ရွာကသယ်လာ ထန်းသီးစားစရာ

in #myanmar6 years ago

received_452177095242949.jpeg

မိုးအုံ့ အုံ့ မှာ ရွာကို ခနအလည်ပြန်လိုက်ပါသေးတယ် ။ ပြီးခဲ့တဲ့ ၂နှစ်က မိုးသီးဒဏ်ကြောင့် သံပုရာပင်တွေနဲ့သရက်ပင်တွေက အတော်အထိနာခဲ့ပြီး မနှစ်က အသီးမရခဲ့ပါဘူး ။

သံပုရာနဲ့ရှောက်ပင် အသစ်တွေထပ်စိုက်ရတဲ့ထိပါဘဲ ။ ဒီနှစ်တခါ အသီးတွေနဲ့ ပြန်ဝေလာလို့  စိတ်ချမ်းသာနေတုန်းရှိသေး မုန်တိုင်းသံကြားတော့ ကိုယ့်ရှိတဲ့အပင်လေးတွေကို စိတ်မချဖြစ်ရလို့  ရွာကိုပြေးကြည့်ရတော့တာပါ ။

received_452177215242937.jpeg

ဒီအပင်လေးတွေက မိသားစုအတွက် စားဝတ်နေရေး ထောက်ပံ့နေတော့လဲ ပျက်စီးမှာစိုးရိမ်မိတာပါ ။ သရက်သီးကတော့ မုန်းတိုင်းလွတ်တယ်ပြောရမှာပေါ့ ။ အသီးတွေလဲ ကုန်လုနီးနီးဖြစ်နေပါပြီ ။ သရက်ပင်ကို လာဝယ်တာ မရောင်းလိုက်မိတာ မှန်သွားတယ်ဆိုရမယ် ။ ဒီလမှ ခူးရောင်းတာ ပိုပြီးရတော့ ကျေနပ်မိတယ် ။

ကိုယ့်သံပုရာနဲ့ရှောက်ပင်ဘာမှမဖြစ်တာ တွေ့ရတော့ စိတ်အေးသွားတယ် ။ သားငယ်လေးက ခြံထဲက ထန်းသီးခူးခိုင်းပြီး အမတွေစားဘို့  သယ်လာခဲ့သေးတာ ။ ရွာရောက်အမှတ်တရပေါ့ ။

received_452193815241277.jpeg

ရွာလို့ ခေါ်နေပေမယ့် မန်းလေးနဲ့က သိပ်မဝေးလှပါ ။ မီးက ခုထိမရသေး မန်းလေးနဲ့နီးနေလို့ ဖြစ်မယ် ။ ခြံစောင့်တွေရဲ့ တဲထဲပြေးဝင်ပြီး သားငယ်လေးက တော့ဓလေ့ရေးပါလား မာမီဆိုပြီး မီးဖိုကို ဓာတ်ပုံရိုက်လာလို့  တောဓလေ့ ကိုယ့်ရွာအကြောင်း နောက်မှရေးတင်မယ်ဆိုပြီး သူရိုက်ထားတဲ့ မီးဖိုပုံကို အခုတင်ပေးမယ် နှစ်သိမ့်ပြီး တင်ပေးလိုက်ပါတယ် ။ တော့ဆိုတော့ တောအလိုက်သဘာဝပေါ့ ။

@အယ်းမီး ( author )

Sort:  

good news

အားပေးသွားတယ်အန်တီရေ :)

ကျေးဇူးသားရေ

ဒါနဲ့အူဝဲကအန်တီ့ကို MSC ထဲထည့်မပေးဘူးပေါ့

မွှေပြန်ပီ
MSC no. ရဘို့  တနှစ်လောက်စောင့်ရတာ နိသိလားဟမ်

နိစွာချင်တိုင်းစွာမရမှာကြောက်တိုင်းနာ 24 နာရီအတွင်းရအောင်တောင်းပြရမလား

ထန်းသီးက သမီးတို့ဖက်လဲ ပေါတယ် တီတီရေ😁😁သရက်သီးတွေ ဈေးကောင်းရလို့ ဝမ်းသာပါတယ်😊

You got a 2.19% upvote from @postpromoter courtesy of @ionlysay!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

အကြောင်းအရာတစ်ခုဟာ ကျောက်ရိုင်းတစ်တုံးလိုပါပဲ၊ ကျောက်သွေးဆရာကောင်း တစ်ယောက်လက်ထဲရောက်သွားရင် တန်ဖိုးပိုတက်လာပါတယ်၊ Steem မှာ စာရေးနေသူတွေဟာလည်း ကျောက်သွေးပညာလေ့လာနေသူတွေပါ၊ လက်ခစားသွေးဖို့ထက် တန်ဖိုးပိုတဲ့ကျောက်ထွက်ရေးကို ဦးစားပေးသွေးစေချင်ပါတယ်ဗျာ။