ခြောက်ပေတွင်း
ပုံပြင် လေးတစ်ပုဒ်ပြောပြမယ်နော်....
တစ်ခါက လယ်ယာတွေကို အများကြီး ပိုင်ဆိုင်တဲ့ သူဌေးကြီးတစ်ဦးရှိပါသတဲ့။ အဲ့ဒီ သူဌေးကြီးဆီမှာလည်း အလွန်စိတ်ချယုံကြည်ရတဲ့ အလုပ်သမားတစ်ဦးလည်းရှိပါသတဲ့။ တစ်နေတော့ သူဌေးကြီးက သူရဲ့ 
အလုပ်သမားလေးကိုခေါ်လိုက်တယ်။ သူဌေးကြီးက ပြောတယ် မင်းဟာ ငါယုံကြည်စိတ်ချရတဲ့ အလုပ်သမားတစ်ယောက်လည်းဖြစ်တယ်
မင်းက ငါ့ဆီမှာလည်းအလုပ်တာဖြင့်လည်း ကြာပြီ။ဒါ့ကြောင့်မင်းကိုကျေးဇူးပြန်ပြုချင်တယ်။ ငါ့မှာ လယ်ဧက များစွာရှိတယ။် အဲ့ဒါ မင်းအခုပြောနေတဲ့နေရာကနေစပြီး မင်းပြေးနှိင်သလောက်ယူ လို့ပြောလိုက်ပါတယ်။ အဲ့ဒါ နဲ့ အလုပ်သမားလေးလည်း လယ်ယာမြေတွေတွေ သူပြေးနှိင်သလောက်ရမယ်ဆိုတော့ပြေးတာပေါ့။ တော်တော် လှမ်းတော့သူ့ သူဌေးကို လှည့်ကြည့်လိုက် နဲပါသေးတယ်ဆိုပြီးဆက်ပြေးလိုက်။ နော်ထပ် တော်တော်လေး ဝေးတော့ ပြန်လှည့်ကြည့်လိုက် နဲပါသေးတယ်ဆိုပြီးဆက်ပြေးလိုက်နဲ့ နောက်ဆုံး နဲပါသေးတယ်ဆိုပြီးပြေးနေရင်းနဲ့ အမောဆို့ပြီးသေသွားခဲ့ပါတယ်။
လောဘကို အတောမသတ်နှိင်တဲ့ အလုပ်သမားလေ သေပွဲဝင်သွားခဲ့ရပြီ။ စိတ်မကောင်းစရာပါ။
နောက် သူဌေးကြီးကကြာတော့ ငါ့အလုပ်သမားလေးလည်း ပြေးလိုက်တာ ကြာပေါ့။ ကြာလိုက်တာ ဘယ်လိုဖြစ်နေပါလိမ့် ။ဒါနဲ့ သူဌေးကြီးက လိုက်ကြည့်တယ် ။ အော် တွေ့ပြီ။ သူပြေးရင်းနဲ့ သေ သွားတာပဲ။ ငါဖြင့်စိတ်မကောင်လိုက်တာ။ ငါက မင်းကိုရပါစေ လယ်မြေတွေပိုင်ဆိုင်ပါစေဆိုပြီးပေးတာ ။ မင်းက အခုတော့ ခြောက်ပေတွင်းလောက်ပဲတန်တာကိုး ဆိုပြီး သူဌေးကြီးက အဲ့နေရာမှာပဲ တွင်းတူးပြီးမြုပ်ပေးခဲ့ပါတယ်။
လောကကြီးမှာ ရုပ်ဝတ္ထု အစိတ်အပိုင်းတွေက အကန့် အသတ်နဲ့ရရှိနှိင်ကြပေမယ့် လူတွေရဲ့လောဘဟာ အတောမသတ်နှိင်ကြပါ။
ရှိတာလေးနဲ့ တင်းတိမ်ရောင့်ရဲ နေမယ်ဆိုတာ ရှားပါးပါတယ်။
...မိတ်ဆွေ သူငယ်ချင်း အားလုံး လည်း မကောင်းသော လောဘတွေ ကင်းဝေးကြပါစေ။...
Good
good
good
Good
Good
Good