မုံရွာအမှတ်တရ

in #myanmar6 years ago

သားမိနှစ်ယောက် မုံရွာသွားလည်ဖြစ်ကြတယ် ။ မိုးကတအိအိနဲ့စစ်ကိုင်းတိုင်းလည်း လမ်းရေကျော်တဲ့နေရာတွေခပ်များများပါဘဲ ။ နေပူလာလိုက် မိုးဖွဲဖွဲကျလိုက်နဲ့ ရာသီဥတုက မုန်တိုင်းရှိတယ်ကြေငြာထားတော့ အမြန်သွား အမြန်ပြန်ရတယ် ။

သားသားက ထုံးစံအတိုင်းသွားလေရာ စတီးမစ်ပိုစ့်အတွက် ဓာတ်ပုံရိုက်ဘို့  ဆော်သြနေတော့ ပတ်ဝန်းကျင်ရှု့ခင်းက မိုးရွာတော့အဆင်မပြေ ။ အိုက်တင်ကလဲထုတ်လိုက်တဲ့သားသားပါ ။ ဓာတ်ပုံရိုက်ခိုင်းတာ အများကြီး ။ စစ်ကိုင်းကဘုန်းဘုန်းကြီးဦးသုမနကားနဲ့ရိုက်အုံးမယ်ဆိုပြီး ရိုက်ခိုင်းသေးတာ ။

ဘုရားဖူးရင် မိုးအတိတ်ခနစောင့်ရင်း နေနဲနဲသာတာနဲ့ ဓာတ်ပုံရိုက်ပေးလိုက်မှ ပျော်သွားတယ် ။ ပိုစ့်ကိုပါ သူရေးမယ်တကဲကဲနဲ့လုပ်နေသေးတာ ။ လိမ်မာတဲ့သားလေးပါဘဲ ခုချိန်တော့ ။ ယောင်္ကျားလေးဆိုတော့လည်း ကြီးလာမှဘယ်လိုနေမယ်မသိ ။

received_456808398113152.jpeg

သမီးတွေဆိုတာက အချိန်တန်လို့ အိမ်ထောင်တွေကျကုန်ရင် ယောင်နောက်ဆံထုံးပါကြမှာကြောင့် သားသားကို အားကိုမိတဲ့စိတ်ကလေးတော့ ဖြစ်မိပါတယ် ။

စိတ်သာကူးရတာပါလေ ။ ခုခေတ်ကြီးကလဲ မိန်းမစကားနားထောင်တဲ့ခေတ်ကြီးဆိုတော့ သူလဲ ကျမအတွက် ဘယ်လိုချွေးမကို ရွေးလာမယ်မှမသိသေးတာ ။ လောလောဆယ်တော့ ကိုယ့်အားကိုယ်ကိုးပြီး ရှာထားစုထားရတာပါဘဲ ။

received_456808121446513.jpeg

ကျမသားသမီးတွေအတွက် အိမ်ထောင်ကျသည်အထိတွေးပူရလွန်းလို့  သွေးတက်တာလဲခနခနပေါ့ ။ မိဘဆိုတော့လည်း မပူဘဲမနေနိုင် ။ သားသမီးတွေကံကောင်းပါစေလို့ ဘဲ ဆုတောင်းပေးနေရတာပါဘဲ ။

@အယ်းမီး

Sort:  

Go here https://steemit.com/@a-a-a to get your post resteemed to over 72,000 followers.

သမီး မုံရွာမာပါ တီတီ နောက်ခါ လာရင်ကြိုပြောပါအုံး😊

အေးပါသမီးရေ တလတခါလောက်ရောက်ဖြစ်တယ်

မုံရွာကလား အဲဒီမှာ ပျော်စရာကောင်းတယ်ကြားဖူးတယ်။

ဟေ ငါ့မောင်က နောက်ပီ