မိဘဟူသည် …… ၂

in #myanmar6 years ago

2077517_S.jpg

crd org source

မိဘတိုင်းက သားသမီးတွေအပေါ်မှာ မခွဲခြားဘဲ တန်းတူချစ်ကြတာချည်းပါ ။

သားသမီးတို့ ရဲ့ တဦးနဲ့တဦး မတူကြတဲ့ အကျင့်စရိုက်အပေါ်မူတည်ပြီးမှ သမီးကြီးကို ဘယ်လိုဆုံးမရမယ် ။ သင်ပြရမယ် ။ သမီးငယ်ကိုတော့ ဘယ်လိုပြောပြမှ သူနားထောင်လက်ခံမယ် ။ သားလေးကိုတော့ ဘယ်လိုလမ်းညွှန်ရမယ်ဆိုတာကို ခွဲခြားဆိုဆုံးမတာမျိုးဘဲ ပြုကြတာပါ ။

ကိုယ့်မိဘတွေက မိဘစကားနားထောင်ပါလို့  ပြောခဲ့တဲ့စကားဟာ သူတို့ တွေ ဆုံးပါးသွားကြတဲ့နောက်ပိုင်း ကိုယ်လဲ ကိုယ့်အိမ်ထောင်နဲ့ကိုယ်ဖြစ်ပြီး ကိုယ့်သားသမီးတွေရလာတော့မှ ပိုပြီးအဖိုးတန်လာတာကို သိလာတယ် ။

3394510_S.jpg

crd org source

အင်မတန်လေးနက်တဲ့စကားပါ ။ သူတို့ ဟာ မိဘဖြစ်တဲ့အတွက် သူတို့ စကားကိုသာ လိမ်မာစွာနားထောင်ဘို့  မှာကြားခဲ့ခြင်းပါ ။ မိဘကို မသေခင်လုပ်ကျွေးပါဆိုတဲ့စကားကို သူတို့ ပြောမထွက်ကြဘူး ။ သားသမီးလုပ်ကိုင် ပင်ပန်းတာကို သူတို့ မကြည့်ရက် မစားရက်ကြဘူး ။ သူတို့ သာ လုပ်ကိုင်ပြီး ပင်ပန်းပါစေ ရှာဖွေကျွေးမွေးချင်ကြတဲ့ ဆန္ဒဆိုတာ သိလာခဲ့ရတယ် ။

ကျမကိုယ်တိုင်က ကျမမိဘတွေလိုဘဲ ကိုယ့်သားသမီးတွေကို မိဘစကားနားထောင်ပါ လို့ သာပြောနေရပြီး မိဘကို မသေခင်လုပ်ကျွေးပါဆိုတာကို မပြောဖြစ်ခဲ့ဘူး ။ ကျမလဲ ကျမမိဘများနည်းတူ သားသမီးတွေက ပင်ပန်းစွာလုပ်ကိုင်ပြီး ရှာဖွေနေတာကို မမြင်ရက် မစားရက်ဘူးလေ ။

2290421_S.png

crd org source

ကိုယ်မရှိတော့ရင် သူတို့ လေးတွေ ကိုယ့်ခြေထောက်ပေါ်မှာ ကိုယ်ရပ်တည်နိုင်ရန်အတွက်ကို အလုပ်လုပ်ခိုင်းနေရပေမယ့် ကိုယ်ကသာ ရှာဖွေကျွေးမွေးချင်တဲ့စိတ်ရှိခဲ့တာ ။

ကိုယ်ရှာလို့ ရသမျှသည် ကိုယ့်သားသမီးအတွက်အပြင် မိဘများကို တခါတရံ ပြုစုကန်တော့ချင်တဲ့ဆန္ဒဖြစ်မိခဲ့တယ် ။ အဲ့ဒီဆန္ဒဟာ မိဘများဆုံးပါးသွားခဲ့လို့ ဘယ်လိုမှပြည့်မှာမဟုတ်တဲ့ ဆန္ဒတခုဖြစ်တာကြောင့် မိဘများကို အသက်ရှင်နေစဉ်မှာ လုပ်ကျွေးပြုစုခဲ့ဘူးတာကိုဘဲ ပြန်လည်အောင်းမေ့ရုံမှတပါး ဘာမှမတတ်နိုင်ခဲ့ပါ ။

3405282_S.jpg

crd org source

ဒါကြောင့် ကျမသားသမီးတွေကို မိဘကို မသေခင်မှာ လုပ်ကျွေးပြုစုဘို့  မှာကြားပြီး မိဘမရှိတော့မှ မိဘကို လုပ်ကျွေးပြုစုချင်တဲ့ဆန္ဒအတွက် နောင်တမရလေအောင် ဆိုဆုံးမပါတော့တယ် ။

@အယ်းမီး ( author )

Sort:  

You got a 1.71% upvote from @postpromoter courtesy of @pyaesonekhinkhin!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

This post has received a 1.27 % upvote from @booster thanks to: @ionlysay.