မာန

in #myanmar6 years ago

မာနဟူသည် ……

လူတိုင်းလူတိုင်းမှာ မာနကိုယ်စီတော့ ရှိကြပါတယ် ။ ကိုယ့်အတွက် မာနထားရန် သင့်တော်သည် မတော်သည်ကို စဉ်းစားတတ်ရန်လည်း လိုအပ်ပါတယ် ။

  • တချို့က မိမိတတ်ကျွမ်းသော ပညာအပေါ်တွင် မာနထားရှိကြသည်

640314_S.jpg

crd org source

  • တချို့က မိမိကြွယ်ဝသော ပစ္စည်းဥစ္စာအတွက် မာနထားရှိကြသည်

  • တချို့က ပညာနဲ့ကြွယ်ဝမှုအတဃက် မာနထားရှိကြသည်

  • တချို့ကတော့ ပညာလည်းမတတ် ပစ္စည်းဥစ္စာလည်းမကြွယ်ဝဘဲ အလိုလိုကို မာနထားရှိကြသည်

ထိုအရာအားလုံးသည် မထားသင့်သောမာနများလို့  ကျမမြင်မိပါတယ် ။

မိမိတတ်သောပညာကို အသုံးချ၍ မိမိအကျိုးနှင့် အများအကျိုးကို ကူညီဆောင်ရွက်ခြင်း ။ မိမိတတ်ထားသောပညာကို မိမိလောက်မသိမတတ်သောသူများကို ပြန်လည်ဝေငှပေးခြင်းမျိုး လုပ်သင့်တာပါ ။

3290871_S.jpg

crd org source

မိမိဥစ္စာပစ္စည်းပေါများခြင်းကို အသုံးပြု၍ မိမိအလုပ်နှင့် အများအကျိုးကို အရင်းအနှီးပြုပြီး တိုးပွားလာစေရန် ရိုးသားစွာရှာဖွေခြင်း ။ ချို့တဲ့သူများကိုလှူဒါန်းပေးကမ်းခြင်းမျိုး ကုသိုလ်ဒါနပြုသင့်တာပါ ။

ပညာလည်းရှိ ဥစ္စာလည်းပေါသူများကလည်း ထိုနည်းတူစွာ မိမိအကျိုးစီးပွားရော ကုသိုလ်ဒါနအတွက်ရော လုပ်ကိုင်ကြိုးစားရှာဖွေသင့်တာပါ ။

ရှိတယ် ပြည့်စုံတယ်ဆိုပြီး သူတပါးကို မာနထားဆက်ဆံ၍ အနိုင်ကျင့် မတူမတန်သလိုဆက်ဆံပြောဆိုဘို့  မာနမထားသင့်ပါဘူး ။

2450090_S.jpg

crd org source

ထို့ ထက်ဆိုးတာက ဘာမှမရှိဘဲ မာနထားနေသူပါ ။ ဘာပညာမှမတန်သလို ဘာဥစ္စာမှမကြွယ်ဝဘဲ အများအကျိုးလည်း မဆောင်ရွက် ကိုယ့်အကျိုးကိုလည်းမရှာဖွေနှင့် ဘာမှမရှိတဲ့မာနထားနေကြခြင်းပါ ။

  • သူများပညာတွေတတ်သလို ကိုယ်လဲတတ်ရမယ်

  • သူများပစ္စည်းဥစ္စာကြွယ်ဝသလို ကိုယ်လဲကြွယ်ဝရမယ်

  • သူများတွေ ကောင်းကျိုးဒါနပြုနေသလို ကိုယ်လဲပြုနိုင်ရမယ် ဆိုတဲ့

ဒီလိုမာနမျိုးကို ထားသင့်တာပါ ။ ထားသင့်တဲ့မာနထား၍ အောင်မြင်စွာ လှမ်းလျှောက်နိုင်ပါစေ ။

2470557_S.jpg

crd org source

@အယ်းမီး ( author )

Sort:  

ဟုတ် တီတီ မှတ်ထားပါ့မယ်ရှင့်😊😊

အေးပါကွယ်
လိမ်မာတယ် သမီးကြည်

You got a 2.20% upvote from @postpromoter courtesy of @ionlysay!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!