Steemit နှင့် ၂၀၂၀ ( Henry Aung )

in #myanmar5 years ago

01.jpeg

မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် မြန်မာပြည် ပြန်ရောက်ပြီး အလုပ်ရှုပ်နေသည်ကတကြောင်း ၊ အရှုပ်တွေ လိုက်လုပ်နေသည်ကတကြောင်း ၊ မျောက်သစ်ကိုင်းလွတ်မဖြစ်စေရန် သင်ယူစရာရှိသည်များ သင်ယူနေသည်ကတကြောင်း စသည်စသည် အကြောင်း များကြောင်း Steemit နှင့် အတော်ကြာဝေးကွာနေခဲ့ရပါသည်။

ယခု ၂၀၂၀ သို့ ရောက်လာလေပြီ။ ၂၀၁၆ ခုနှစ်မှ စခဲ့သော Steemit သည် လေးနှစ် သားအရွယ်သို့ ရောက်လာလေပြီ။ လူသားအနေဖြင့် လေးနှစ်သားဟူသည်မှာ စကားလည်း တတ် ကမြင်းကြောလည်း ထလွန်း၍ မူကြိုသို့ ပို့ရန် အဆင်သင့်အနေအထား သို့ ရောက်ပြီ ဖြစ်ပါသည်။

၂၀၁၉ ခုနှစ်အား Steemit သည် ခက်ခဲစွာ နှင့် ဒါဏ်ရာ အနာတရ များ စွာ ဖြင့် ဖြတ်ကျော်ခဲ့ရပါသည်။ သို့သော် မျော်လင့်ချက်ရှိနေဆဲဖြစ်ပါသည်။ ၂၀၂၀ တွင် Steemit ၏ SMT ပေါ်ထွက်လာပါတော့မည်။ ကျွန်တော့ အထင် တန်ခူးလ ကျော်ပြီးနောက်တွင် Steemit အခြေခိုင်မာလာပါလိမ့်မည်။

SMT ၏ အကျိုးသက်ရောက်မှု မည်မျှရှိသည် အပေါ်မူတည်၍ Steemit ၏ အောင်မြင်မှုအား တိုင်းတာရမည် ဖြစ်ပါသည်။ ကျွန်တော်တို့ ရင်ခုန်စွာ စောင့်စားနေသော နေ့ရက်များ ၂၀၂၀ တွင် ရောက်လာလေမည်လား ဆိုသည်ကိုတော့ အတတ်မပြောနိုင်သေးပါ။ နံနက် မိုးလင်း၍ Steem စျေးကြည့်လိုက်သည်နှင့် 2$ သို့ မဟုတ် တရက်တည်း 5$ သို့ ခုန်တက်သွားသော နေ့ရက်များအား ကြုံတွေ့ချင်ပါသေးသည်။

Stock Share စျေးကွက်များ ထိုးတက်သွားသည် ထိုးကျသွားသည် များကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသလို ဤ stock စျေးကွက်များ ပျက်ဆီးသွားခြင်းတော့ မရှိပါ။ ထို့ အတူ Cryptocurrency စျေးကွက်တွင်လည်း စျေးတက်သည် စျေးကျသည် တို့အား ကြုံတွေ့ကြမည်သာ ဖြစ်ပါသည်။

မိမိရင်းနှီးထားသော Stock ၏ ခိုင်မာမှုအား မိမိကိုယ်တိုင်လေ့လာရသလို Cryptocurrency တွင်လည်း မိမိရင်းနှီးထားသော coin , token များ၏ ခိုင်မာမှုအား မိမိစိတ်ကျေနပ်မှုရှိနေစေရန် အရေးကြီးပါသည်။ Steemit သည် အခြေခံခိုင်မာပါသည်။ သို့သော် လူအများ အံ့ဩတကြီး ဖြစ်သွားစေသော အလုပ်များ လုပ်ပြနိုင်ခြင်း မရှိသေးပါ။

၂၀၂၀ တွင် Steemit ၏ SMTs များက Steem အတွက် အောင်မြင်မှုများကို ယူဆောင်လာပေးမည်လား ဆိုသည်ကို တော့ စောင့်ကြည့်ရမည် ဖြစ်ပါသည်။ ကျော်ထက်အောင် ပြောသကဲ့သို့ " မီးလေးခဏ မှိတ်ပေးထားလို့ရမလား " ဟူသော အခြေအနေသို့ ရောက်နေပြီ ဖြစ်ပါသည်။ မကြာခင် winner အား ကြေညာပေးပါလိမ့်မည်။ လောလောဆယ်တွင်တော့ Steem က bottom တွင်ထိုင်နေရပါသည်။ ကျွန်တော်တို့ များများ Vote ပေးဖို့ လိုပါလိမ့်မည်။

02.png
Author : Henry Aung ( Kachin )
MSC : 001

Sort:  

2020 မျော်နေရသော 2020 ရင်ခုန်သံတွေ
သယ်ဆောင်လာမည် ကျွန်တော်ထင်ပါသည်။

အကောင်းဆုံး ဖြစ်လာပါလိမ့်မည်။

မီးလေးမှိတ်တာ နည်းနည်းတော့ ကြာနေပီ ဆရာ ဟင် 😊

ဟုတ်သား... ကျော်ထက်အောင်ပဲ မေ့နေတာလား... မီးလုံး ပဲ ကျွမ်းသွားတာလား... တခုခုပဲ...

ဖတ်ရတာ .. ကျော်ထက်အောင် မကြေငြာခင် ကြားရတဲ့ တီးလုံးသံကြီးပါ ကြားနေရသလိုဗျ
😁😁

တီးလုံး ထည့်မရလို့သာပေါ့.... ထည့်လို့ရရင် တီးလုံးသံပါ ထည့်ပေးလိုက်ပါရဲ့။

စောင့်မျှော်နေရင်းနဲ့ နေသားကျနေပါပြီ။
ဘယ်အခြေအနေမျိုးမဆို ရင်ဆိုင်ဖို့ အသင့်ပေါ့။
ဈေးတတ်လာရင်တော့ စိတ်ကူးပန်းလေးများ ပွင့်လန်းရတာပေါ့ဗျာ။

Posted using Partiko Android

စျေးတက်လာရင်ဆိုတဲ့ စိတ်ကူး..... စိတ်ကူးယျဉ်ထားတာတော့ အတော်များသား...