စာဖတ္အားေလ်ာ့လာၾကေသာျမန္မာလူငယ္မ်ား

in #myanmar7 years ago (edited)

စာမဖတ္ၾကေသာ ျမန္မာမ်ား
ΞΞΞΞΞΞΞΞΞΞΞΞΞΞΞΞΞΞΞ

အေနာက္ႏိုင္ငံေတြက
Facebook ကို တီထြင္ေပးလိုက္တယ္
ဖုန္းဆိုတာကို တီထြင္ေပးလိုက္တယ္…

ဒါေပမဲ့ သူတို႔ဆီမွာ ဒီေန႔အထိ
စာအုပ္ဆိုင္ေတြ ေရာင္းေကာင္းတုန္းပဲ
စာအုပ္စာေပကို ဖတ္ေကာင္းတုန္းပဲ
စာအုပ္တိုက္ေတြ အလုပ္ျဖစ္တုန္းပဲ
စာေရးဆရာေတြ ေအာင္ျမင္တုန္းပဲ…

ျမန္မာႏိုင္ငံမွာေတာ့
စာအုပ္ဆိုင္ဆိုတာ…
အၿငိမ္းစားနဲ႔ ႏိုင္ငံျခားသားေတြပဲ လာၾကတယ္၊
စာၾကည့္တိုက္ဆိုတာ…
သရဲေျခာက္မွာေတာင္ ေၾကာက္ရတယ္၊
ရပ္ကြက္ထဲက စာအုပ္အငွားဆိုင္ေလးေတြ
ၾကက္ေပ်ာက္ ငွက္ေပ်ာက္ ျဖစ္ကုန္တယ္။
အလုပ္မျဖစ္ေတာ့
အလုပ္ျဖစ္တဲ႔ စီးပြားေျပာင္းရတယ္။
အခု အမ်ားဆုံး ဆိုင္ေတြဟာ
ဟန္းဆက္နဲ႔ ဟန္းဆက္ျပဳျပင္ေရးဆိုင္ေတြပဲ။
စာေပထုတ္ေဝေရးေတြ တြက္ေျခမကိုက္လို႔
ပိတ္သိမ္းကုန္ၾကတယ္။
စာေရးဆရာေတြမွာ နာမည္သာရွိတယ္၊
ခ်မ္းသာဖို႔ေဝးစြ ေခ်ာင္လည္ဖို႔ေတာင္ အႏိုင္ႏိုင္…

စကားမစပ္ ဟုိတေန႔က မိမိထုတ္ေဝထားေသာ စာအုပ္
မည္မွ် ေရာင္းထြက္သလဲ သြားေမးၾကည့္ရာ
“သုံးႏွစ္ျပည့္ေတာ့မယ္ အုပ္ေရ ငါးရာ
ခန္႔ပင္ ေကာင္းေကာင္း ေရာင္းမထြက္ဘူး”
မိမိကေတာ့ facebook မွာ နာမည္ရတာနဲ႔
ထုတ္ေဝၾကည့္တာပါ။

တခ်ိဳ႕ေသာ လူငယ္ဆိုသူေတြကို ၾကည့္လိုက္ပါ၊
တစ္ေန႔တစ္ေန႔ ဖုန္းကို လက္ညႇိဳးနဲ႔ ပြတ္လိုက္
လက္မနဲ႔ ဖိလိုက္၊ ပြတ္ဆြဲလိုက္၊ ႏွိပ္ထည့္လိုက္။
ဒါက ဘယ္အထိ မွတ္လဲ?

အလုပ္ထဲမွာလည္း ဒါပဲ…
စာသင္ခန္းထဲလည္း ဒါပဲ…
ဘတ္စ္ကားေပၚလည္း ဒါပဲ…
အိပ္ယာေပၚလည္း ဒါပဲ…
အိမ္သာထဲမွာလည္း ဒါပဲ…
မိုးလင္းလည္း ဒါပဲ… မိုးခ်ဳပ္လည္း ဒါပဲ…
လမ္းသြားရင္းလည္းဒါပဲ---
ရထားေပၚမွာလည္း ဒါပဲ

အဆိုးဆုံးက
မိတ္ေဆြေတြ ေဆြမ်ိဳးေတြ
လုပ္ေဖာ္ကုိင္ဖက္ေတြ ေဝးကြာေနရာကေန
ေခတၱျပန္ဆုံခြင့္ရခ်ိန္မွာေတာင္
စကားေဖာင္ဖြဲ႕ မေျပာအားဘူး၊
မေျပာျဖစ္ဘူး၊ ပြတ္ေနတာပဲ။

အတိုင္းအဆ မရွိ
သတ္မွတ္ခ်က္ မရွိ
ကန္႔သတ္ခ်က္ မရွိ
ဒါပဲ လုပ္ေနၾကေတာ့တာ...

ဒါႀကီးၾကည့္ၿပီး ျပံဳးလိုက္
ဒါႀကီးၾကည့္ၿပီး ရယ္လိုက္
မဲ့လိုက္၊ ဆဲလိုက္…
ဟင္ကနဲ ျဖစ္သြားလိုက္
ဟာကနဲ ျဖစ္သြားလိုက္
ဘုရားတလိုက္ နဖူး႐ိုက္လိုက္နဲ႔...

online သံုးၿပီး စာဖတ္တယ္၊
အက်ိဳးရွိတာ ေလ့လာတယ္ဆိုသူေတြက
ေတာ္ေတာ့ကို ရွားလာပါတယ္...

မနက္က ၾကည့္ရတဲ့ ဗီဒီယိုေလးအေၾကာင္းကုိ
သြားသတိရမိတယ္။ အင္တာဗ်ဴးခံရတာတဲ႔။
အူေၾကာင္ေၾကာင္နဲ႔ ဘာမွ မသိၾကဘူး။
ဘယ္သိမလဲ စာမွ မဖတ္ၾကေတာ့တာ။

ျမန္မာသကၠရာဇ္ မသိ
ျမန္မာ ဒုသမၼတ မသိ
ျမန္မာ့လူဦးေရ မသိ
ဒီေလာက္ အေျခခံေတာင္ မသိမွေတာ့
ေသခ်ာတယ္…

သိပၸံေမာင္ဝ မသိ
မင္းသုဝဏ္ မသိ
ေရႊဥေဒါင္း မသိ
တကၠသိုလ္ဘုန္းႏိုင္ မသိ
ျမသန္းတင့္ မသိ
ေဇာ္ဂ်ီ မသိ
ခ်စ္ဦးညိဳ မသိ
ေအာင္သင္း မသိ
ဦးေရႊေအာင္ မသိ
မင္းလူ မသိ
နီကိုရဲ မသိ
အီၾကာေကြး မသိ
ဆင္ျဖဴကၽြန္း ေအာင္သိန္း မသိ...

အေမရိကန္ျပည္တြင္းစစ္ မသိ
စစ္ေအးတိုက္ပြဲ မသိ
အာရပ္ေႏြဦး မသိ
ပင္လယ္ေကြ႕စစ္ပြဲ မသိ
ကိုရီးယားကၽြန္းဆြယ္စစ္ပြဲ မသိ
အာရပ္-အစၥေရး စစ္ပြဲ မသိ…
အေရွ႕အလယ္ပိုင္း ပဋိပကၡ မသိ
ေဂ်႐ုဆလင္ မသိ…

ငါးရာ့ငါးဆယ္ မသိ
သံုးဆယ့္ရွစ္ျဖာ မသိ
မဟာဗုဒၶဝင္ မသိ
ဇာတ္ႀကီးဆယ္ဘြဲ႕ မသိ…
ကထိန္အေၾကာင္း မသိ

ASEAN မသိ
UNDP မသိ
UNICEF မသိ
NATO မသိ
OPEC မသိ
G 20 မသိ
UNDP မသိ...

ဘယ္သိမလဲ… စာမွမဖတ္ၾကေတာ့တာ…
ေျပာျပန္ရင္လည္း ေျပာတဲ့သူ အလြန္
ဉာဏ္ပညာနဲ႔ ႏွလံုးသားစြမ္းရည္ဆိုတာ
တကၠသိုလ္တက္႐ံု ဘြဲ႕ရ႐ံု
တစ္ႏွစ္ တစ္တန္းေအာင္႐ံုနဲ႔ မရဘူးကြ၊
စာအုပ္စာေပပါ ဖတ္မွရတာ...

ဒါကုိ ထထႂကြားခ်င္ေသးတယ္။
က်ေတာ္က ဘာနဲ႔ ဘြ႕ဲရထားတာေတြ
က်မက ဘာနဲ႔ဘြဲ႕ယူထားတာေတြေပါ့ေလ…

ဘြဲ႕ရထားတဲ႔ သူတစ္ေယာက္က
ေရွ႕ကလည္း မျဖစ္
ေနာက္ကလည္း မျဖစ္
လက္တြဲေခၚလည္း အဆင္မေျပ။

မွတ္ထား…
မေန႔က ဘြဲ႕ရတယ္
ဒီေန႔ စာဆက္ၿပီး မေလ့လာရင္
စာေပဗဟုသုတ မရွာေဖြ မဖတ္႐ႈရင္
မနက္ျဖန္ကစၿပီး သင္ဟာ…
စာမတတ္သူပဲ ဆိုတာကုိေလ…

ဟိုဟာ ေမးလည္း မသိ
ဒီဟာ ေမးလည္း မသိဆိုမွေတာ့
ေသခ်ာတယ္…သူတို႔ဟာ
မွန္သလား မွားသလား မသိ
တရားသလား မတရားသလား မသိ
သာသလား နာသလား မသိ
ထူသလား ပါးသလား မသိ
ခ်ိဳသလား ခါးသလား မသိ
သင့္သလား မသင့္သလား မသိ
ေတာ္သလား ညံ့သလား မသိ
အဓိကလား သာမညလား မသိ
လုပ္သင့္သလား မလုပ္သင့္ဘူးလား မသိ
ေက်းဇူးရွင္လား ဘာလားလဲ မသိ
ေလးစားသင့္သူလား ဘာလားလဲ မသိ
ဘာဆိုဘာမွ မသိ…

အင္းးး…
ဒီေလာက္ေတာင္ မသိမွေတာ့
ဒီမိုး ဒီေလ ဒီလူေတြနဲ႔
ဒီခရီးကို ဘယ္လိုလုပ္ၿပီး ဆက္ၾကမလဲဆိုတာ
ကိုယ္ေတြလည္း မသိေတာ့ဘူး။

FB_IMG_1513948245318.jpg

စာမဖတ်ကြသော မြန်မာများ
ΞΞΞΞΞΞΞΞΞΞΞΞΞΞΞΞΞΞΞ

အနောက်နိုင်ငံတွေက
Facebook ကို တီထွင်ပေးလိုက်တယ်
ဖုန်းဆိုတာကို တီထွင်ပေးလိုက်တယ်…

ဒါပေမဲ့ သူတို့ဆီမှာ ဒီနေ့အထိ
စာအုပ်ဆိုင်တွေ ရောင်းကောင်းတုန်းပဲ
စာအုပ်စာပေကို ဖတ်ကောင်းတုန်းပဲ
စာအုပ်တိုက်တွေ အလုပ်ဖြစ်တုန်းပဲ
စာရေးဆရာတွေ အောင်မြင်တုန်းပဲ…

မြန်မာနိုင်ငံမှာတော့
စာအုပ်ဆိုင်ဆိုတာ…
အငြိမ်းစားနဲ့ နိုင်ငံခြားသားတွေပဲ လာကြတယ်၊
စာကြည့်တိုက်ဆိုတာ…
သရဲခြောက်မှာတောင် ကြောက်ရတယ်၊
ရပ်ကွက်ထဲက စာအုပ်အငှားဆိုင်လေးတွေ
ကြက်ပျောက် ငှက်ပျောက် ဖြစ်ကုန်တယ်။
အလုပ်မဖြစ်တော့
အလုပ်ဖြစ်တဲ့ စီးပွားပြောင်းရတယ်။
အခု အများဆုံး ဆိုင်တွေဟာ
ဟန်းဆက်နဲ့ ဟန်းဆက်ပြုပြင်ရေးဆိုင်တွေပဲ။
စာပေထုတ်ဝေရေးတွေ တွက်ခြေမကိုက်လို့
ပိတ်သိမ်းကုန်ကြတယ်။
စာရေးဆရာတွေမှာ နာမည်သာရှိတယ်၊
ချမ်းသာဖို့ဝေးစွ ချောင်လည်ဖို့တောင် အနိုင်နိုင်…

စကားမစပ် ဟိုတနေ့က မိမိထုတ်ဝေထားသော စာအုပ်
မည်မျှ ရောင်းထွက်သလဲ သွားမေးကြည့်ရာ
“သုံးနှစ်ပြည့်တော့မယ် အုပ်ရေ ငါးရာ
ခန့်ပင် ကောင်းကောင်း ရောင်းမထွက်ဘူး”
မိမိကတော့ facebook မှာ နာမည်ရတာနဲ့
ထုတ်ဝေကြည့်တာပါ။

တချို့သော လူငယ်ဆိုသူတွေကို ကြည့်လိုက်ပါ၊
တစ်နေ့တစ်နေ့ ဖုန်းကို လက်ညှိုးနဲ့ ပွတ်လိုက်
လက်မနဲ့ ဖိလိုက်၊ ပွတ်ဆွဲလိုက်၊ နှိပ်ထည့်လိုက်။
ဒါက ဘယ်အထိ မှတ်လဲ?

အလုပ်ထဲမှာလည်း ဒါပဲ…
စာသင်ခန်းထဲလည်း ဒါပဲ…
ဘတ်စ်ကားပေါ်လည်း ဒါပဲ…
အိပ်ယာပေါ်လည်း ဒါပဲ…
အိမ်သာထဲမှာလည်း ဒါပဲ…
မိုးလင်းလည်း ဒါပဲ… မိုးချုပ်လည်း ဒါပဲ…
လမ်းသွားရင်းလည်းဒါပဲ---
ရထားပေါ်မှာလည်း ဒါပဲ

အဆိုးဆုံးက
မိတ်ဆွေတွေ ဆွေမျိုးတွေ
လုပ်ဖော်ကိုင်ဖက်တွေ ဝေးကွာနေရာကနေ
ခေတ္တပြန်ဆုံခွင့်ရချိန်မှာတောင်
စကားဖောင်ဖွဲ့ မပြောအားဘူး၊
မပြောဖြစ်ဘူး၊ ပွတ်နေတာပဲ။

အတိုင်းအဆ မရှိ
သတ်မှတ်ချက် မရှိ
ကန့်သတ်ချက် မရှိ
ဒါပဲ လုပ်နေကြတော့တာ...

ဒါကြီးကြည့်ပြီး ပြုံးလိုက်
ဒါကြီးကြည့်ပြီး ရယ်လိုက်
မဲ့လိုက်၊ ဆဲလိုက်…
ဟင်ကနဲ ဖြစ်သွားလိုက်
ဟာကနဲ ဖြစ်သွားလိုက်
ဘုရားတလိုက် နဖူးရိုက်လိုက်နဲ့...

online သုံးပြီး စာဖတ်တယ်၊
အကျိုးရှိတာ လေ့လာတယ်ဆိုသူတွေက
တော်တော့ကို ရှားလာပါတယ်...

မနက်က ကြည့်ရတဲ့ ဗီဒီယိုလေးအကြောင်းကို
သွားသတိရမိတယ်။ အင်တာဗျူးခံရတာတဲ့။
အူကြောင်ကြောင်နဲ့ ဘာမှ မသိကြဘူး။
ဘယ်သိမလဲ စာမှ မဖတ်ကြတော့တာ။

မြန်မာသက္ကရာဇ် မသိ
မြန်မာ ဒုသမ္မတ မသိ
မြန်မာ့လူဦးရေ မသိ
ဒီလောက် အခြေခံတောင် မသိမှတော့
သေချာတယ်…

သိပ္ပံမောင်ဝ မသိ
မင်းသုဝဏ် မသိ
ရွှေဥဒေါင်း မသိ
တက္ကသိုလ်ဘုန်းနိုင် မသိ
မြသန်းတင့် မသိ
ဇော်ဂျီ မသိ
ချစ်ဦးညို မသိ
အောင်သင်း မသိ
ဦးရွှေအောင် မသိ
မင်းလူ မသိ
နီကိုရဲ မသိ
အီကြာကွေး မသိ
ဆင်ဖြူကျွန်း အောင်သိန်း မသိ...

အမေရိကန်ပြည်တွင်းစစ် မသိ
စစ်အေးတိုက်ပွဲ မသိ
အာရပ်နွေဦး မသိ
ပင်လယ်ကွေ့စစ်ပွဲ မသိ
ကိုရီးယားကျွန်းဆွယ်စစ်ပွဲ မသိ
အာရပ်-အစ္စရေး စစ်ပွဲ မသိ…
အရှေ့အလယ်ပိုင်း ပဋိပက္ခ မသိ
ဂျေရုဆလင် မသိ…

ငါးရာ့ငါးဆယ် မသိ
သုံးဆယ့်ရှစ်ဖြာ မသိ
မဟာဗုဒ္ဓဝင် မသိ
ဇာတ်ကြီးဆယ်ဘွဲ့ မသိ…
ကထိန်အကြောင်း မသိ

ASEAN မသိ
UNDP မသိ
UNICEF မသိ
NATO မသိ
OPEC မသိ
G 20 မသိ
UNDP မသိ...

ဘယ်သိမလဲ… စာမှမဖတ်ကြတော့တာ…
ပြောပြန်ရင်လည်း ပြောတဲ့သူ အလွန်
ဉာဏ်ပညာနဲ့ နှလုံးသားစွမ်းရည်ဆိုတာ
တက္ကသိုလ်တက်ရုံ ဘွဲ့ရရုံ
တစ်နှစ် တစ်တန်းအောင်ရုံနဲ့ မရဘူးကွ၊
စာအုပ်စာပေပါ ဖတ်မှရတာ...

ဒါကို ထထကြွားချင်သေးတယ်။
ကျတော်က ဘာနဲ့ ဘွ့ဲရထားတာတွေ
ကျမက ဘာနဲ့ဘွဲ့ယူထားတာတွေပေါ့လေ…

ဘွဲ့ရထားတဲ့ သူတစ်ယောက်က
ရှေ့ကလည်း မဖြစ်
နောက်ကလည်း မဖြစ်
လက်တွဲခေါ်လည်း အဆင်မပြေ။

မှတ်ထား…
မနေ့က ဘွဲ့ရတယ်
ဒီနေ့ စာဆက်ပြီး မလေ့လာရင်
စာပေဗဟုသုတ မရှာဖွေ မဖတ်ရှုရင်
မနက်ဖြန်ကစပြီး သင်ဟာ…
စာမတတ်သူပဲ ဆိုတာကိုလေ…

ဟိုဟာ မေးလည်း မသိ
ဒီဟာ မေးလည်း မသိဆိုမှတော့
သေချာတယ်…သူတို့ဟာ
မှန်သလား မှားသလား မသိ
တရားသလား မတရားသလား မသိ
သာသလား နာသလား မသိ
ထူသလား ပါးသလား မသိ
ချိုသလား ခါးသလား မသိ
သင့်သလား မသင့်သလား မသိ
တော်သလား ညံ့သလား မသိ
အဓိကလား သာမညလား မသိ
လုပ်သင့်သလား မလုပ်သင့်ဘူးလား မသိ
ကျေးဇူးရှင်လား ဘာလားလဲ မသိ
လေးစားသင့်သူလား ဘာလားလဲ မသိ
ဘာဆိုဘာမှ မသိ…

အင်းးး…
ဒီလောက်တောင် မသိမှတော့
ဒီမိုး ဒီလေ ဒီလူတွေနဲ့
ဒီခရီးကို ဘယ်လိုလုပ်ပြီး ဆက်ကြမလဲဆိုတာ
ကိုယ်တွေလည်း မသိတော့ဘူး။

Sort:  

Title စာလံု​ေပါင္​းမွာ​ေနတယ္​

😃😃😃 မွန္တယ္ စာဖတ္အားနည္းေတာ့ စာလည္းဘာေရးတင္ရမွန္းအသိေတာ့ဘူး

အဟုတ္ဘဲဗ်ိဳ႕ ခုေခတ္ကေလးေတြ ေဖ့ဘုတ္နဲ႕အခ်ိန္ကုန္ေနၾကတယ္

ဟုတ္​တယ္​​ဗ်ာ ကြၽန္​​ေတာ္​အပါအဝင္​😔

Congratulations @htetaung85! You received a personal award!

1 Year on Steemit

Click here to view your Board of Honor

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @htetaung85! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!