Cryptocurrency နှင့် ၂၀၂၀ ( Henry Aung )

in #myanmar5 years ago

01.jpeg

မင်္ဂလာပါ။ အရှေ့အလယ်ပိုင်း ဒေသအတွက် ၂၀၂၀ ခုနှစ် အဖွင့်ကတော့ သိပ်ပြီး မလှပပါ။ အများ သိကြပြီး ဖြစ်သည့် အတိုင်း ကမ္ဘာ့ လူမိုက်ကြီး ဒေါ်နယ်ထရန့် မှ အီရန် စစ်ဦးစီးချုပ်အား လုပ်ကြံလိုက်ခြင်း ဖြင့် အရှေ့ အလယ်ပိုင်း ဒေသတွင် စစ်ပွဲကြီး တပွဲ ဆင်နွဲရန် တာစူနေကြပြီ ဖြစ်ပါသည်။

အီရန်ကလည်း တနည်း နည်း ဖြင့် လက်စားချေမည်သာ ဖြစ်ပါသည်။ အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန် စီးပွားရေးများအား ထိခိုက်စေမည်လော.... သို့မဟုတ် စစ်ပြင်ကြမည်လော။ ဤ ဆောင်းပါးမှာ တတိယ ကမ္ဘာစစ် သို့ ဦးတည် နိုင်သော အမေရိကန် အီရန် စစ်ပွဲအား ဖေါ်ပြပေးရန် မဟုတ်သော်လည်း ဤ ကဲ့သို့ စစ်ပွဲ ဂယက်ထမှုကြောင့် Cryptocurrency အား ရိုက်ခတ်လာနိုင်ခြေရှိသည့် အကြောင်းအရာများ အား ဖေါ်ပြပေးရန် ရည်ရွယ်ရင်း ဖြစ်ပါသည်။

လက်ရှိ အချိန်တွင် အီရန်ရှိ အမေရိကန်သံရုံးမှ အီရန်နိုင်ငံတွင် ရှိနေကြသော အမေရိကန် နိုင်ငံသားအားလုံး ကုန်းကြောင်း ၊ ရေကြောင်း ၊ လေကြောင်း များမမှတစ်ဆင့် အီရန် နိုင်ငံမှ အမြန်ဆုံး ထွက်ခွာသွားကြပါရန် ကြေညာချက် ထုတ်ထား ပြီး ဖြစ်ပါသည်။ ဤကြေညာချက်မှာ အမေရိကန် နိုင်ငံသားများ အတွက်သာ မဟုတ် အီရန် နိုင်ငံသား များ အတွက်လည်း စိတ်ပူစရာ အနေအထား ဖြစ်ပါသည်။

စစ်ဖြစ်လာလျင် တိုင်းပြည်ပျက်မည် ၊ လူအများ သေကြေကြမည် ၊ စီးပွား ဥစ္စာများ ဆုံးရှုံး ကြမည်သာ ဖြစ်ပါသည်။ အီရတ် စစ်ပွဲ ၊ ဆီးရီယား ISIS တို့၏ စစ်ပွဲများ ကြောင့် လူစည်ကားသော မြို့ပြများ မျက်စိတမှိတ် အတွင်း မြို့ပျက် အုတ်ပုံ ဘဝသို့ ရောက်ရှိသွားကြသည်မှာ ကျွန်တော်တို့ မျက်စိဖြင့် မျက်ဝါးထင်ထင် မြင်ကြရပြီး ဖြစ်ပါသည်။ အချိန်ရလျင် ဤ စိတ်ဝင်စားဖွယ်ကောင်းသော အရှေ့ အလယ်ပိုင်း စစ်ပွဲများ အကြောင်း ဖေါ်ပြပေးပါမည်။

01.jpg

Original Source

ယခုတော့ cryptocurrency အကြောင်း ဆက်ကြပါအုံး စို့ ။ အီရန်ရှိ အမေရိကန်သံရုံး ၏ ကြေညာချက် ထွက် ပေါ်လာပြီးနောက် အရှေ့ အလယ်ပိုင်း နှင့် အနောက်နိုင်ငံသား တို့ အများ ဆုံး Crypto Trading လုပ်ရာ နေရာ ဖြစ်သော TAGZ Exchange တွင် ၂၄ နာရီ BTC ဝယ်ရောင်း ၁.၇ ဘီလီယံ အထိ ရောက်ရှိသွားခဲ့ပါသည်။ ထို့ အပြင် လက်ရှိ အချိန်တွင် အီရန် နိုင်ငံတွင် Exchange site များ အသုံး မပြုပဲ ငွေသား P2P ဖြင့် BTC ဝယ်ရောင်း စျေးမှာ 1 BTC လျင် USD$ 24000 ကျော်တွင် စျေးပေါက်နေကြောင်း သိရပါသည်။

ဤသည်မှာ စစ်ပွဲ သတင်းကြောင့် ဖြစ်ပေါ်လာနေသော Cryptocurrency အနေအထား များ ဖြစ်ပါသည်။ ရေနံ နှင့် ရွှေ stocks စျေးကွက်များလည်း အတက်ဘက်သို့ ဦးတည်နေပါသည်။ယခင်က BTC အပါအဝင် အခြားသော cryptocurrency များအား စျေးကစားရာတွင် တရုတ်နှင့် ကိုရီယား တို့ ၏ အခြေအနေများကြည့်၍ စျေးကစားခဲ့ကြသော်လည်း ယနေ့ခေတ် အချိန်အခါသို့ ရောက်သော အခါ အနောက်နိုင်ငံတို့၏ စစ်ပွဲ အခြေအနေများကလည်း cryptocurrency အပေါ်ရိုက်ခတ်လာခဲ့ပြီ ဖြစ်ပါသည်။

ဒေါ်နယ်ထရန့် အာဏာရလာပြီးနောက် တရုတ်နှင့် စီးပွားရေး စစ်ခင်းကာ တကမ္ဘာလုံး ၏ အာရုံစိုက်မှုကို ရယူနိုင်ခဲ့ပါသည်။ ယခု ၂၀၂၀ သည် သူ၏ သမ္မတ သက်တမ်း ၄ ပြည့် သွား ပြီဖြစ်ရာ နောက် ၄ နှစ်သက်တမ်း အတွက် စစ်ပွဲ တပွဲ ဖန်တီးကာ အများ အာရုံစိုက်စရာ အဖြစ် အာဏာဆက်လက်ရယူနိုင်မည်လား ဆိုသည်ကတော့ စိတ်ဝင်စားစရာ ကောင်းလှပါသည်။

02.jpg

Original Source

ဤ တကြိမ် စစ်ပွဲတွင် Cryptocurrency ၏ အရေးပါ အရာရောက်မှုများအား အများသိမြင်လာလျင် cryptocurrency တို့၏ အနာဂတ်သည် များ စွာ အရေးပါလာမည်ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေ ၂၀၂၀ ခုနှစ်သည် cryptocurrency များအတွက် အပြောင်းအလည်း ဖြစ်လာမည့် ကာလတခု အဖြစ် အများက မျော်လင့်နေကြပါသည်။

02.png
Author : Henry Aung ( Kachin )
MSC : 001

Sort:  

စောင့်တော့ကြည့်ရမှာပဲ ဆရာ ဟင် အခြေအနေတွေ ဘယ်လိုလာမယ် မသိ😁

စောင့်ကြည့်နေတာတော့ အတော်ကြာပြီ။ တခုခု ထူးခြားလာလိမ့်မယ်လို့ ထင်ပါတယ်။

စစခြင်း ဆောက်နဲ့ထွင်းလိုက်တာကတော့ ကမ္ဘာသတင်း မျက်ခြေပျက်ခံလို့
မရတော့ပါ။ စစ်ကိုတော့ မလိုလားပါ။ သို့သော် အကြမ်းဖက်တွေကလည်း ခက်သဗျာ။ ဘာပဲဖြစ်ဖြစ် ရွှေနှင့်ရေနံလို steem ဈေး တတ်လာလို့ကတော့...

မျော်လင့်ရတာပါ့ ကိုဟိန်းရေ....

ဖတ်လို့ကောင်းသဗျို့ 2020 ကတော့ အတော်ကိုစိတ်ဝင်စားစရာ
ကောင်းနေပြီ။

၂၀၂၀ Steem စျေးတက်စေ...