ပေါက်နိုးနိုး မျှော်ကိုးရင်း

in #myanmar5 years ago

image

ယနေ့တော့ ရေးစရာအကြောင်းအရာများက
ပေါက်ကရများလှပေသည်။ ယမန်နေ့ညကအကြောင်း စရေးပြချင်ပါသည်။ ကျွန်တော်က
ဖုန်းဖြင့် တယ်လီနောအင်တာနက်သုံးသည်။
တယ်လီနောမှ ရှယ်ရှိတ်အစီအစဉ်တွင်ပါဝင်
ကံစမ်းထားရာ 50 G ပေါက်ထားသည်။
ထိုပေါက်ထားသည် အင်တာနက်ဖြင့်
နံနက်နှင့်နေ့လည်များတွင် အသုံးများသည်။
ညနေမိုးချုပ်အချိန်တွင် မျက်စိမကောင်း၍
အသုံးနည်းသည်။

သို့သော် steem ဈေးလေးက အတက်ဖက် ပြ
လာတော့ ညပိုင်းပါ ဖုန်းကိုကြည့်မိသည်။ အဲ့မှာ
တယ်လီနောနှင့် အဝိုင်းပြဿနာတက်ပါတော့
သည်။ esteemapp ကလည်း အဝိုင်းသာလည်
နေသည်။ ဘရောက်ဇာမှာလည် အဝိုင်းဆိုတော့
နည်းနည်း ပြာယာခက်သွားသည်။ steem
ဈေးတက်လို့များလားပေါ့၊ အမှန်က ကိုယ့်သုံးတဲ့
အော်ပရေတာကမကောင်းတာ။ အင်း
steem က ပြား20မို့သာ။ ဒေါ်လာ 20သာဆို
ရူးသွားမလား မှတ်ရပါ့။

atqoi4.jpg

နောက်တစ်ခု အကြောင်းအရာက esteemapp
ကပေးတဲ့ အဝိုင်းလှည့်ကံစမ်းတာပါ။ သူက
24 နာရီတစ်ကြိမ် တစ်ခါလှည့်ကံစမ်းရသည်။
ယခုအချိန်အထိ‌တော့ 10,20,30,45 esteemထိ
Esteem coin များမဲပေါက်သည်။ မည်သို့
ဖြစ်စေ esteemapp မှာ စာရေးပိုစ့်တင်သည့်
အတွက် esteem coinများ 6000နီးပါးစုမိသည်။

83ad78.jpg

ဒီကောင်လေးတွေကိုလည် ကိုဟိန်းက မိတ်ဆက်ပေး
ထားလို့ တစ်ရက်တစ်ခါတော့ တာဝန်ကျေစွာ
လှည့်နေဆဲပါ။ 3ပတ်တော့ရှိပါပြီး ဒီကောင်လေး
တွေကို လှည့်နေရတာ။ ကိုယ့်ရဲ့ ဝေါလက်က
ဘယ်နေရာမှာလဲဆိုတာ ဒီကောင်လေးတွေမှာ
ရှာမတွေ့သေးပါဘူး။

cize1c.jpg

နောက်ဆုံးပိတ် အကြောင်းအရာကတော့ Ballwallet အကြောင်းပဲဖြစ်ပါတယ်။
သူကတော့ ကံကောင်းရင် btc 0.1 ထိ ကံကောင်းနိုင်ပါတယ်။ ကျွန်တော်အခုထိ လှည့်နေတာတော့
10BTT နဲ့ 5BTT သာ ကံကောင်းပါသေးတယ်။
အခြားအရာတွေတော့ ခုထိမပေါက်သေးပါဘူး။
ပေါက်ရောပေါက်ရဲ့လား။ ပေါက်နိုင်ချေရောရှိလား
ဆိုတာ အဲ့ ဆော့ဝဲလ်ထုတ်လုပ်သူတွေကပဲ သိနိုင်မှာပါ။
ကျွန်တော်တော့ ဝတ္တရားမကင်းလို့
ပေါက်နိုးနိုး မျှော်ကိုးရင်း စက်ဝိုင်းတွေကိုဆက်ပြီး
လှည့်လိုက်ပါအုံးမယ်ဗျာ။

@htwegyi
MSC.036

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Thanks esteemapp.

အားနေတော့လည်း ကံအာကိုးပြီး လှည့်နေရတာပဲဗျို့

ဒါပေါ့လေ ရသလောက်ပ

Estm points ​တွေ ၆၀၀၀ ​တောင် စုမိတယ်ဆို​တော့ သူ​ဌေးပဲဗျို့ boost မလုပ်ဘူးလား ကျွန်​တော်က​တော့ သုံး​လေးရာ ရပြီဆိုတာနဲ့ ကိုယ် post ကို boost လုပ်လိုက်တာပဲ

စာတာရေးတာ အဲ့အပိုင်းတွေသိပ်မသိဘူးဗျာ

ကိုယ့် post ရဲ့ ညာဘက် အ​ပေါ်​ထောင့်မှာ အစက် ၃ စက်ရှိတယ်​လေ အဲဒါကို နှိပ်လိုက်ပြီး boost ဆိုတာ​လေးကို ​ရွေးလိုက် ကိုယ် သုံးချင်တဲ့ estm ပမာဏကို + ​လေးကို နှိပ်ပြီး ​ရွေး မူလက 150 estm ထား​ပေးထားတယ် ကျွန်​တော် estm 1300 အထိ သုံးဖူးတယ် အဲဒါ 3 steem နဲ့ ညီမျှတဲ့ vote 24 နာရီအတွင်း လာ​ပေးတယ် estm ​တွေ ကုန်မှာစိုးရင် သုံး​လေးရာ ​လောက်ပဲ စမ်းသုံးကြည့်​ပေါ့ သုံး​လေးရာ estm ဆိုရင်​တော့ 0.3 သို့မဟုတ် 0.4 steem ​လောက်တန်တဲ့ vote ရပါလိမ့်မယ် ပြီ​တော့ ၇ ရက်​ကျော်ရင် reward အ​နေနဲ့ ရပြီ​ပေါ့

ကျေးဇူးပါဗျာ ကွိုင်းတွေသာစုနေတာ အသုံးမပြုဘူးသေးဘူး

Post တင်ထားတာ 3 ရက် ​ကျော်​သွားတဲ့ post ​တွေကို​တော့ boost လုပ်လို့ မရပါဘူး အဲ​တော့ ​လော​လောလတ်လတ် တင်ထားတဲ့ post ရဲ့ ညာဘက် အ​ပေါ်​ထောင့်က အစက် 3 စက်ကို နှိပ်ရမှာပါ

ထပ်ပြီးကျေးဇူးတင်ပါတယ်ဗျာ

According to the Bible, In Matthew 17: 1-5, was Matthew in the mountain with Jesus?

(Sorry for sending this comment. We are not looking for our self profit, our intentions is to preach the words of God in any means possible.)



Comment what you understand of our Youtube Video to receive our full votes. We have 30,000 #SteemPower. It's our little way to Thank you, our beloved friend.
Check our Discord Chat
Join our Official Community: https://beta.steemit.com/trending/hive-182074