Social Media အသုံးချသူနှင့် အသုံးချခံ ( Henry Aung )

in #myanmar6 years ago (edited)

henry Aung.jpg

မင်္ဂလာပါ။ စာရှုသူ မိတ်ဆွေအပေါင်းတို့ သိကြသည့် အတိုင်း ယခုတလော၏ ရေပန်းအစားဆုံး သတင်းမှာ Social Media လောက၏ ဆရာကြီး တဆူ ဖြစ်သော Facebook ၏ ကိုယ်ရေးကိုယ်တာ လုံခြုံရေး ဆိုင်ရာကျိုးပေါက် မှုနှင့် ပါတ်သက်သော သတင်းများဖြစ်ပါသည်။

ဤဆောင်းပါး မှာ ထို Facebook ပြသနာနှင့် ပတ်သက်၍ ဖေါ်ပြပေးရန် မဟုတ်သော်လည်း Facebook နှင့် လုပ်ဆောင် ခြင်း တူညီသော social media အကြောင်းကို ဖေါ်ပြလိုရင်း ဖြစ်ပါသည်။ Facebook အကောင့် ရှိသူတိုင်း လက်ရှိဖြစ်ပေါ်နေသော Facebook ပြသနာကို သိရှိပြီး ဖြစ်ပါလိမ့်မည်။

ကျွန်တော့ အနေဖြင့် ထွေထွေထူးထူး ရေးပြရန် မရှိပါ။ သို့သော် Social Media တခုလုံး နှင့် ခြုံ၍ ပြောရလျင် လက်ရှိ ကျွန်တော်တို့ ခေတ် ကျွန်တော်တို့ သက်တမ်းတွင် Social Media နှင့် ကင်းလွတ်နေ၍ မရတော့ပါ။ မိုးလင်းသည်နှင့် ပထမဆုံး ကောက်ကိုင်ရသည်မှာ smart phone ဖြစ်ပါသည်။

လူတို့၏ သိချင်စိတ်ကို နှိုးဆွပေးသော ဤ social media တို့ကို ကျွန်တော်တို့ ၏ နေ့စဉ် ဘဝတွင် အချိန်တခု ပေး၍ အသုံးပြုနေကြရပြီ ဖြစ်ပါသည်။ မည်သူက ဘာတွေ တင်ထားသနည်း ။ ဟိုလူကတော့ ဘာတွေ ပြောထားသနည်း ။ ဟို မင်းသမီး တော့ဖြင့် ဘယ်ဒင်း ဘယ်လို ၊ ဘယ်သူဘယ်ဝါ ကတော့ ဖြင့် မည် သို့ ဖြစ်နေသည်၊ စသည်စသည်တို့ သော သိချင် စိတ်ကို နှိုးဆွပေးနေသော စာ၊ ဆောင်းပါး ၊ သတင်းများ ဖြင့် ကျွန်တော်တို့ ၏ နေ့စဉ်ဘဝများကို ဖြတ်ကျော် နေကြရပါသည်။

ဤသို့ ဖြတ်ကျော်ရာတွင် Social Media ကို မိမိက အသုံး ချနေသလော Social Media က မိမိတို့အား အသုံးချ နေသလော ဆိုသည်ကို သိရန် အထူးလိုအပ်လာပါသည်။

333.jpg

မိမိက social Media ကို အသုံချသည်ဆိုရာ၌ မိမိကသာ မိမိ စိတ်ဖြေရာ စိတ်ချမ်းသာရာ အတွက် အသုံးပြုနေသော်လည်း မိမိတို့ မှာ ဤ social media ပေါ်သို့ အရေးကြီးသော သတင်းအချက်အလက်များကို အခမဲ့ ပေးပို့နေကြခြင်း ဖြစ်ပါသည်။ ဥပမာပြပါမည်။ မိမိက မိမိကိုယ်ရေးကိုယ်တာအနေဖြင့် မိမိတို့ မြို့နယ် ရေကြီးနေကြောင်း ဓါတ်ပုံနှင့် တကွတင်လိုက်ပါသည်။

ရေကြီး၍ စိုက်ခင်းများ ပျက်စီးကြောင်းလည်း တင်လိုက်ပါသည်။ အခြားမြို့နယ်မှ တယောက်ကလည်း သူတို့ မြို့နယ်၏ ရေကြီးနေသော ပုံ ၊ စိုက်ခင်းများ ပျက်စီးကြပုံများကို အားကျမခံ ထပ်၍ တင်ကြပါသည်။ ဤသို့ တယောက်တမျိုး တင်လိုက်သော ပုံများ သတင်းများကို ကျွမ်းကျင်နားလည်သူတို့က တစုတစည်း တည်းဖြစ်စေ၍ အဖြေထုတ်ယူကာ ထိုအခြေအနေတို့အား စီးပွားရေး သမားတို့ထံ ရောင်းစားကြပါသည်။ သို့မဟုတ် အသုံးချကြပါသည်။

ရေကြီးနေပြီ။ သေချာပေါက် ပရဟိတ သမားများရောက်လာကြမည်။ အနီးစပ်ဆုံးသော ရေမကြီးသေးသော မြို့များတွင် မည်သို့သော ကုန်ပစ္စည်းများ ဈေးတက်သွားမည်ကို ကြို ခန့်မှန်းနိုင်သည်။ ထို့အတူ စုဆောင်း ရယူထားသော မတူညီသောနေရာများမှ စိုက်ခင်း ပျက်စီးမှု အနေအထားကို ကြည့်၍ မကြာခင် ကြက်သွန်ဈေးတက်မည် ၊ အာလူးဈေးတက်မည် စသည်ဖြင့် ကြိုတင် ခန့်မှန်း စီမံနိုင်ကြသည်။

ထို့ ကြောင့် မိမိသည် Social Media အား အသုံးပြု နေသူလော Social Media က မိမိအား အသုံးချနေသလော ဟူသည်ကို မိမိကိုယ်တိုင် ကောင်းစွာ သိရန်လိုပါသည်။

444.jpg

နောက်တမျိုး ဥပမာ ပြပါအုံးမည်။ လွန်ခဲ့သော ၂၀၁၆ ခုနှစ်က တကမ္ဘာလုံး တွင် Pokémon Go ဟူသော ချစ်စရာအကောင် လေးများဖမ်းသော game ကို နှစ်နှစ်ခြိုက်ခြိုက် ကစားခဲ့ကြပါသည်။ မိမိကတော့ game ကစားသည်သာ ဖြစ်၍ ထိုအကောင်လေးများအား မိမိ တို့ ဖုန်း camera ဖွင့်၍ လမ်းပေါ်တွင် လိုက်ဖမ်း ကြပါသည်။

ထိုအကောင်လေးများမိလျင် ဝမ်းသာကြပါသည်။ မိမိတို့ အတွက်တော့ ဖျော်ဖြေမှုတခုသာ။ သို့သော် ထို Pokémon’ Go ကို ဖြန့်ချီလိုက်သူများကတော့ GPS ထုတ်လုပ်သော ကုမ္ပဏီများအား တကမ္ဘာလုံးရှိ အရေးကြီးသော နေရာများ , အဆောက်အဦး အတွင်းဘက်၊ အပြင်ဘက်ရှိ ၃၆၀ ဒီဂရီ ပုံများကို တန်ဖိုးကြီးကြီးဖြင့် ရောင်းစားနိုင်ခဲ့ကြပါသည်။

အချို့က ထိုအကောင်လေးများကို လမ်းမပေါ်တွင်သာ ဖမ်းကြသည်မဟုတ် ရုံး ခန်းတွင်လည်း ဖမ်းကြသောကြောင့် မိမိတို့ ရုံးခန်း အနေအထားများ၊ ရုံးခန်းဒီဇိုင်များ အား အခြားသူများအား အခမဲ့ Video ရိုက်၍ ပို့ပေးနေသကဲ့သို့သာ ရှိနေပါတော့သည်။ ဤသည်မှာ မိမိက social media ကို အသုံချနေသလော မိမိက အသုံးချခံလောဟူသည်ကို သိသာနိုင်စေရန် ဥပမာပေးရခြင်း ဖြစ်ပါသည်။

လက်ရှိ ကျွန်တော်တို့ အသုံးပြုနေသော steemit Platform သည်လည်း social media ထဲတွင် ပါဝင်ပါသည်။ သို့သော် ဤ steemit Platform မှာ မိမိတို့ ၏ Data ထည့်သွင်းခြင်းအတွက် cryptocurrency ဟူသော ငွေကြေးတမျိုးကို ပြန်ထုတ်ပေးနေသည်မှာ အားလုံး အသိပင်ဖြစ်ပါသည်။

အချို့က ဤ Platform ပေါ်သို့ ဝါသနာ အရ ရောက်လာကြသည် ။ အချို့ကတော့ ငွေရနိုင်သည်ဟူ၍ ရောက်လာကြသည်။ မည်သို့ မည်ပုံပင် ရောက်လာကြပါစေ မိမိက ဤ Steemit Platform ၏ အသုံးချ ခံလော မိမိက ဤ steemit Platform ကို အသုံးချနေသူလော ဆိုသည်ကတော့ မိမိကိုယ်တိုင်သိရန်သာလိုပါသည်။

555.jpg

ဤ steemit Platform သည်လည်း ၁၀၀ ရာခိုင်နှုန်း ပြီးပြည့်စုံနေသည်ဟု မပြောလိုပါ။ အားနည်းချက်များစွာ ရှိနေပါသေးသည်။ ထိုအားနည်းချက်များအား လိုက်လံ ဖြေရှင်းနေကြသော ပညာရှင်များလည်း ရှိကြပါသည်။

ကျွန်တော့ တယောက်တည်း အမြင်ဖြင့် ပြောရလျင် ဤ Steemit Platform သည် Facebook ကဲ့သို့ ဘယ်မှာ မွေးသည် ၊ ဘာအလုပ်လုပ်သည် ၊ ဘယ်ကျောင်း တက်ခဲ့သည် ၊ ဘယ်ရည်းစားနှင့် ကြိုက်နေသည် အစရှိသော မိမိ ကိုယ်ရေးအချက်အလက်များ ကို ဖြေရန် မလိုခြင်းက steemit Platform ၏ အားသာ ချက်ဟု မြင်ပါသည်။

ယခုလက်ရှိ Facebook ၏ မိမိတို့ကိုယ်ရေးအချက်အလက်များ အသုံးချ ခံရသည်မှာ ဤပြသနာ ဖြစ်ပါသည်။ ဤသို့ မိမိကိုယ်ရေးကိုယ်တာ အချက်အလက် များကို မိမိမသိပဲ အခြားသူများအား ပေးသိ စေသော ပြသနာ ဖြစ်ပါသည်။

သို့သော် အများအားဖြင့် Social Media တို့မှာ အကောင်းနှင့် အဆိုး ဒွန်တွဲနေသည်သာ ဖြစ်၍ မိမိက အကောင်းကို ထုတ်ယူနိုင်ရန်တော့ လိုပါလိမ့်မည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photo Credit : Original source .

Author : Henry Aung ( Kachin )
MSC : 001

Sort:  

Social Media သုံးပြီး မိတ်ဆွေအပေါင်းအသင်းတွေ တိုးလာရတာကတော့ ကောင်းခြင်းတစ်ခုပါပဲ။

အဲဒါကတော့ ဟုတ်ပါတယ်။ ငယ်ငယ်တုန်းက အဆက်အသွယ် ပြတ်သွားတဲ့ သူငယ်ချင်းတွေနဲ့ လည်း အဆက်အသွယ်ပြန်ရတယ်။

FB သိပ်မသုံးဖြစ်၍ သတင်းအတိအကျတော့ မသိရပါ။
မိမိသည်လည်း တချိန်က ဝါသနာအရ စာရေးပြီး FB ပေါ်
နေ့စဉ်တင်ခဲ့ဖူးပါသည်။ အသုံးပြုနေသလော ၊ အသုံးချခံလော
သေချာ မစဉ်းစားမိဘဲ မိမိတတ်သိနားလည်သည်တို့ အခြား
မိတ်ဆွေတွေ သိစေရန် တင်ခဲ့ပါသည်။ သို့သော် FB သည်
အပျော်သုံးသူများသောကြောင့် မိမိစာကို ဖတ်သူနည်းပါသည်။
ယခု steemit ပေါ်လာသောအခါ steemit သုံးသော
မိတ်ဆွေများသည် FB သုံးသူတို့ထက် စာဖတ်ကြသောကြောင့်
မိမိ စာများရေးတင်ရသည်မှာ ပိုမိုအားဖြစ်စေပါသည်။ ဝင်ငွေ
တစ်ခုပါ ရလာနိုင်သောအခါ အသုံး ပြုရကျိုး ပိုနပ်သည်ဟု
ထင်မိပါသည်။ Steemit စွဲလာသောအခါ အသုံးပြုသူမှ
အသုံးချခံ ဖြစ်လာနိုင်သည်မို့ အရာရာမှာ မျှမျှတတဖြစ်ဖို့
ကျင့်ကြံရပါဦးမည်။ သတင်း အသိပေးခြင်းအတွက် ကျေးဇူးတင်ပါသည်။

ဟုတ်ကဲ့။ အမှန်ကို ပြောရ ရင်ကျွန်တော်တို့ MSC ကလည်း Facebook team ကနေစခဲ့ရတာပါ။

မှန်ရာကို သစ္စာဆိုပါမည်။ Face book မတိုင်မီ xxx Game များဆော့ခဲ့သည်။ အပေါင်းအသင်းတွေ စုံစုံညီညီ xxxx modern ချိတ်လို့ဆော့ကြသည်။ Facebook တွေ ပေါ်လာပြန်တော့ x x x အိမ်ကမဒီ x x x ဘယ်လိုမှ မကြည် x x x သုံးလို့ မဖြစ်ပြန်ပြီ x x x Game များမှာပဲ၊ ကလေးများနှင့်အပြိုင်၊ ၆၀ကျော်အဖိုးကြီး၊ ဝင်ကာနွှဲရသည်။ ကိုယ့်ဖက်က ရှုံးမည်အနေအထား၊ ကလေးများအားအားပေးကြပြန်သည် x x x ဖိုးဖိုးကြီး၊ ဂန့်တော့မည် x x x

Facebook က တကယ်သုံးလာတော့အနှစ်မရှိသလိုခံစားလာရတယ်ကိုယ့်အတွက်၁၀%ဘဲအကျိုးရှိတယ်ဆိုတာခုမှပိုသဘောပေါက်လာတယ်အကိုရာ

အစ်ကိုက FB ပေါ်နောက်ဆုံး တင်ဖြစ်တဲ့ post က steemit အကြောင်း ပဲ ဖြစ်လိမ့်မယ်။

ကျနော်လည်းပို့စ်ကိုမတင်ဖြစ်တော့တာတစ်ခါတလေ၀င်ကြည့်မိရင်တောင်ခေါင်းမူးလာတယ် ဟု၂်တာထက် မဟုတ်တာများနေတယ်လေ steemit မှာစာဖက်တာအရသာတွေ့လာတော့ပိုဆိုး

ဟုတ်တယ် အကိုရေ သတိမမူဂူမမြင်ဆိုသလို ကျနော်တို့ ရဲ့ personal data တွေကို ဖွဘုတ်မှာ ရော့ကြည့်ဗျာလို့ အလကားချပေးလိုက်သလိုပါပဲ။ အသုံးချခံ မှ အသုံးပြုသူသို့ ပြောင်းလဲချိန်တန်ပီ။

ကျောင်းသားဘဝထဲက ဟက်ကာ တစ်ယောက်ဖြစ်ချင်ခဲ့တာ ပင်ပင်ပန်းပန်း လုပ်ကိုင်ရတာမျိုးထက် လက်တော့တစ်လုံးနဲ့ စီးပွားဖြစ်အောင် လုပ်ချင်တယ် နည်းပညာပိုင်းတွေ ကျွမ်းကျင်အောင် တတ်မြောက်ချင်တဲ့စိတ်က သန္ဓေတည်လာတာ ကံပါတော့လည်း ရဟန်းဝတ်နဲ့ သာသနာပြုနေရတယ် ကိုဟင်ရေ ဒါပေမဲ့ ပိုးကတော့ မသေဘူး trade အကြောင်းတွေ လေ့လာနေတုန်းပဲ ဟီးးးး

တင်ပါ့ ။ တပြည့်တော်လည်း အရင်တုန်းကတော့ ဥရောပက လူငယ်တချို့နဲ့ ရင်းနှီးခဲ့ပြီး hacking software တော်တော်များများကို သုံးခဲ့ဘူးတယ်။Laptop တလုံးကို virus စမ်းဖို့ သီးသန့် သုံးဘူးတယ်။ ထောင်နှုတ်ခမ်း နဲ့နီးလို့ အဲဒီအလုပ်တွေ ထားခဲ့တာရယ်။ အခုတော့ steemit Platform ပေါ်မှာ ပျော်နေပါပြီ။

Social media ကိုအကျိုးရှိစွာသုံးစွဲတတ်​ရင်​​တော့အ​ကောင်းဆုံး​ပေါ့ခင်​​ဗျာ

တကယ်သုံးတတ်ရင် အဟုတ်ကောင်းပါတယ်။ သိပ်မကြာခင် steemit ရဲ့ SMT တွေ ထွက်လာရင် ပိုသိသာလာပါလိမ့်မယ်။

ဟုတ်​တယ်​အကိုအခုခတ်​မှာ လူတိုင်းနီးပါဖြစ်​​နေပြီး မိုးလင်းတာနဲ့fbနဲ့ကမျက်​နှာချင်းအပ်​​နေကြပီး။fbမှာလည်းခုတ​လောလုမှု့​ရေးပြသနာ​တွေအရမ်းများ​နေတယ်​။အခုခတ်မှာ​လူအ​တော်​များများကonline​ပေါ်မှာအချိန်​ကုန်​​နေကြပြီး တစ်​​ယော်​နဲ့တစ်​​ယောက်​အတူထိုင်​​နေကြတာ​တောင်​စကားသိပ်​န​ပြောပဲ phoneပဲပွတ်​​နေကြ​တော့တယ်

လူကြီး တွေအတွက် တော့ ပြသနာမရှိပေမယ့် ခလေး လေးတွေလည်း ဖုန်း ပွတ်ချင်တဲ့ အကျင့်ကတော့ တော်တော်ဆိုးပါတယ်။ တိုးတက်ပြီး နိုင်ငံ ဖြစ်တဲ့ စင်္ကပူ လို နိုင်ငံတောင် ကလေး ငိုရင် ဖုန်း ပေးကိုင်လိုက်တယ်။ တော်တော် အန္တရာယ်များပါတယ်။

အကောင်းနဲ့ အဆိုးကတော့ ဒွန်တွဲနေတာပဲ အကိုရာ။social media လေးတွေရှိနေတော့ လေ့လာချင်တာလေးတွေ အလွယ်တကူ လေ့လာလို့ရနေတာကတော့ သဘောကျမိတယ်ခင်ဗျာ။

ဟုတ်ကဲ့။ အမှန်ကို ပြောရ ရင်ကျွန်တော်တို့ MSC ကလည်း Facebook team ကနေစခဲ့ရတာပါ။

Facebookလည်း အနည်းအကျဉ်းတော့သုံးဖြစ်နေသေးတယ်အကိုရေ။
Steemitကတော့ အမြဲပေါ့😁
အသုံးပြုသူနဲ့ အသုံးချခံဆိုတာတွေကတော့
သတိထားရမယ့် ဥပမာလေးတွေပါပဲ
ကျေးဇူးတင်ပါတယ်အကို

ကျွန်တော်ကတော့ Facebook ဆိုရင် သတင်း လောက်ပဲ ဝင်ကြည့် ဖြစ်တော့တယ်။