမ်း......ဟု အစချီကာ ဆေးပြင်းလိပ်တစ်လိပ်ကို မီးညှိ့၍ လဖက်တစ်ဇွန်းဇွန်းစားလိုက်ပတယ် ။ ကျွန်တော်ကလည်း မစောင့်နိုင်တော့ ၍ ကိုမိုးကျော်ရယ် ပုံပြင်လေးတစ်ခုပြောပြဖို့ ဆေးလိပ့သောက်လိုက် ချောင်းဆိုးပြလိုက် လဖက်စားလိုက်နဲ့ ဒီညပြောဖြစ်အုံးမလားလို့ မေးလိုက်ပါတယ် ။ ထိုကဲ့သို့မေးနေစဉ်မှာပဲ ဓာတ်ဘူးအတွင်းမှ လဖက်ရည်ပန်းကန်ထဲသို့ ရေနွေးကြမ်းများ လောင်းထည့်လိုက်ပြန်ပါတယ် ။ ထိုကဲ့သို ထည့်နေရင်း ဒီလိုရှိတယ် ညီရဲ့......ဘယ်အရာမဆို ဆန္ဒမစောရဘူးကွ ၊ လူတွေဟာ ဆန္ဒဆိုတဲ့ အရာတစ်ခုကို မစောင့်စည်း မထိသိမ်းနိုင်လို့ ဒုက္ခရောက်နေကြတာ ၊ အဲ့ဒီလူတွေထဲမှာ မင်းကိုမပါစေချင်ဘူးကွာ " လဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်နေးရတယ် " ဟု ပြန်ပြေပါတယ် ။
ဟုတ်ပါပြီ ကိုကျော်မိုးရယ် ပြောမှသာပြောစမ်းပါဗျာ ။ ခင်ဗျားတို့လူကြီးတွေက အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် ဇီဇာကြောင်နေတာနဲ့ အဲ့ဒီအလုပ်က လုပ်ရတော့မှာ မဟုတ်ဘူး ။ ခင်ဗျားလည်း ဦးမောင်ဖြူ အိမ်ကို ဗေဒင်လာမေးတဲ့ ဒေါ်အေးမြင့်လိုပဲ ဦးမောင်ဖြူက သူ့ကိုစာကလေးကူရေးပေးပါလားပြောတော့ ဘောပင်နဲ့လား ခဲတံနဲ့လားမေးတယ် ။ ဘောပင်နဲ့ရေးပေးပါပြောတော့ ။ ဘောပင်နဲ့ ရေးပေးပါလို့ပြောတော့ စာရွက်ကအကြမ်းနဲ့လား အချောနဲ့လား ဒါမှမဟုတ် A3နဲ့လား အထပ်ထပ်အခါခါမေးတယ် ။ စောရေးတာပဲဗျာ ကြိုက်တဲ့စာရွက်နဲ့ ရေးပေးပေါ့လို ဦးမောင်ဖြူ က
ပြောလိုက်တော့မှ A3 နဲ့ရေးတော့ စာလုံးရေများများပိုဆန့်တာပေါ့လို့ ဆင်ခြေပေးပြီး ရေးတော့တယ် ဗျာ ။ ကျွန်တော်ပြောတဲ့ စကားများကြောင့် ကိုကျော်မိုးမှ " ညီလေးရေ မင်းပြောတဲ့စကားကိုနားထောင်ရမှာလား ငါပြောတဲ့စကားကို မင်းနားထောင်မှာလားဟုမေးလေသည် " ။
ဟုတ်တယ်လေဗျာ ခင်ဗျားတို့ အဖိုးကြီးတွေက မသိလို့မေးပါတယ်ဆိုမှ ဟိုအကြောင်းပြောလိုက် ဒီအကြောင်းပြောလိုက်နဲ့ လိုရင်းကိုမရောက်တော့ဘူး .......။ထိုအခါမှ ကိုကျော်မိုးက တော်ပါတော့မောင်မင်းရယ် ကျွန်တော်မျိုးစလုံးရေးစပပြီဟ လိုပြောကာ.......
ဟိုး........လွန်ခဲ့တဲ့နှစ်ပေါင်း ကိုးဆယ်လောက်ပေါ့ကွာ ငါတို့နေတဲ့ ရွာကလေးဟာ တဖြည်းဖြည်းနဲ့ မြေမြိခြင်းကို ခံခဲ့ရတယ် လို့
စတင်ကာပြောပါတော့တယ် ။ ကိုကျော်မိုးကတော့ စလုပ်လိုက်တည်းက တလွဲတွေ ချည်းပဲ ။ ရွာက်ုမြေမြိုတယ်ဆိုတာ ဘယ်ကျမ်းဂန် ဘယ်စာတွေထဲမှာမှ ကျုပ်မတွေ့ဖူးဘူးလို့ပြောလိုက်တဲ့အခါ "ဟ" ငတူုံးရ ရွာမှာလူတွေသေရင် သချိင်္ုင်းကုန်းပို့ရတယ်လေကွာ လေလက်တောရွာတွေဆိုတော့ သဂြိုလ် တယ်ဆိုတာ အရှိသလောက်ရှားတယ် ၊ အုတ်ဂူသွင်းရင်သွင်း မသွင်းရင် တွင်းတူးမြေမြှုပ်တဲ့ ဓလေ့ဆိုတာရှိတယ် ။ ငါတို့ရဲ့ရွာလေးက မွေးဖွားတဲ့ လူဦးရေထက် သေဆုံးနေကြတဲ့လူဦးရေက ပိုများနေကြတော့ တဖြည်းဖြည်းနဲ့ အုတ်ဂူတွေ မြေပုံတွေ များလာတာ နောက်ဆုံးတော့ ငါတို့ရွာကလေး ဖျက်ပစ်ရတဲ့အဆင့်ထိဖြစ်သွားတာ နောက်ဆုံးတော့ကွာ ငါတို့ရဲ့ရွာကလေး ဖျကပြစ်ရ တဲ့ပထိဖြစ်သွားတယ်၊ အဲ့ဒါကို မြေမြိုတယ်လို့ခေါ်တယ်ကွ လို့စိတ်မကောင်းသော ပုံစံဖြင့်ပြောပြနေပါတယ် ။
ကျွန်တော်ကလည်း တကယ်လား ကိုကျော်မိုးရယ် လို့မေးလိုက်ပါ
တယ် ။ ထိုအခါကိုကျော်မိုးမှ တကယ်ပေါ့ကွာဟု ပြန်ဖြေလသေည် ။ ပုံပြင်ဆိုတာ ပုံပြင်လိုပဲ နလည်တာ အကောင်းဆုံးပါပဲ ညီလေးရာလို့ ပြောရင်း တဟားဟားရယ်မောနေပြန်ပါတယ် ။ ကျွန်တော့်မှာတော့ဗျာ တကယ်အောင့်မေ့လို့ နားထောင်လိုက်ရတာ တော်တော်မကောင်းတဲ့လူကြီးပဲ ၊ ဒီတော့ ကျွန်တော့်အလှည့်ရောက်ပြီ ကျွန်တော်ပြောပြမယ် " ဟုတ်သော်မရှိ ရှိသော်မဟုတ် တဲ့ဗျ ကိုမိုးကျော်တလှည့် နားထောင်ပေးအုံးလို့ ပြောလိုက်ပါတယ် ။ ကျွန်တော့်ရဲ့ဇာတိဖြစ်တဲ့ ရွာကလေးဟာ ဧရာဝတီတိုင်း ဖျာပုံခရိုင် အမာမြို့နယ် ဘင်္ဂလားပင်လယ်ကမ်းစပ်လေးမှာ တည်ရှိနေတာပါ ။ ထိုရွာကလေးကို ကန်အိုင် ရွာလို့ခေါ်ဆိုကြပါတယ် ။ ပင်လယ်နဲ့နီးတဲ့
အတွက် ညဘက်တွေဆိုရင် သောင်ကမ်းစပ်မှ လှိုင်းဂယက်ရိုက်ခတ်သံတို့ကို အတိုင်းသားကြားနေရပါတယ် ။ ဘဝသစ်ရွာကလေးရဲ့ ထူးခြားချက် များကိုရှင်းပြဖို့ပင် အလွန်ခက်ခဲပါတယ် ။ ရှေးဘိုးဘွားများအစဉ်အဆက် ကျွန်တော်တို့ရွာကလေးရဲ့ ထူးခြားချက်များ ကို အမျိုးမျိုး သူုံးသပ်လေ့လာခဲ့ကြပါတယ် ။
ရွာရဲ့အရှေ့ဘက်တည့်တည့်မှာ သစ်ပင်ကြီးတွေနဲ့ သောင်ကမ်းစပ်တွေနဲ့ ဘင်္ဂလားပင်လယ်အော် ၊ အရှေ့ တောင်ဘက်မှာ လျှော်တောတွေ ၊ တောင်ဘက်မှာ ခေါင်းမြောင်းတွေနဲ့ ဓနိတော သစ်တောတွ ၊အနောက်တောင်ဘက်မှာ အမာမြိုနဲ့နဲ့ ကျွန်တော်တို့ရွာကလေး အစပ် မြို့အဝင်မှာတည်ထားတဲ့ ဗိုလ်ချုပ်ဆောင်ဆန်းကြေးရုပ်ထုကြီး ။ အရှေ့မြောက်ဘက်မှာ တယ်ပင်ဆပ်ရွာ စသဖြင့် ဝန်းရံထားပါတယ် ။အရင်တုန်းကဆိုရင် ကျွန်တော်တို့ရွာတွေ ဘက်မှာ ဂမ္ဘီရ တွေ စုန်းတွေန်တွေ ဗေဒင်တွေဟာ အတော်လေးကို ကျယ်ပြန့်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ထင်မြင်ယူဆချက်ကို ပြောရမယ်ဆိုရင် ဂမ္ဘီရ ဆရာများ ဗေဒင်ဆရာများက သူတို့အသုံးပြုတဲ့ ဗေဒင် အစီအမံတွေ အသူံးပြုပြီး တနည်းတစ်ဖုံ စီမံထားတယ်လို့ ထင်မိပါတယ် ။ မြန်မာ အက္ခရာ သူံးဆယ့်သူံးလူံး မှာအစဖြစ်တဲ့ "က " ကလည်းထူးထားသလို အဆုံးစာလုံးဖြစ်တဲ့ "အ " ကိုလည်း အသုံးပြုထားပြန်ပါတယ် ။
အပိုင်း(၂)တွင်ဆက်ရန်
ကျွန်တော့်ရဲ့ ပထမဆုံး ဝတ္တုတိုလေးကို ဆက်လက်အားပေးကြပါအုံး
ခင်ဗျာ.................
MSC -056
Author - Aumg Ko Oo( Henryba)
22/ 10/ 2017
ဆက်လက်ကြိုးစားရေးသားပါအုံးမည်....................
MSC No ထည့်ပေးပါ
ဟုတ်ကဲ့ပါဆြာ။
ဟုတ်ကဲ့ဆက်အားပေးပါ့မယ်
ကျေးဇူးပါခင်ဗျ။
Waiting Part 2
ဟုတ်ကဲ့အကို ရေးနေပါတယ် ။
မျှော်နေတယ်
ဟုတ်ကဲ့ ဆြာ။
Thank you for story
Thanks.