You are viewing a single comment's thread from:

RE: Steemit Platform ပေါ်တွင် post တင်ကြရာဝယ်( Henry Aung )

in #myanmar7 years ago

အထိမိဆုံး postပါ။ ဒီpost ဖတ်​ပြီး ကျွန်​တော်​ အ​တော်​ကို ​စိတ်​မ​ကောင်းဖြစ် ရပါတယ်​။ ကိုယ့်​ကိုယ်​ကို အပြစ်​မကင်းသလိုလည်း ခံစားရတယ်​။ ဒါ​ကြောင့်​ ဒီpost ​အောက်​မှာပဲ တခါတည်း ဝန်​ခံပါရ​စေ အကို​ရေ။ ကျွန်​​တော်​ တချိန်​က " promotion " ​​တွေ စတင်​​ပေးချိန်​က​ပေါ့။ အဲ့ဒီတုန်းက စလုပ်​ခါစမို့ စာ​ရေးရတာလည်း အဆင်​မ​ပြေဘူး။ ​ရေးစရာအ​ကြောင်းအရာလည်း မယ်​မယ်​ရရမရှိ။ စာ​ရေးရတာလည်း ဝါသနာမပါ။ စာလည်း သိပ်​မ​ရေးတတ် sbdလည်း လိုချင်​​။ အဲ့​တော့ ကျွန်​​တော်​လည်း အခု လူသစ်​​လေး​တွေ နည်းတူ facebook wiki ​ပေါ်မှ ​စာ​ပေဆောင်းပါး​တွေကို ဖြတ်​ညှပ်​ကပ်​လုပ်​ပြီိး promotion ​တွေကို လိမ်​လည်​ရယူခဲ့မိပါတယ်​။ အခုလို အကိုတို့်​ရဲ့ အနှစ်​နာခံမှု​တွေ ​စေတနာ​တွေကို နားလည်​ သိရှိလိုက်​ချိန်​မှာ ကျွန်​​တော်​ လုပ်​ရပ်​​တွေဟာ​ အကိုတို့ရဲ့ ​စေတနာကို ​စော်​ကားလိုက်​သလို ဖြစ်​သွားခဲ့ပါတယ်​။ ကျွန်​​တော့်​ လုပ်​ခဲ့တာ​တွေ ​အတွက်​လည်း ကိုယ့်​ကိုကိုယ်​ အရှက်​ရမိပါတယ်​။ ဒီလိုလုပ်​ခဲ့တဲ့အတွက်​လည်း အကိုဟင်နရီ​နှင့်​တကွ MSCAdminအားလုံးကိုလည်း အနူးအညွှတ်​​​တောင်းပန်​ပါတယ်​။ ​နားလည်းခွင့်​လွှတ်​​ပေးမယ်​လို့လည်း ​မျှော်​လင့်​မိပါတယ်​။ ​နောက်​​နောင်​ အဲ့ဒီလိုမလုပ်​​တော့ပါဘူး။ အခုလည်း ကိုယ်​တိုင်​​တွေး​တောကြံစပြီး ​ရေးသား​နေပါပြီ။ စာ​ရေးရတာလည်း အ​တော်​အဆင်​​ပြေလာပါပြီ။ ​ကျေးဇူးတင်​ပါတယ်​။

Sort:  

အမှားကို သိပြီး အမှန်ဘက်ကို ပြောင်းလည်းလာတာဟာ မင်္ဂလာ တစ်ပါးမို့ ခွင့်လွတ်ပါတယ်။ Steemit Platform ဟာကြိုးစားသူတိုင်းအတွက်ပါ။

ကျေးဇူးပါ အကိုကြီး

ညီ​လေး အမှန်​မြင်​လာလို့ ​ကျေးဇူး