ဇွဲကပင်တောင် ခရီးစဉ်
အမှတ်တရတွေထဲကအမှတ်တရ...
ခရီးစဉ်လေးရေးပါရစေ
ဒီလိုနေရာတွေကိုများသွားဖြစ်ခဲ့ရင်...ခတ်ခတ်ခဲမရှိရအောင် အဆင်မပြေတာတွေရော အဆင်ပြေတာတွေရောရေးမယ်နော်
အခုသွားခဲ့တာတော့..ဇွဲကပင်တောင်ပါ.....အလေ့အကျင့်မရှိသူတွေဖို့တော့ ခတ်ခဲစေနိင်တယ် လမ်းရှောက်တဲ့အကျင့်ရှိတဲ့သူအဖို့တော့အဆင်ပြေမှာပါ........
ကရင်ပြည်နယ် ဇွဲကပင်တောင်ပါ.......အရမ်းကိုလှပတဲ့တောင်ပါ...
တောင်ပေါ်မှာ ဘုန်းကြီးကျောင်း ဘုရားတွေလည်းရှိပါတယ်..
စတက်ခါစတော့ အရမ်းမောလွန်းပါတယ် တောင်ဆင်းတောင်တက်တွေအရမ်းပေါတယ်
ချစ်သူစုံတွဲတွေအဖို့ ဒီတောင်ကိုအတူတူတက်ရင် ရတက်ကြတယ်တဲ့
တောင်တက်လို့ မောလာရင်သောက်ဖို့ရေကိုယူကြမှာပါ..လောဘကြီးစွာအများကြီးမယူနဲ့နော်..မုန့်တွေအများကြီးသည်ကြမှာပါ..
အဲ့တာတွေက အရမ်းလေးတယ် ကြာလာတော့မသယ်နိင်တော့ဘူး
အသွားအတွက်ပဲ လုံလုံလောက်လောက်ယူပါ
တောင်ပေါ်မှာ သက်သက်လွတ်ထမင်းစားလို့ရတယ် ကွေ့သယိုစားလို့ရတယ်...လမ်းတစ်လျှောက်နားနားပြီးသွား ဇွဲရှိရှိတက်ရင် ဇွဲကပင်တောင်ရောက်ကိုရောက်ရမယ်စိတ်ရှိရင် အားဖြစ်စေတယ်
ပေါ့ပေါ့ပါးအဝတ်အစားဝတ် ဖြစ်နိင်ရင် အားကစားဘောင်းဘီဝတ်ပါ ကျောပိုးအိတ်..လက်အိတ်လည်းဝတ်စေချင်တယ် လေးဘက်ထောက်တက်ရတဲ့နေရာတွေရှိလို့ပါ အားကစားဘောင်းဘီဒူးအောက်ဆိုပိုကောင်းမယ် တောင်ခြေကဘုရားကို ဒူးအောက်နဲ့တက်လို့မရလို့ပါ ဒူးအောက်ဝတ်ချင်ရင် ဘုရားကျော်မှဝတ်လို့ရပါတယ်
လမ်းတစ်ရှောက်ကူညီမယ့်သူတွေအများကြီးပါ ကြောက်ဖို့မကောင်းပါဘူး...ဖိနပ်ကိုလည်း အားကစားဖိနပ် ကင်းဘက်လိုဖိနပ်ဆိုပိုကောင်းသေး....အပေါ်ရောက်သွားရင်တော့ မောတာတွေတောင်ပြောက်သွားမှာပါ....
ကောင်းပါတယ် ကြိုးစားပါ
please follow and mute me
Congratulations @hsupanwin! You received a personal award!
Click here to view your Board
Vote for @Steemitboard as a witness and get one more award and increased upvotes!
Congratulations @hsupanwin! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Do not miss the last post from @steemitboard:
Vote for @Steemitboard as a witness to get one more award and increased upvotes!