" မသွားပဲနှင့်ရောက် ၊ သွားလျှက်မရောက် "

in #myanmar7 years ago (edited)

ကျွန်တော်ငယ်ငယ်တုန်းက အဲ့ဒီရွာကလေးမှာ နေနေရင်း ဝါသ
နာအရ ဗေဒင်ပညာရပ်ကိုလေ့လာဆည်းပူးခဲ့ပါတယ် ။ ဒီလိုနေနေရင်းနဲ့ အခါကျွတ်လင်း သီတင်းကျွတ်အချိန်ခါ ရောက်လာတာမို့
ဘုရားကိုလည်းမရောက်ဖြစ်တာ ကြာပြီဖြစ်တဲ့အတွက် အောင်ဗောဓိ
စေတီတော်ကို သွားချင်စိတ်ပေါ်လာပါတယ် ။ ဒါကြောင်မို့ ညနေပိုင်း
တစ်ကိုယ်တည်း လမ်းလေးလျှောက်ရင်း ထွက်လာခဲ့ပါတယ် ။ သီတင်းကျွတ်လပြည့်ညဖြစ်တဲ့အတွက် လမ်းတစ်လျှောက်လုံးမှာ လူများသွားလာလှုပ်ရှားနေကြပါတယ် ။ တစ်ရွာမှ တစ်ရွာသို့ ဘုရားဖူးသွားသူများ ၊လူကြီးမိဘတွေကို ကန်တော့ဖို့ သွားကြသူများ ၊ ရွာဘုရားပွဲသို့သွားသူများနှင့် လမ်းမတစ်လျှောက်လုံးမှာ လူပြတ်သည်ဆို၍ မရှိပါ ။ ကျွန်တော်တို့ရွာနဲ့ အိမ်နီးချင်းရွာတွေ ဖြစ်ကြတဲ့ တယ်ပင်ဆိပ် ၊ ကမ်းနားကွင်း ၊ သရက်ချောင်း နှင့် လေးကျော် ရွာများမှ ရွာသူရွာသားများကလည်း ဆုတောင်းပြည့် အောင်ဗောဓိ ဘုရားကြီးကိုဖူးမြော်ရန် သွားလာနေကြတာတွေ့ရပါတယ် ။ ကျွန်တော့်လိုပဲ ခြေလျင်လမ်းလျှောက်သူများ ရှိသကဲ့သို့ နွားလှည်း များနဲ့သွားကြတဲ့သူတွေလည်းရှိပါတယ်။

ကျွန်တော်တို့ ဘဝသစ်ရွာရဲ့ တောင်ဘက်မှာ မြစ်ကနေခွဲထွက်စီးဆင်းနေတဲ့ ချောင်းငယ်ကလေးတစ်ခုရှိပါတယ် ။ အဲ့ဒီချောင်းငယ်လေးဟာ အမာမြို့နဲ့ ကျွန်တော်တို့ရဲ့ ဘဝသစ်ရွာငယ်လေးကို ပိုင်းခြားထားတဲ့ ခေါင်းငယ်လေးတစ်ခုဖြစ်ပါတယ် ။ အဲ့ဒီချောင်းငယ်လေးကိုကျော်လွန်ပြီးမှ အောင်ဗောဓိ စေတီတော်မြတ်ကြီးဆီကို ရောက်ရှိမှာ ဖြစ်ပါတယ်။အရင်တုန်းက ထိုချောင်းကလေးကိုကျော်ဖြတ်ဖို့ ဝါးတံတားလေးသာ ရှိပါတယ် ။ အခုနောက်ပိုင်း ရွာထဲမှ ရွာသူရွာသားများစုပေါင်းပြီး သစ်သားတံတားလေး ပြုလုပ်ထားတာကြောင့် အရင်ကထက် သွားရလာရ ပိုပြီးလွယ်ကူလှပါတယ် ။ စိတ်ထဲပေါ်ရာ ထွေရာလေးပါ တွေးရင်းကနေပြီး ထိုချောင်းကလေးအနီးကိုပင် ရောက်ရှိလာပါတယ် ။ ထိုခေါင်းကလေးကနေ စေတီတော်ကြီးကိုဆိုရင် အရမ်းကြီးတော့ မဝေးတော့ပါဘူး ။ ထိုတံတားခြေဆင်းမှာ လူတွေ ခေတ္တာနားနိုငိဖို့ ထိုင်ခုံလေးလည်း လုပ်ထားပါတယ် ။ဒါကြောင့် လမ်းလျှောက်လာ တာလည်းမောနေတော့ မောနေတော့ ခေတ္တခဏလောက်နားဖို့ စိတ်ကူးမိလိုက်ပါတယ် ။ ချောင်းရေစပ်ကိုဆင်းကာ ကျွန်တော့် ခြေ ထောက်များကို ရေဆေး၍ ခဏလောက် ထိုင်ရင်းအနားယူနေ လိုက်ပါတယ် ။

ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်လိုက်တော့ ကျွန်တော် နားနေတဲ့ ထိုင်ခုံတန်းလေး အကိုင်း၊ အခက် ၊ အရွက်များနဲ့ ဝေဆာနေတဲ့ ကုက္ကိုပင် ကြီးအောက်မှာ ဆောက်ထားတာပါ ။ ဘေးပတ်ပတ်လည်မှာ
တော့ လက်ပံပင် ၊ သရက်ပင် ၊ ယူကလစ်ပင် နှင့် မန်ကျီးပင်တွေ ပေါက်ရောက်လျှက်ရှိနေပါတာဖြစ်ပါတယ် ။ ကျွန်တော် ခေတ္တနား နေတဲ့ ခုံတန်းလေးအနီးရှိ ကုက္ကိုပင်ကြီး မှာ အခြားအပင်တွေနဲ့ မတူပဲ
ပင်စည်၍ မြေကြီးကနေ အပေါ်ကို ခြောက်ပေလောက်အထိ ဂလှိုင်ကြီးတစ်ခုရှိနေပါတယ် ။ အရင်တုန်းက ဒီလမ်းတွေ ကနေဖြတ်သွား ၊ ခုံတန်းလေးမှာ နားဖြစ်ပေမယ့် ပတ်ဝန်းကျင်ကို သေချာ မကြည့်ခဲ့မိ
ပါဘူး ။ ကျွန်တော်လည်း စိတ်ဝင်စားသွားပြီး သိချင်စိတ်တွေဖြစ်ပေါ်
လတယ် ။ ပြီးတော့ ထိုလှိုင်ခေါင်းဖြစ်နေတဲ့ ကုက္ကိုပင်ကိုကြည့်ပြီး
အမျိုးမျိုး တွေးနေမိတယ် ။ အဲ့ဒီလိုတွေးနေစဉ်မှာပဲ ကျွန်တော့်ရဲ့အနားသို့ ဆံပင်ရှည်ရှည် ၊ အသားဖြူပြီး ၊ အလွန်ချောမောလှပ ပြေပြစ်တဲ့ မိန်းကလေး တစ်ဦးလမ်းလျှောက်လာပြီး ကျွန်တော့်ကို " အစ်ကို...ဒီသစ်ပင်မှာ သရဲရှိတယ်ဆိုတာ ဟုတ်လား" လို့မေးပါတယ်။ ကျွန်တော်ကလည်း " ညီမကို ဒီသစ်ပင်ကြီးမှာ သရဲရှိတယ်ဆိုတာ ဘယ်သူပြောလဲ " လို့ပြန်မေးတဲ့အခါ ထုမိန်းကလေးက " ကျွန်မရဲ့ အဖေဟာ .....ညတစ်ညမှာ အမာကနေ အပြန် ဒီသစ်ပင်ကြီးအောက်မှာ ခဏဝင်ပြီးနားတယ် ..... အဲ့ဒီအချိန်မှာ ခုမြင်နေရတဲ့ ဂလှိုင်ခေါင်းကနေ အဘိုကြီးတစ်ယောက် ထွက်လာပြီး အဖေ့ကို စကားတွေပြောတယ်......မင်းအခုဘာတွေလုပ်နေတာလဲ ? လို့မေးတယ် ။ အဲ့ဒီ အခါ အဖေက သချိင်္ုင်းကုန်းမှာ သုဘရာဇာလုပ်တယ်လို့ ပြန်ဖြေလိုက်တယ် ။ "

FB_IMG_1508815395501.jpg

အဲ့ဒီအခါ အဘိုးကြီးက " သုဘရာဇာဆိုတာ သေတဲ့လူရှိမှ စားဝတ်နေအေဆင်ပြေတာလား ....? " လို့ပြန်မေးတယ် ။ အဘိုးကြီးက အဲ့ဒီလိုမေးတော့ ညီမရဲ့အဖေက ဘယ်လို ပြန်ဖြေလဲ ဟု ကျွန်တော့်ရဲ့စိတ်ဝင်စားမှုတွေကို မထိန်းသိမ်းနိုင်ပဲ ညီမသိသလောက် အကုန်လုံးသာ ပြောပြပါလို့ ပြောလိုက်ပါတယ် ။ ထိုအခါ မိန်းကလေးက " လူတွေကအရမ်းတရားကျဖို့ ကောင်းတာပဲ အသုဘရှိရင် တွင်းတူးခိုင်းတယ် ...၊ စားဖို့သောက်ဖို့ အရက်အမြည်းလေးဝယ်လာကြတယ် ... ၊ အသုဘဆိုတာနေ့တိုင်း မရှိနုင်ဘူးလေ ဒါကြောင့် အသုဘရှိတဲ့နေ့မှာ သေသူရဲ့ပါးစပ်ထဲ ပါလာတဲ့ ငွေတစ်မတ်ကို စုထားရတယ် ။ အသုဘမရှိတဲ့နေ့တွေဆိုရင် သုံးရအောင် ၊ နေ့ဘို့ညစာ ရအောင်ပေါ့ ။ ကျွန်မအဖေရဲ့စကားကိုကြားတဲ့အခါ အဘိုးကြီးက တဟားဟား ရယ်ပြီး " ဒါဆိုမင်းအလုပ်က စားဝတ်နေရေးအဆင်ပြေချင်ရင် လူများများ နာရေးဖြစ်ပါစေလို ဆုတောင်းနေရတဲ့ အလုပ်ပေါ့..... ဟုတ်လား ? " လို့မေးတယ် ။ အဲ့ဒီအခါ ကျွန်မအဖေက " မတောင်းကောင်းတဲ့ ဆုတွေကို ကျုပ်မတောင်းပါဘူး ၊ ကျုပ်လုပ်တဲ့အလုပ်ကို မွန်မြတ်တယ်ထင်လို့ ကျုပ်ကိုယ်တိုင် ရွေးချယ်ခဲ့တာပဲ .... ၊ ကျုပ်လိုသူမျရှိရင် လူတွေ အခက်အခဲအနည်းနဲ့အများ ရှိသွားလိမ့်မယ် ..... ၊ အဲ့ဒီတော့ဗျာ လူပြည်ကနေထွက်ခွာသွားတော့မယ်ဆိုရင် အထွက်တံခါးဝမှာ ကျုပ်တို့လို သုဘရာဇာတွေရှိတယ် ။ အဘိုးတို့ မိသားစုမှာ တစ်ဦးဦးနာရေးဖြစ်ရင် ဘာမှမပူပါနဲ့ ကျုပ်ကိုပြောပါ ..... ကျုပ်ကူညီပေးပါ့မယ် ....။ "

ထိုအခါ အဘိုးကြီးက " ငါ့ရဲ့မွေးချင်း အသိုင်းအဝိုင်းက လူ့ပြည်မှာ မရှိကြတော့ဘူး..... ၊ ငါတစ်ယောက်ဟာ နောက်ဆုံးပဲ.... ဘာမှမပူနဲ့ မင်းသေတဲ့နေ့ရောက်ရင် ငါတာဝန်ယူပါမယ် .... " လို့ ကျွန်မအဖေကိုပြန်ပြောတယ် ။ ကျွန်တော့်ကို လူတွေက အဘိုးပြောသလိုပဲ"သချိင်္ုင်းကုန်းနဲ့နီးနေပြီ..... မကြာခင် သေတော့မယ်ဆိုတာ လူတွေရဲ့လက်သုံးစကားပဲ.... အဲ့ဒီလူတွေသာ သေလမ်းကို မသွားချင်လည်း သွားနေရတာကျုပ်ကတော့ဗျာ.... သွားနေရက်နဲ့ မရောက့ဘူးဖြစ်နေတယ် ။ ဆရာတော်ကြီးတွေ ဟောတဲ့တရားလိုပဲ.... မသွားပဲနဲ့ရောက်တာက သုသာန် ....... သွားရက်နဲ့မရောက်သေးတာက နိဗ္ဗာန်...... ဆိုသလိုပဲ....... အဘိုးလည်း မသွားပဲနဲ့ ရောက်နေအုံးမယ်..... " လို့အဖေကပြောလိုက်တဲ့အခါ....... အဘိုးကြီးက " ငါ့ကိုမင်းကဘာထင်လို့လဲ ငါကနှစ်ခါသေတဲ့ သတ္တဝါမဟုတ်ဘူးကွ ၊ ငါသေတုန်းက ငါ့ရဲ့ခေါင်းပေါင်းထဲမှာ ထည့်ထားတဲ့ ဓာတ်လုံးကို မင်းယူထားတာမှတ်မိရဲ့လားလို့ မေးလိုက်ပါတယ်.........
ထိုအခါ.....ကျွန်မအဖေက................................
ကျွန်တော်လည်း အလွန်စိတ်ဝင်စားစွာနဲ့ နားစိုက်ထောင်နေမိပါတယ်

FB_IMG_1508815422108.jpg

အပိုင်း (၃) ဇာတ်သိမ်းပိုင်းမှာဆက်လက်အားပေးပါအုံးချင်ဗျာ

MSC- 056

Author - Aung Ko Oo
( @henryba)

24 / 10 / 2017

ကျွန်တော့်ရဲ့ ပထမဆုံး ဝတ္တုတိုလေးကို ဆက်လက်အားပေးကြပါအုံး
ခင်ဗျာ............

ဆက်လက်ကြိုးစားရေးသားပါအုံးမယ်ခင်ဗျာ........

Sort:  

အားပေးနေတယ်ချစ်ညီရေ

ကျေးဇူးအကို။

အင်္ဂုလိမာလ​ပြေးတာလို ​ပေါ့ 😃😃

😬😬😬

Good Article

ဆက်လက်အားပေးပါ့မယ်

ကျေးဇူးပါခင်ဗျ။😊