နတ်တို့ပျော်သည့် တပေါင်းရာသီ

in #myanmar5 years ago

image

လူသားတို့သည် ပျော်စရာရှိရင် ပျော်ကြသည်။
ငိုစရာရှိရင် ငိုကြသည်။ လွမ်းစရာရှိရင် လွမ်းကြသည်။ ခုန်ပေါက် ကခုန်ချင်စိတ်ရှိသည့်အခါ
ကလိုက်ကြသည်။ ထိုသို့ ကသည့်အခါ
တီးလုံးတီးကွက် အမျိုးအစားကို မူတည်၍
ကခုန်ကြသည်။

နိုင်ငံခြားမှတီးလုံးများက လူကို ဒိုးဒိုးဒန့်ဒန့်
ဖြစ်၍ ကစေချင်သလို။မြန်မာတီးလုံးဖြစ်သည့်
သင်္ကြန်တီးလုံးကလည်း မြန်မာလူမျိုးတို့အဖို့
ရိုးတိုး ရွတဖြစ်စေသည်။ သင်္ကြန်ဒိုးဟုလည်း
ခေါ်သည်။ နောက်တဖန် စိတ်ကို မြူးကြွစေသာ တီးလုံးတစ်မျိုးမှာ နတ်ဒိုးတီးလုံးဖြစ်သည်။
နတ်ဒိုးနှင့် သီချင်းသံကိုကြားလျှင် စိတ်အတွင်း
ခံးစားမှုတစ်ခုဖြစ်စေသည်ဟု ထင်သည်။

မကြာမှီ တပေါင်းလ‌ရာသီ ရောက်ချိန်နီးပြီမို့
‌နွေဦးလေရူးနှင့်အတူ နတ်ဆိုင်းသံတခြိမ့်ခြိမ့်
ကြားရပါမူ လွမ်းသလို ဟာသလို ရင်၌
တစ်မျိုးဖြစ်စေရသည်။ နတ်ဆိုသည်မှာ
လူတို့၏ မသိနားမလည်မှု၊ ကြောက်ရွံ့မှု၊
စိုးရိမ်မှုတို့ကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။

iv1a0g.jpg

ခင်မောင်သန်း(စိတ်ပညာ)ရေးသားထားသည့်
ရိုးရာနတ်ယုံကြည်မှုနှင့် ဓလေ့ထုံးစံများစာအုပ်တွင်
ဖော်ပြထားသည့် နတ်များမှ စိတ်ဝင်စားဖွယ်
ကောင်းသော ညောင်ချင်းအိုနတ်အကြောင်း
ရေသားပြချင်ပါသည်။ ညောင်ချင်းအိုနတ်သည်
ရောဂါ‌ဝေဒနာသည်များ ပါသသည့်နတ်များတွင်
ပါဝင်သည်။

ညောင်ချင်းအို ဆိုသည်မှာ ဗမာအမည်မဟုတ်
မွန်အမည်တစ်ခုဟု ထင်ကြသည်။ အနာကြီးရောဂါသည်တို့ အားထားပသသည့် နတ်ဖြစ်သည်။
နတ်ကွင်းနှင့် ပသသည်ကိုမတွေ့ရပေ။
နှစ်စဉ်ကျင်းပသောနတ်ပွဲလည်းမရှိ။ သူ့နေရာသည်
မီးဖိုခန်းမှာဖြစ်ကြောင်းသိရသည်။

သူ့နတ်အိုးမှာ အိုး၏အောက်ပိုင်းတွင်
ထုံးနှင့်ကြတ်ခြေခတ်ပြီး တင်ရသည်။
ညောင်ချင်းအိုနတ်သည် သထုံမြို့မှ မနုဟာမင်း၏
အဆက်အနွယ် မင်းသားတစ်ပါးဖြစ်သည်။
သထုံကို အနော်ရထာသိမ်းပိုက်ပြီး
မနုဟာမင်းနှင့်အတူ သူ့အား ပုဂံသို့ခေါ်ဆောင်
ခဲ့သည်။ ပုဂံတွင် အနာကြီးရောဂါဖြစ်ပွားပြီး
သေဆုံး၍နတ်ဖြစ်လာသည်။

@htwegyi
MSC.036

Sort:  

According to the Bible, Is the Bible final and complete? How does it support science? (Part 4 of 4)

(Sorry for sending this comment. We are not looking for our self profit, our intentions is to preach the words of God in any means possible.)



Comment what you understand of our Youtube Video to receive our full votes. We have 30,000 #SteemPower. It's our little way to Thank you, our beloved friend.
Check our Discord Chat
Join our Official Community: https://beta.steemit.com/trending/hive-182074

Yay!
Your post has been boosted with ESTM. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Thanks esteemapp

ပေါက်ပေါက်ရှာရှာ အနာကြီးရောဂါဖြစ် သေတာ နတ်ဖြစ်ရသလားဗျာ

ဒီလိုပဲ ပေါက်ပေါက်ရှာရှာ တင်ရတာပဲ။

ပျောက်ချက်အေ