ငယ်ဘဝ အမှက်ရစရာလေးပါပဲ

in #myanmar7 years ago

Screenshot_2017-12-30-22-42-41-066_com.imaginstudio.imagetools.pixellab.png

အင်း....
နေ့ရက်တွေတစ်ရက်ပြီးတစ်ရက်ပြောင်းလာလိုက်တာ ကျနော် ကိုမိုးတစ်ယောက်လည်းအသက် သုံးဆယ်အရွယ်သို့ရောက်လာခဲ့ပြီပေါ့။ စားလိုက်အိပ်လိုက် အလုပ်လေးတွေလုပ်လိုက်နဲ့ သံသရာလည်နေရင်းကကို အရှေ့ကိုမတက်နိုင်ပါဘူး။ ကျနော့အဘရဲ့ ဆုံးမစကားကိုနားမထောင်မိတာလည်းပါပါတယ်။
အဘကပြောတယ် "ရောင့်ရဲလွယ်တဲ့သူက ကောင်းတော့ကောင်းတယ် မကောင်းတော့မကောင်းဘူးတဲ့"
ဒီအလုပ်လေးပြီးရင်တော့ငါ့အိမ်အတွက် စားစရိတ်ဖူလုံပြီဆိုပြီး အနားယူမယ်ပေါ့။ လူလည်းသက်သာတယ် စိတ်လည်းချမ်းသာတယ်လို့တွေးမိခဲ့တာလေ။

ဟုတ်တယ် အနားယူတာကိုလည်းရှိသင့်တယ် ရောင့်ရဲလွယ်တာလည်းမဖြစ်သင့်ဘူး။ အရာရာမှာ လောဘတွေရှိနေရမယ် ၊ ပြိုင်ဘက်တွေရှိနေရမယ်။
အဲ့ဒါမှ အရာရာဟာကိုထိုးဖောက်ကျော်လွှားနိုင်ဖို့ အရည်အချင်းတွေပြည့်ဝလာလိမ့်မယ်။
ပြိုင်ဘက်ဆိုတာ မှန်ကန်တာကိုလုပ်ကိုင်တဲ့ပြိုင်ဘက်တွေကိုပြောတာပါ။ မကောင်းတဲ့ယှဉ်ပြိုင်ခြင်းမျိုးကိုမဆိုလိုပါဘူး။

ကျနော်က ပုံမှန်အိမ်စားစရိတ်ရရင်အနားယူတယ်။ ပုံမှန်အနားယူချိန်ကို အပြည့်ယူတယ်။ အချိန်ပိုမှာလည်းအနားယူခဲ့တယ်။ ဒီတော့ ကိုယ့်မှာပြိုင်ဘက်ဆိုတာမရှိခဲ့သလို ကိုယ်တိုင်လည်းမတိုးတက်ခဲ့ဘူးပေါ့။ ပြိုင်ဘက်မရှိတဲ့အတွက် အတိုက်အခိုက်တွေ မနာလိုမုန်းတီးရမှုတွေတော့ လုံးဝမရှိဘူးပေါ့။ အမှန်က အဲ့ဒါမကောင်းတဲ့အချက်ပါ။ လူဆိုတာ သူများက ကိုယ့်ကို မထိတထိပြောလာတဲ့အခါ နာတက်ရမယ်၊ အဲ့ဒီပြောလာတဲ့အရာတွေအတွက်လည်း ကိုယ့်ကိုယ်ကိုပြုပြင်လာနိုင်ရမယ်။ ပြုပြင်လာရင်းကနေမှလည်းတိုးတက်မှာလေ။
ကျနော့မှာ ယှဉ်ပြိုင်ရမယ့် ပြိုင်ဘက်မရှိခဲ့ဘူး။ ဒါကြောင့်လည်းမထိတထိပြောမယ့်သူမရှိဘူးပေါ့။ ကျနော် လေးတန်းအရွယ်မှာ အတန်းထဲမှာ စာအတော်ဆုံးကကျနော်ပါ။ ပြိုင်ရမယ်ဆိုတာလည်း အဲ့ဒီအချိန်ကမသိတက်ခဲ့ပါဘူး။ ဒါကတော့ မိဘတွေရဲ့ ကလေးတွေရဲ့စိတ်ကို နှိုးဆော်ပေးခြင်းမရှိခဲ့တာကြောင့်လည်းဖြစ်မှာပါ။ ထားပါတော့။

IMG_20171201_090307.jpg

ကျနော်ကလေးဘဝ အဲ့ဒီအချိန်ကတွေးခဲ့တာက ကျောင်းသွားမယ် ဆရာသင်တာကိုသင်တဲ့အတိုင်းပဲနာယူမယ်။ အိမ်စာပေးရင်အိမ်မှာပြီးအောင်လုပ်ဆောင်မယ်။ ကျောင်းပြန်ရောက်လို့ စာအုပ်တွေထုတ်ပြတဲ့အခါ ကျနော်ကအရင်ဦးဆုံး ဆရာမဆီအပြေးရောက်နေခဲ့တာ။ ဆရာမက စာအရင်ဦးဆုံးပြလို့ဆိုပြီး ချီးကျူးခဲ့သလို တာဝန်ကျေတယ်ဆိုပြီးလည်း ပြောတာကိုခံခဲ့ရလို့ ဝမ်းသာခဲ့ရတဲ့အကြိမ်တွေကမနည်းခဲ့ပါဘူး။ အဲ့ဒီအချိန်တွေမှာ ပြိုင်ဘက်တွေ၊ ပြိုင်ပွဲတွေဆိုတာကိုကျနော်မသိဘူးနော်။ ကျနော့ရဲ့စိတ်ခံစားမှုနောက်ကိုလိုက်ပြီးသာ အရာရာကိုလုပ်ဆောင်နေတက်ခဲ့တာ။

တစ်နေ့မှာ အတန်းထဲမှာတင် english songလေးတစ်ခုကို သင်ပေးပြီးကျက်ခိုင်းခဲ့တယ်။ပြောရမယ်ဆိုရင် သီချင်းကဗျာလေးပေါ့။ ကျက်ခိုင်းတယ်ဆိုတာထက် ကဗျာရွတ်ဆိုတဲ့ပုံစံလေးအတိုင်းရွတ်ဆိုခိုင်းခဲ့တာပါ။ အဲ့ဒီအချိန် အဲ့ဒီအရွယ် အဲ့ဒီအတန်းမှာ ကျနော်က ကဗျာကို ဆရာမဆီမှာအရင်ဦးဆုံးရွတ်ဆိုပြနိုင်ခဲ့တယ်။ သူများတွေက နောက်တစ်နေ့မှသာ ဆိုပြနိုင်ပေမယ့် ကျနော်က တစ်ချိန်ထဲမှာတင် တစ်ထိုင်ထဲကျက်မှက်ပြီးဆိုပြနိုင်ခဲ့တယ်။

ဆရာမအပါအဝင် ကျောင်းသားလေးတွေအားလုံးက ကျနော့ကို တော်တယ်လို့ချီးမွမ်းပြီး ဘယ်သူမှ လက်ခုပ်မတီးခိုင်းပါဘဲနဲ့ သူတို့တွေက ကျနော့ကိုလက်ခုပ်တီးပြီးအားပေးခဲ့တယ်။ ထူးချွန်ကျောင်းသားဆိုပြီး အဲ့ဒီအချိန်က ခဲတံတစ်ချောင်းလက်ဆောင်ရတယ်။ ခဲတစ်ချောင်းလက်ဆောင်ရတော့အရမ်းကိုပြောရွှင်ခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာ ကျနော်တို့တွေကို ဘော့ပင်ဆိုတာထက် ခဲတံကိုသာပိုပြီးအသုံးပြုစေခဲ့တာလေ။ ဘော့ပင်ဆိုတာ ဆရာ၊ ဆရာမတွေရဲ့ အမှက်ပေးတဲ့အရာတစ်ခုပေါ့။
ခဲတံကောင်းကောင်းတစ်ချောင်းကိုလက်ဆောင်ရခဲ့ပေမယ့် အမှက်တရဆိုပြီး အသိမ်းကောင်းလို့ အခုအချိန်မှာတော့ မသုံးလိုက်ရပဲပျောက်ဆုံးသွားခဲ့ပါပြီ။
ကျနော်တို့လေးတန်းကျောင်းသားဘဝ စာသင်ခဲ့ရတဲ့အချိန်တုန်းက လေးတန်းကျောင်းသား အယောက်သုံးဆယ်ကျော်လောက်ပဲရှိခဲ့ပါတယ်။ အခုလိုမျိုးလည်း ကျောင်းသားတွေအများကြီးမရှိခဲ့သလို အခုလိုမျိုးတိုက်ခံ အုတ်နဲ့ဆောက်တဲ့ကျောင်းတစ်ကျောင်းမဟုတ်ခဲ့ပါဘူး။ သစ်သားကျောင်းလေးနဲ့မှာ သင်ကြားခဲ့ရတာပါ။ စာသင်ချိန်ပြီးတိုင်းမှာ ဆရာမ ရောက်မလာခင်အချိန် ကျနော်တို့ကစားနေတက်ခဲ့တယ်။ အဲ့ဒီတုန်းကလူလည်းညီပါတယ်။ ဆရာမလာပြီဆိုတာကိုတစ်ယောက်ယောက်ကတွေ့ပြီဆိုတာနဲ့ ဝိုင်းအသိပေးကြလို့ ဆရာမရောက်တဲ့အချိန် ကျနော်တို့လည်းအတန်းထဲမှာ ရောက်နေပါပြီ။ဆရာမ ရောက်တဲ့အချိန် အတန်းထဲမှာ ကျနော်တို့ကို မတွေ့တဲ့အချိန်တော့အဆူခံရပေမယ့် ကျနော်တို့တတွေ တစ်ခါမှကျောင်းပြေးခဲ့ခြင်းမရှိတာမို့ အရိုက်မခံခဲ့ရပါဘူး။ ဆရာမစကားကိုနားမထောင်တာမျိုးလည်းမဟုတ်ပါဘူး။ ဆော့ကစားတာကို ခွင့်ပြုပေးထားတာလို့လည်း အခုအချိန်မှာ တွေးမိပါတယ်။ စာသင်ချိန်ပဲရှိပြီး လွတ်လပ်ခွင့်တွေမရှိတဲ့အခါ ကလေးတွေက ပျက်စီးရသလို လွတ်လပ်ခွင့်တွေများပြီး စာသင်ချိန်မရှိတဲ့အခါမှာလည်း ကလေးရဲ့ဘဝဟာပျက်စီးတက်တယ်လို့ထင်လို့ပါ။

ယှဉ်ပြိုင်မှုဆိုတာကိုမသိခဲ့တဲ့ကျနော် ငယ်ငယ်ကတော့ မှက်ဥာဏ်ကောင်းတယ်လို့ထင်ပါတယ်။ အခုအချိန်တော့ မှက်ဥာဏ်တွေမကောင်းဘူးဖြစ်နေတဲ့အခါ ငယ်ငယ်ကလိုမျိုးမှက်ဥာဏ်တွေကိုပြန်လိုချင်မိတယ်။

မှက်ဥာဏ်မကောင်းတာက တစ်ချို့သောအကြောင်းအရာတွေနဲ့များသက်ဆိုင်လေမလားလို့လည်းတွေးမိနေတက်ခဲ့ပါတယ်။ ကျနော် ငါးတန်းနှစ်မှာ သရက်ပင်ပေါ်ကပြုတ်ကျလို့ လက်ကျိုးခဲ့ဖူးပါတယ်။
ကိုးတန်းနှစ်လောက်မှာ အုန်းပင်ကအဆင်း လူတစ်ရပ်လောက်အလိုကျမှ ချေချော်ပြီးပြုတ်ကျခဲ့လို့ နှစ်ရက်လောက် ငလျှင်လှုပ်သလိုမျိုး လူကမြေကြီးပေါ်မရပ်နိုင်ဖြစ်ခဲ့ရပါတယ်။ ကျနော်အဲ့ဒီလိုပြုတ်ကျတဲ့အချိန် ခေါင်းနဲ့မြေပြင်ရိုက်မိတဲ့အခါ "အုန်း"ကနဲ မြည်သွားတဲ့အချက်ဟာ ကိုယ့်ကိုယ်ကို တစ်ခုခုဖြစ်သွားပြီလို့တောင်ထင်ခဲ့တဲ့အထိပါပဲ။
တော်သေးတယ် သတိမေ့မသွားပဲ အိမ်ကိုရောက်အောင်ပြန်နိုင်ခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ကျနော်လိုချင်တဲ့ ငယ်ငယ်တုန်းကလို ကောင်းမွန်တဲ့မှက်ဥာဏ်မျိုးကတော့ ပြန်ရဖို့သိပ်မလွယ်ကူတော့ပါဘူးလေ....

ဖတ်ရှုပေးသူအပေါင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။

@komoezaw

MSC-030

Sort:  

မိမိကိုယ်ကို နှိပ်စက်ကြသူများ

လောကမြေပြင်
ငါသာလျှင်ငါနဲ့နှိုင်းပါလို့
ငါမပါလျှင်ဘယ်အရာမှမဖြစ်
ငါနှင့်ငါသာ နှိုင်းယှဉ်ကာဖြင့်
ဒီကနေ့ငါ၊ နက်ဖြန်မှာမရှိ
ပီတိလောဘ၊ လိုဆန္ဒတို့
ပိတ်ဖုံးခိုဝင်၊ ဘာမမြင်ဘူး
တမြူးမြူးနှင့်အရူးပမာ
မာန်သာမာန်ထက်
မာန်တွေဝင့်ကာ
မရဏာပန်းတိုင်ရောက်လာကြရ
ဘာမျှမပါ၊ လက်ဗလာတည်း။ ။

Do not make my bunghole angry!... You have any holio?

ကျွန်တော်တောင်စာဖတ်ရင်းပြန်ငယ်သွားတယ်ဗျာ :)

ဘယ်ဟာငယ်သွားတာလည်း😂😂
အဲ...အသက်ကိုပြောတာလား...နုပျိုသွားတာကိုပြောတာလားမေးတာ😝😜

ဖိုက်တင်းပါ ကိုမိုးရေ
ဘာပဲဖြစ်ဖြစ် အားမလျော့ပါနဲ့။

အားမလျှော့တော့ပါဘူးဗျာ
အခုလိုအားပေးမယ့်ညီကိုမောင်နှမတွေရှိနေတာပဲလေ😁😁

မထိတစ်​ထိ ​ပြောမယ့်​သူ မရှိ​တော့ စိတ်​ချမ်းသာတာ​ပေါ့ ကို​ဇော်​​ရေ...😉😉😉
အရမ်းကစားလို့ဖြစ်​မယ်​ ခဏ ခဏ ပြုတ်​ကျတာဆို​တော့.. စတာဘာ ကို​ဇော်​​ရေ... ​ပြေးပြီ ဝှစ်​😃

😂😂
ဟုတ်တယ်ကိုလင်းရ
ငယ်ငယ်ကဆို အပင်မြင့်တွေတော်တော်တက်တာ
ပြုတ်ကျပါများတော့ တက်ရမှာ ကြောက်လာတယ်😁😁

ကိုယ့်​ကိုယ်​ပဲဒီ​နေ့နဲ့နက်​ဖြန်​ပြိုင်​​နေတာ​ကောင်းပါတယ်​ရှင်​။

ဟုတ်
အဲ့ဒီစကားကိုကြိုက်တယ်မအိရေ
ကိုယ့်ကိုယ်ကို ယှဉ်ပြိုင်တာအကောင်းဆုံးပဲဗျ။

ကလေးဘဝတောင် ပြန်ရောက်သွားချင်တယ်။ စားလိုက်သောက်လိုက် အိပ်လိုက် ကျောင်းလေးတက်လိုက်သာ ပြန်လုပ်နေချင်တော့တာပါပဲ။

လွယ်လွယ်လေး နောက်ဘ၀ကူးရင် ရောက်တယ်လေ hee hee

ဟား
လုပ်ပါနဲ့ဗျ😁😁

အင်း အေးချမ်းတဲ့ဘဝလေးတွေ ပြန်သတိရမိတယ် ကိုထွေးရေ

ကြော်ငြာကအပြည့်အစုံဝင်ရမှာ ကျွန်တော် အသက်သုံးဆယ်အရွယ် မိန်းမမရှိ လူပျိုကြီးဆိုပြီး hee hee

😂😂😂
အခုလိုကြေငြာပေးသူတွေရှိနေတာပဲဗျာ
ကြေငြာစရာလိုတော့ဘူး😂😂

ကျန်တော်တော့ ကျွတ်ပြီနော် 😁😁

မြန်မာဗုဒ္ဓဘာသာတွေဆိုတော့ ဒီလိုပါပဲ။ အချို့ကြတော့လည်း ဗုဒ္ဓဘာသာဖြစ်ပေမယ့် နောက်ဘဝကိုတောင်မတွေးနိုင်ပဲလောဘတက်မဆုံးသူတွေလည်းရှိပါရဲ့

ဟုတ်တယ်နော်ဆရာ
လောဘတက်လွန်းရင်လည်း မကောင်းပြန်ဘူး

ကလေးဘဝဆိုတော့ အပူပင် ကင်းခဲ့ရတာပေါ့ ကိုမိုး

ဟုတ်တယ်
ကလေးဘဝတုန်းက ပျော်စရာလည်း တော်တော်ကောင်းခဲ့တယ်

ဒါကြောင့် ကိုမိုးမေ့နေတာကိုး ... ကြုံတုန်းတောင်းရဦးမယ် ... ပြီးခဲ့တဲ့ နှစ်လက 10 SBD ချေးထားတာ ပြန်ဆပ်ဦးနော်

ငှယ်.....ဟုတ်လို့လားကိုစောရ မေ့နေပီ😳😳😬😬
မေ့လက်စနဲ့ ပြန်ပေးတော့ပါဘူးလေ😁😁😁