Super Sunday … 2

in #myanmar6 years ago

Sunday နေ့တိုင်း သားငယ်လေးကို အပြင်တရက်အလည်ပို့ ဖြစ်ပါတယ် ။ မနေ့က ရွာက ကျမအမျိုးတွေလာလည်တော့ ဧည့်သည်တွေကို ထမင်းကျွေးဧည့်ခံနေရတာ မပို့ ရသလို ဖြစ်တော့ ညနေစောင်းမှာ သားငယ်လေးမျက်နှာက ကလေးဆိုတော့ မှုံသုံန်ပြနေပြီး စိတ်ကောက်နေတော့တာပေါ့ ။

ရွာကလူတွေကိုလည်း သူမလည်ရတော့ မျက်စောင်းလေးခဲပြီး ပြန်သေးဘူးလား ဆိုပြီးမေးနေတော့တာ ။ ရွာကအမျိုးတွေက သူ့ အကြောင်းသိတော့ မပြန်ဘူး ဒီည ဒီမှာအိပ်မှာဆိုပြီး စကြတယ် ။

received_447918829002109.jpeg

ရွာကအမျိုးတွေက မန်းလေးမှာ ယနေ့ခေတ်စားနေတဲ့ အိုးဝေ သုံးဘိမ်းကိုလာဝယ်လာကြတာပါ ။ လူကြိုက်များနေပြီး ဈေးအတော်အသင့်ကြောင့် အိုးဝေကလည်း ပိုက်ဆံချက်ချင်းပေးဝယ်တာကိုဘဲ တပတ်စောင့်ရမယ်တဲ့ ။ ဖြစ်ချင်တော့ အိုးဝေဆိုင်က ငွေစရံပေးပြီးအထွက်မှာ ကျမရုံးက အသိနဲ့တွေ့တာ အကျိုးအကြောင်းပြောပြမိတာ ကံကောင်းတယ်လို့ ဆိုရမယ် ။

ရွာကလူတွေက အိုးဝေကိုမှာတဲ့အရောင်က အဝါရောင်ဖြစ်ပြီး ရုံးကအသိက သူလာထုတ်တဲ့အိုးဝေက အဖြူရောင်ဖြစ်နေတယ် ။ အရေးကြီးလိုချင်ရင် သူအခုထုတ်မယ့်အဖြူကိုယူပါ အဝါကို သူတပတ်စောင့်ယူမယ်ပြောရင်း အဆင်ပြေသွားပါရော ။

ဒါနဲ့ဘဲ အိမ်ပြန်လာခဲ့တယ်ပေါ့ ။ သားငယ်လေးကို ညဈေးလိုက်ပို့ မယ်စိတ်ကူးပြီး ကျမလဲဘုရားပန်းဝယ်မယ်စိတ်ကူးလိုက်တာ ရွာအမျိုးတွေက သူတို့ လဲ အိုးဝေစမ်းမောင်းရင်း တခုခုစားပြီးမှပြန်မယ်ဆိုပြီး လိုက်လာကြပါရော ။

received_447919022335423.jpeg

သားငယ်လေးပျော်သွားပြီး အိုးဝေကို သူသဘောကျနေတော့ အိုးဝေစီးမယ်လုပ်တော့တာ ။ ရွာကလူ၃ဦးနဲ့ကျမတို့ သားအမိ၂ဆိုတော့ မဆန့် ဘူး ။ ဒါနဲ့ ဆိုင်ကယ်နဲ့ခွဲလိုက်ခဲ့ကြဆိုပြီး ကျမတို့ သားမိက အိုးဝေပေါ်တက်တော့တာပေါ့ ။

ညဈေးရောက်တော့ ဘုရားပန်းဝယ် သားငယ်လေးစားချင်တာကျွေးပြီး ပြန်လာဖြစ်တယ် ။ တလမ်းလုံး အိုးဝေစီးရတာပျော်နေတဲ့သားက အိမ်ရှေ့အရောက်မှာ အိုးဝေပေါ်ကမဆင်းဘဲ ဘာပြောလဲဆိုတော့ မာမီရေ မာမီရေ please take me photos for steemit post တဲ့ ။

received_447918855668773.jpeg

ကျမလဲသားလေးပြောမှသတိရပြီး ဟုတ်တယ်သားရေဆိုပြီး ဓာတ်ပုံရိုက်ရတော့တာပေါ့ ။ အလိုက်သိတဲ့သားငယ်လေးပါ ။ ဒီတပတ် စူပါဆန်းဒေးလဲ ပျော်စရာဖြစ်ခဲ့ရပါတယ် ။

@အယ်းမီး ( author )

Sort:  

အမွှေစိန်ကြောက်တာနဲ့ မနေ့က မလာလိုက်ရဘူး

ငင့်

ပျော်​စရာsundayဖြစ်​ခဲ့တယ်​​ပေါ့

အမှန်ပေါ့

TT ဘုတ် ဘုတ်😍😍😍😍

အေးအေး

You got a 1.50% upvote from @postpromoter courtesy of @ionlysay!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

သားသားနဲ့မေမေက အစပ်အဟပ် တည့်နေတာပဲ ပျော်စရာလည်းကောင်းမှာပဲနော်။

ဟုတ်တာပေါ့ကွယ်