ကမ္ဘာကြီးသည် နှစ်ပေါင်း ၃ဝ ကျော်ကြာမည့် ရေခဲခေတ်ငယ်သို့ ရောက်ရှိနိုင်

in #myanmar7 years ago

ကမ္ဘာကြီးသည် နှစ်ပေါင်း ၃ဝ ကျော်ကြာမည့် ရေခဲခေတ်ငယ်သို့ ရောက်ရှိနိုင်Screenshot_2018-02-07-07-21-00-1.png

ကမ္ဘာကြီးသည် နှစ်ပေါင်း ၃ဝ ကျော်ကြာမြင့်သည့် ရေခဲခေတ်ငယ်သို့ ရောက်ရှိသွားနိုင် ကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်။ ၂ဝ၃ဝ ပြည့်နှစ် ရောက်သည့်အချိန်တွင် အင်္ဂလန်နိုင်ငံရှိ သင်းမြစ်သည် ဆောင်းရာသီ တွင် ရေခဲသွားသည်အထိ အပူချိန် ကျဆင်းမည်ဖြစ်သည်။

ယင်းဖြစ်စဉ်သည် ၁၃ ရာစုနှစ်မှ ၁၇ ရာစုနှစ်အထိ ဖြစ်ပွားခဲ့သော ရေခဲခေတ်ငယ်အချိန်သို့ ပြန်လည်ရောက်ရှိ သွားသည်နှင့် အတူတူပင်ဖြစ်သည်။ နေ၏ သံလိုက် စွမ်းအင်ပုံစံကို သင်္ချာနည်းဖြင့် တွက်ချက်ထားမှုအပေါ် အခြေခံသည့် သိပ္ပံပညာရှင်များ၏ ခန့်မှန်းချက်အရ ကမ္ဘာ့အပူချိန်သည် ၂ဝ၂၁ ခုနှစ်မှစ၍ သိသိသာသာ ကျဆင်းလာဖွယ်ရှိသည်။

ထိုသို့အပူချိန် ကျဆင်းလာသည်နှင့် တစ်ပြိုင်နက် ထိုအချိန်မှစ၍ ဆယ်နှစ်အတွင်း ကမ္ဘာကြီးသည် ရေခဲခေတ်ငယ်သို့ ပြန်လည်ရောက်ရှိ သွားမည်ဖြစ်သည်။ နော်သမ်ဘရီယာတက္ကသိုလ်မှ ပါမောက္ခ ဗယ်လန်တီနာဇာကို ဗာဦးဆောင်သော သိပ္ပံပညာရှင် အဖွဲ့သည် နေမှထုတ်လွှတ်သည့် သံလိုက်လှိုင်းနှစ်မျိုး၏ ရွေ့လျားမှုများကို ခန့်မှန်းလေ့လာကြသည်။

ထို့နောက် ယင်းသံလိုက်လှိုင်းများသည် ၂ဝ၂၁ ခုနှစ်မှစ၍ လျင်မြန်စွာ ကျဆင်းလာမည်ဖြစ်ကြောင်း၊ ထိုဖြစ်စဉ်သည် နှစ်ပေါင်း ၃၃ နှစ်ခန့် ကြာမြင့်နိုင်သည့်အတွက် ယင်းကာလအတွင်း ကမ္ဘာကြီးသည် ရေခဲခေတ်ငယ်သို့ ရောက်ရှိနိုင်ခြင်းဖြစ်သည်ဟု ၄င်းတို့က အခိုင်အမာဆိုသည်။ မိမိတို့ နေစကြဝဠာရှိ နေ၏စက်ဝန်းသည် ၁၁ နှစ်လျှင်တစ်ကြိမ် လည်ပတ်နေခြင်း ဖြစ်သည့်အတွက် အပူချိန်အမြင့်ဆုံးမှ အပူချိန်အနိမ့်ဆုံးသို့ ပြန်လည်ရောက်ရှိသည့် သဘောသဘာဝရှိသည်။

အပူချိန်အမြင့်ဆုံးကာလတွင် ကမ္ဘာအနေဖြင့် ပူပြင်းသည့်အချိန်ကို ခံစားရပြီး အပူချိန် အနိမ့်ဆုံးအချိန်တွင် အေးမြမှုကို ခံစားရသည်။ ထို့ကြောင့် ၂ဝ၂၁ ခုနှစ်မှစ၍ ကမ္ဘာကြီးသည် ပိုမိုအေးမြလာမည် ဖြစ်သည့်အတွက် လေထုညစ်ညမ်းမှုများ ကင်းစင်မည်ဖြစ်သည်။ သို့သော် ၂ဝ၅ဝ ပြည့်နှစ်တွင်မူ နေ၏စက်ဝန်းသည် တစ်ကျော့ပြန် လည်လာပြီး အပူချိန်အမြင့်ဆုံးသို့ ရောက်ရှိလာမည်ဖြစ်သည်။

(မြဝတီ)