ဒေါသကိုထိန်းစေချင် …

in #myanmar6 years ago

သူတပါးအား ရန်လိုခြင်းဒေါသကိုထိန်းပါ ။

သူက ကိုယ့်ကိုဘယ်လိုလုပ်လို့ 
ကိုယ်ကလဲ သူ့ ကိုပြန်လုပ်မယ် …

ထိုအခါ သူကတဖန်ပြန်လည်ပြီး မကျေမနပ်တွေထပ်ဖြစ်ပြီး ထပ်ကလဲ့စားချေမယ် ……

သူထပ်ကလဲ့စားချေတာရော ပထမတခါက သူလုပ်ထားတာရောပါ ကိုယ်ကထပ်ပြီးမကျေနပ်နဲ့ ကလဲ့စားချေခြင်းဟာ ပြီးနိုင်မှာမဟုတ်ဘဲ လည်ပတ်နေတော့မှာပါ ။

1669804_S.png

crd org source

မကျေနပ်နေတဲ့အတွက် ဒေါသစိတ်က သူ့ ကိုကလဲ့စားမချေခင်မှာ ကိုယ်ကအရင် ဖြစ်ရပြီး ကိုယ့်အတွက် ဒေါသတွေပူပြီး မငြိမ်းချမ်းတော့ပါဘူး ။

ကလဲ့စားချေဘို့ အတွက် သူ့ အပြစ်နဲ့ သူ့ လစ်ဟာ ချွတ်ယွင်းချက်ကို စောင့်ကြည့်ရတာဟာလည်း ကိုယ့်အတွက် အချိန်ကုန်စေပါတယ် ။

ကိုယ့်အတွက် ကောင်းကျိုးတခုမှမပေးတဲ့ ကလဲ့စားချေခြင်းကို အချိန်ကုန်ခံပြီး လုပ်နေမယ့်အစား ကိုယ့်အတွက် အကျိုးရှိစေမယ့်အရာ တခုခုကို အစားထိုးလုပ်ကိုင်ကြည့်လိုက်ပါ ။

2912641_S.jpg

crd org source

သူပြောဆိုနေသမျှကို ကိုယ်က သတိမထား အရေးမစိုက်ဘဲနေလိုက်ပါ ။ ကိုယ်က ကလဲ့စားမချေ ခွန်းတုန့်မပြန်ဘဲ နေလိုက်ရင် ကိုယ့်အတွက် အကောင်းဆုံးဖြစ်ပြီး ကိုယ်က ရှောင်နေလိုက်တာဟာ အသင့်တော်ဆုံးပါဘဲ ။

ကိုယ်က မတုန့် ပြန့်တဲ့အတွက် နောက်ထပ်ဆိုသော ကလဲ့စာချေခြင်းသံသရာမှာ သူနဲ့ကိုယ်ဟာလည်း လည်ပတ်နေတော့မှာ မဟုတ်ပါဘူး ။

ရန်ကိုရန်ခြင်း မတုန့် နှင်းဘဲ
အရှုံးပေးလိုက်တာဟာ နှလုံးအေးသောနည်း ဖြစ်တာကြောင့် မိမိကိုယ်မိမိ ဒေါသကို ထိန်းသိမ်းဆင်ခြင်ကြပါလို့  တိုက်တွန်းလိုက်ပါတယ် ။

1926414_S.jpg

crd org source

@အယ်းမီး ( author )

Sort:  

အပြောလွယ်သလောက်မထိန်းပဲလွှတ်ထားကြတာ စိတ်ပါပဲဗျာ။ ဖြစ်ပြီးမှ နောင်တရကြတာပါပဲ။

မှန်ပါတယ်ဆရာ

You got a 1.60% upvote from @postpromoter courtesy of @ionlysay!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

ဟုတ်ကဲ့ တီတီ လိုက်နာနာအောင်ကြိုးစားပါ့မယ်😊

ဟုတ်ကဲ့ပါခင်ဗျာ။ဒေါသစိတ်ကြောင့် အမှားတွေအများကြီးလုပ်မိတဲ့ ဒေါသစိတ်ကို အမြဲသတိထားနိုင်ဖို့ တိုက်တွန်းပေးထားတာ ကောင်းလှပါတယ်။စိတ်ကိုအေးချမ်းစွာနဲ့ လက်တုန့်မပြန်ပဲ မေတ္တာထားတတ်ဖို့ လိုအပ်ပါတယ်လို့ မှတ်ယူလိုက်ပါမယ်ခင်ဗျာ။