SMART MEDIA TOKENS ( SMT) ( Henry Aung )

in #myanmar7 years ago

HENRY.jpg

အချိန်၂၀၂၅ ခုနှစ်။ MSC social media app ကလေးမှ " တင် " ဟူသော အသံလေးနှင့် အတူ noti ကလေးတက်လာသည်။ ထိုnoti ကလေးမှာ MSC မှ အပါတ်စဉ်ထုတ်ဝေနေသော digital journal ရရှိပြီဟူ၍ ဖြစ်သည်။ ထို သုတ ၊ ရသ စုံ ဂျာနယ်မှာ MSC မှ နာမည်ကြီး Steemit blogger များပါဝင်ရေးသားထား၍ crypto currency ဖြင့် ဝယ်ယူ ဖတ်ရှု နိုင်သော မြန်မာပြည်တွင် ပထမဦး ဆုံးသော digital ဂျာနယ်ဖြစ်သည်။ ထိုဂျာနယ် ကို MSC token ဖြင့် လစဉ် ဝယ်ယူ ဖတ်ရှုနိုင်ခြင်းဖြစ်သည်။

MSC token ဆိုသည်မှာ Steemit Platform နည်းပညာအောက်တွင် ပြုလုပ်ထားသော SMT ခေါ် smart media token ဖြစ်ပါသည်။ မိမိတွင် MSC social media account တခုဖွင့်ထားရန်သာလိုပါသည်။ ထို MSC media မှ ထုတ်ဝေသော ဂျာနယ် ရှိ ဆောင်းပါး တို့အားမိမိ ကြိုက်နှစ်သက်သည့် ဆောင်းပါးကို like , တနည်း အားဖြင့် vote ပေးရုံသာ။ မိမိ wallet အတွင်း၌ ရှိသော token power တနည်း အား ဖြင့် MSC power များလျင်များသလောက် ဆောင်းပါးရေးသားသူ မှာ ၇၅% ရရှိ ပြီး vote ပေးသူ မိမိ တို့ မှာ ၂၅ % ကို ၇ ရက်ပြည့် လျင် ခွဲဝေရရှိကြမည်သာ။

Steemit Platform ၏ နည်းပညာအောက်တွင် လည် ပတ်နေသော MSC social media မှာ အလွန်အသုံးပြုရလွယ်သလို သုံးစွဲသူ မိမိတို့ အတွက်လည်း အကျိုးရှိသဖြင့် လူကြိုက်များသော media တခုအဖြစ်ရပ်တည် လျက်ရှိပါသည်။

rg.png

ရရှိလာသော MSC token များကို လည်း Steemit ၏ internal market တွင် ဝယ်ရောင်းနိုင်သလို လိုအပ်လျင် bittrex နှင့် poloniex တို့ တွင်လည်း ရောင်းချ နိုင်ပါသေးသည်။ အမှန်တော့ ရောင်းချစရာ လိုအပ်ခြင်းမှာ လက်ရှိအချိန်တွင် ဈေးဆိုင်များ ကုန်တိုက်များတွင် အခြားသော crypto currency များဖြင့် ဝယ်ယူ စားသောက်လို၍ သာ MSC token များဖြင့်လဲလှည် ရယူခြင်းဖြစ်ပါသည်။

MSC members များအတွက်တော့ ကိစ္စမရှိပါ။ လိုအပ်သော MSC token ကို wallet to wallet transfer ပေးရုံသာ။ ၂၀၂၅ ခု နှစ် ဒီဇင်ဘာလ နံနက်ခင်းတခုတွင် ကျွန်တော်မှာ MSC members တယောက်ဖြစ်သော တင်မျိုးအောင် ဖွင့်ထားသည့် MSC လက်ဖက်ရည်ဆိုင်တွင် မုန့်ဟင်းခါး တပွဲးနှင့် လက်ဖက်ရည်ကို 2MSC $ ပေးပြီး ( 2MSC$ ဟူသော ဘားကုတ်ကို scan ဖတ်လိုက်သည်နှင့် automatic တင်မျိုးအောင်၏ wallet အတွင်းသို့ ရောက်ရှိ) စားသောက်ပြီးနောက် IPad ထုတ်ယူပြီး ထိုနေ့ ထုတ် MSC digital ဂျာနယ်မှ ဆရာ Don Juan ရေးသားထားသော နေခ ခန်းဆက် ဆောင်းပါးရှည် ကို လဖက်ရည်ဖြင့် မြည်း လျက် ရှိပြီ နောက် ဆောင်း ပါး ဆုံး သည် နှင့် 100% vote ဟု ကလစ် တချက်နိပ်လိုက်ပါသည်။ သေချာပြီ ဆရာ Don Juan ကျွန်တော့ vote ကြောင့် MSC token အနည်းဆုံး 10 ခန့်တော့ ရသွားပြီ။

ထို့နောက် မြို့ ထဲသွား၍ နေ့လည်စာကို door to door စနစ်ဖြင့် အရောက် ပို့ ပေးသော MSC member တယောက်ဖြစ်သည့် သက်လျာ ဖွင့်ထားသော MSC ထမင်းဆိုင်တွင် စားချင်သည်များမှာကြားထားခဲ့ ပြီး ကျသင့် ငွေကို ဘားကုတ် scan ဖတ်ထားခဲ့ပါသည်။ ထို့ နောက် မိမိ နှင့် Domelay တို့ တွဲဖွင့် ထားသော MSC travels agency ရုံးခန်းသို့ ပြန်ခဲ့ပါတော့သည်။

MSC token 500 ရှိရုံမျှဖြင့် အရှ နိုင်ငံပေါင်းစုံ သို့ အလည်အပတ် သွားနိုင်ပြီ ဖြစ်သည်။ မနက်ဖြန် ဆရာတင်လှိုဦး တို့ မိသားစု MSC travels agency မှ တဆင့် Korea သို့ အလည် သွားကြမည် ဖြစ်သဖြင့် coin Korea လည်း ဝယ်ထားပေးရအုံမည်။ ကိုးရီယားနိုင်ငံ တွင် coin Korea သာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲကြ၍ ဖြစ်သည်။

cf.jpg

အထက်ပါ အကြောင်းအရာတို့ မှာ အနာဂါတ် အတွက် မိမိ စိတ်ကူးယဉ်ထားသော စိတ်ကူးများဖြစ်ပါသည်။ လက်ရှိ ကျွန်တော်တို့ ကမ္ဘာပေါ်ရှိ လူများမှာ Social Media ပေါ်မှ ရုန်းမထွက်နိုင်ကြတော့ ပါ။ ရုန်းထွက်နိုင်ရန် လွန်စွာမှ ခက်နေကြပြီ ဖြစ်သော် လည်း တီထွင်သူတို့သာ အကျိုးကျေးဇူး ကြီးကြီးမားမားရ၍ သုံစွဲသူ လူ အများမှာ အချိန်ပေး၍ ထို social media ကို ခံစားကြသော်လည်း အကျိုး တစုံတရာ မရရှိကြပါ။

Steemit ၏ Smart Media Token မှာ သုံးစွဲသူ လူအများအတွက် ပါ အကျိုးကျေးဇူး ရရှိနိုင်ရန် တီထွင်ထားခြင်း ဖြစ်ပါသည်။ လက် ရှိပထမဆုံး သော SMT ကို ဖြန့်ဖြူးမည့် Mobile base social media app တခု စတင်ထွက်လာပါပြီ။ APPICS ဟု ခေါ်သော ထို app ကလေးမှာ လက်ရှိ Facebook နှင့် Instagram ကဲ့သို့ ပြုမှုနိုင်သော app ဖြစ်ပါသည်။ Steemit Platform သည် blogger base ဖြစ်ပြီး စာ၊ ဆောင်းပါး များရေးသားရန်, ဓါတ်ပုံများ ဝေငှ ရန် blogging တခု အဖြစ်သာ လုပ်ဆောင်နိုင်ပါသည်။

Steemit တွင် video တင်နိုင်ရန် YouTube နှင့် Dtube ကဲ့သို့သော အခြား app များကို မှီခို နေရပါသေးသည်။ ယခု ဤ APPICS ဟု ခေါ်သော app မှာ Facebook ကဲ့သို့ ပင် live လွင့်၍ ရပါသည်။ မိမိ ရောက်ရှိနေသော နေရာ ဖြစ်ပျက်နေသော အကြောင်းအရာတို့ကို live လွင့်၍ ထို live ကို ကြိုက်နှစ်သက်သူတို့ က vote ပေးကြရခြင်းဖြစ်ပါသည်။ ထိုသို့ vote ပေးကြခြင်း အတွက် XAP token ကို ရရှိပါသည်။ XAP token မှာ Steem token ကဲ့သို့သာဖြစ်ပါသည်။

xap.jpg

APPICS app ၏ လုပ်ဆောင်မှုဖြစ်သော, voting ပေးခြင်း comment ပေးခြင်း power အနည်းအများနှင့် အကျိုးသက်ရောက်မှုမှာ Steemit ၏ လုပ်ဆောင်ပုံနှင့် အတူတူသာဖြစ်ပါသည်။ လက်ရှိကျွန်တော်တို့ Steemit blog တွင် စာမရေးတတ်သူများ ဖြစ်သော ဥပမာ ပန်းချီ ဆွဲသူများ မိမိ ဆွဲနေသောပုံများကို Video ရိုက်ထား၍ တင်နိုင်သည်။

ကိုယ်တိုင်ရေးစပ်သီကုံး၍ ကိုယ်တိုင် ဂစ်တာတီး၍ ဆိုထားသော သီချင်းများ ကို လွင့် နိုင်သည်။ တနည်း ပြောရလျင် Steemit က အရေးနှင့် အဖတ် ကို ဦးစား ပေးထားသော်လည်း APPICS မှာ ဖန်တီးမှု အနုပညာနှင့် မျက်မြင်ခံစားမှုကို အသာပေးထားပါသည်။ APPICS ပေါ်လာ၍ Steemit ကို သုံးစွဲသူ လျော့ကျသွားနိုင်မလားဟူသော မေးခွန်းများထွက်ပေါ်လာသော်လည်း Steemit blogger များ ပိုမို၍ အကျိုးခံစားခွင့် ရှိပါသည်။ ဥပမာပြပါမည်။

မမမြန်မာနှင့် သက်လျာတို့ သည် အချက်အပြုတ် အကြောင်း ရေးသား၍ Steemit blog ပေါ်သို့ တင်ခြင်းဖြင့် SBD ကို ရရှိပါသည်။ ယခု တွင် စာရေးရန် ပျင်းလာသောကြောင့် မိမိချက်ပြုတ် ပြင်ဆင်နေစဉ် APPICS app ဖြင့် video ရိုက်ထားပြီး လိုအပ်သလို ၂ မိနစ် ၃ မိနစ်စာ editing ပြုလုပ်ပြီး APPICS ပေါ် လွင့် တင်လိုက်လျင် အခြားသူများကြိုက်နှစ်သက်၍ voting ပေးကြလျင် XAP token များကို ရရှိနိုင်မည် ဖြစ်သလို ထို video အား Steemit ပေါ်တွင် ထပ်မံ ရှယ် လိုက်ခြင်းဖြင့် SBD များလည်း ရရှိနိုင်ပါသည်။ထို့ကြောင့် ဤ အသစ်ထွက်ပေါ်လာသော social media app မှာ သုံးတတ်လျင် Steemit များအဖို့ တန်ဖိုးရှိ သော crypto currency နှစ်ခုကို တပြိုင်တည်း ရရှိစေနိုင်မည်ဖြစ်ပါသည်။ APPICS ၏ လုပ်ဆောင်မှုများကို အောက်ပါ vIdeo တွင် လေ့လာနိုင်ပါသည်။

ထို့ကြောင့် ဤ SMT ပထမဦးဆုံး ထွက်လာမည့် APPICS app အတွက် တရာဝင်ဖြစ်လာနိုင်ရန် Steemit Platform ကို တရားဝင် လူသိရှင်ကြား launch လုပ်ဖို့ လိုပါသည်။ Steemit တရားဝင် launch လုပ်လိုက်လျင် ဘာဖြစ်လာမည် ဆိုသည်ကတော့ အလုံး အသိပင်ဖြစ်ပါလိမ့်မည်။

ဤယနေ့ အချိန်တွင် နည်းပညာ အသစ်အသစ်တို့ကို ငတ်မွတ်နေကြသောလူငယ်များတွင် ကျွန်တော်တို့ မြန်မာလူငယ်များမှလည်း နောက်ကျ ကျန်နေစရာမလိုတော့ပဲ တကမ္ဘာလုံးနှင့် တန်းတူ ရင်ဘောင်တန်းနိုင်ရပါမည့် အကြောင်း Steemit Platform နည်းပညာကို အခြေခံထားသော Smart Media Token အကြောင်းကို ရေးသားတင်ပြလိုက်ရပါသည်။

APPICS အကြောင်းပိုမိုသိလိုပါက အောက်ပါ လင့် မှ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://steemit.com/steemit/@appics/announcing-appics-or-the-next-generation-social-app-or-first-smart-media-token

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

Photos credit; Google Image

Author : Henry Aung ( Kachin )
MSC : 001

Sort:  

အဲတာထက် လ္ဘက်ရည်ဖိုးရှင်းသွားဦး တင်မျိုးအောင်ဆိုင်မှာ စားပွဲကူထိုးနေရလို့ total 180 SBD ပါ ၊မိန်းမနဲ့ကလေးတွေစားတာပါအကုန်တွက်ထားတာ

ဟုတ်ကဲ့ ကျသင့် ငွေ QR barcode ကို scan ဖတ်ခဲ့ပါတယ်။

ပန်းချီပုံတွေ နဲ့ ကဗျာတွေ တင်လို့ရပီလားလို့လာမေးနေကြပြီဆရာရေ 2018 လောက်ပဲထားလိုက်ပါဆရာ 2025 ဆို အဝေးကြီးပဲဖြစ်နေအုံးမယ် ကျနော်တောင် ရှိပါ့အုံးမလားမသိတော့ဘူးဆရာ ☺☺☺

၂၀၂၅ လောက်ထိ မှန်းထားပါတယ်။ MSC မှာ software Engineer တို့ developer တို့ investors တို့ ပါဝင်လာရင်တော့ ၂၀၂၀ လောက်ဆို စလို့ ရပြီ။

ကျေးဇူးပါအကိုရေ အသစ်အသစ်သော နည်းလမ်းကောင်းများကိုချပြခြင်း
တစ်ဦးအပေါ်တစ်ဦးရိုင်းပင်ကူညီလိုစိတ်ရှိသောအကို ယနေ့ထက်မက
ဆထက်တပိုးတိုးပွားကာ ချမ်းသာသောသူဌေးကြီးတစ်ဦးဖြစ်ပါစေလို့ ညီလေး သာအေး ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်ခင်ဗျ

သာအေး ဆုတောင်းနဲ့တင် လုံလောက်နေပါပြီ ။ ကျေးဇူးတင်ပါတယ် ကိုသာအေး...

😘😘😘😘😘😘😘😘😘😘😘😘😘😘😘

အတွေးတစ်မျိုးနဲ့ရေးထားတော့ ပေးချင်တဲ့ Message ကိုအပြင်လိုက်ကြီးဖတ်ရတာထက် ကိုစိတ်ဝင်စားရတာပေါ့။

ဟုတ်ကဲ့ဆရာ ပေးချင်တဲ့ message ရဲ့ ၅၀% လောက်ပဲ ရေးထားနိုင်တယ်ဆရာ။ တကယ်ဆိုရင် ဒီထက်ပို ကျယ်ပြန့် ပါတယ်။

ကိုတွေလဲ နောက်ကလိုက်သိမ်းနေရတော့ရှေ့ကိုမမြင်နိုင်သေးဘူးကွယ်.

Wana go to 2025.
Can't wait.

And make sure you have 10000000000000000 SP at that time....

ဝါးးးးးးးးးးး

မိုက်တယ် ဖြစ်လာမှာပါ depeloper တွေ SMTအတွက် ကြိုးစားသလို ကျွှန်တော်တို့လဲ MSC အတွက် ကြိုးစားမှာပါ သူတို့ကိုမမီနိုင်ပေမဲ့ သူတို့ခင်းပေးတဲ့ လမ်းထဲ ချောချောမွေ့မွေ့ လျှောက်နိုင်အောင်ပါ

အဲဒီအချိန်မှာ Domelay တို့ SP 10 million လောက်ရှိနေပြီ ဆိုတော့ , ဆရာကြီး ဖြစ်နေလောက်ပြီ။

😂😂😂

ဟေး​ဟေး မိုက်​သဟ ...

Good .. good ကမ္ဘာပတ်ုကမယ်​ ။

အဲဒီအတိုင်းကို ဖြစ်လာရမယ်။ ဖြစ်အောင်လည်း ကြိုးစားနေပါတယ်။ ၂၀၁၇ ကုန်ပိုင်း ၂၀၁၈ ထဲမှာ တခုခုကတော့ ထူးခြားလာပါလိမ့်မယ်။

အားကျစရာကြီးနော်…အကိုရေ

ဒါကြောင့် MSC ကို စနစ်တကျနဲ့ ကျစ်ကျစ်လစ်လစ် ဖြစ်အောင် ဖွဲ့စည်း နေတာပါ။

good တယ်ဗျာ အခုကတည်းက lifestyle video တို့ travel video တို့ သေချာရိုက်ထားလိုက်တော့မယ် အခုလို လမ်းပြ

၂၀၁၈ နှစ်ဆန်း ပိုင်းလောက်မှာ အဲဒီ app ထွက်လာပါလိမ့်မယ်။

ဟုတ် အစ်ကို ကျေးဇူပါ

wow ,မိုက်တယ်
steemit member မျာရဲ့ future

၂၀၂၅ မှာ မမမြန်မာတို့ crypto currency နဲ့ ကမ္ဘာပတ် မယ်လေ