အဖေ
တစ်ကယ်တမ်းကျတော့ အဖေတွေဆိုတာ အမေတွေလိုမျိုး သားသမီးတွေကို ပွင့်ပွင့်လင်းလင်း မချစ်တတ်ကြဘူး ရင်ထဲကနေ အုံ့ပုန်းအချစ်နဲ့သာ သားသမီးတွေကို ချစ်ကြတာ အဲ့တော့ သားသမီးတွေက အဖေတွေကို အမေတွေလောက် မချစ်ကြတော့ဘူး။ တစ်ကယ်တမ်းကြတော့ အဖေဆိုတာ........
"အဖေ"
"သား ဆယ်တန်းကျတယ်"
နွားစာ ကျွေးနေသော အဖေ ရုတ်တရက် တုံ့ဆိုင်းသွားသည်
မီးဖိုချောင်ထဲ ထမင်းချက်နေသော အမေက
ကြားလိမ့်မည် မထင်။အဖေ စကား တလုံးမှ မပြောပဲ ကျတော့်ကို စူးစိုက်ကြည့်နေသည်။
"ဟိုးမှာ……တွေ့လား ငါ့သား…"
ဓား ၂ ချောင်းစီ ကျတော့်ကိုညွှန်ပြသည်။
(စကားလမ်းလွှဲလိုက်သည်ဟု ကျတော်ထင်)
"လှည်းပေါ်တင်ကွာ အဖေနဲ့ လယ်တော ခဏလိုက်ခဲ့… အင်္ကျီထူထူ ယူခဲ့ "
နွားညိုသိုးကြီး ၂ ကောင်ကို ဆွဲသွားပြီး…
အဖေ… နွားလှည်းတပ်နေပြီ ။ ကျတော် အဖေ့နောက်မှ ၀င်ထိုင်လိုက်သည်။(အတွေးထဲ ကျောင်း များထုတ်လိုက်သည်ဟုထင်ခဲ့)
လယ်တောရောက်တော့ အဖေ ကျတော့် ကို ထွန်တုံး ဆင်ပေးပြီး ထွန်ခိုင်းသည်။ ကျတော်အူကြောင်ကြောင် ဖြစ်သွားတယ်။ အဖေ… ငါ့ကို တကယ်များ ကျောင်း ထုတ်လိုက်ပြီလား…?
ကျတော့်ကို တခါမှ အလုပ် မခိုင်းဘူးခဲ့တဲ့ အဖေက ဒီလိုလုပ်တော့ အံ့သြသွားမိတာပေါ့
ကျတော် နွားကို ရိုက်လိုက်သည်။ လယ်ထဲကို သုံးပတ်လောက် ပတ်မိတဲ့အချိန် ဖြေဖဝါးတွေကသွေးကျင်ဥ လာတယ်။နေပူတဲ့ဒဏ် ကြောင့် ချွေး တလုံးလုံးနဲ့ ပင်ပန်းတဲ့ဒဏ်ကို မခံစားနိုင်တော့ဘဲ ကျတော် ယိုင်ကျသွားသည်။
"ငါ့သား အဖေတို့ မင်းလို ပညာမသင်ခဲ့ရဘူး။ပညာ ဆိုလို့ ၄ တန်းပဲအောင်ခဲ့တာ။
မင်းကိုကျောင်းထားတယ်ဆိုတာ အဖေတို့လို ပင်ပန်းမှာ စိုးလို့။ ငါ့သားသမီးတွေ ငါ့လို မဖြစ်ရလေအောင် ဆိုပြီး အဖေတို့ မင်းကို ဘော်ဒါဆောင်မှာ ကောင်းကောင်း ထားပြီး စာသင်ခိုင်းခဲ့တာ အဖေတို့ မင်းဆီက ဘာမှ မျှော်လင့်ချက် မရှိဘူး။ ငါ့သားသမီး ငါ့လို ပင်ပင်ပန်းပန်းနဲ့ မလုပ်စားစေချင်လို့ နောင်တချိန်မှာ မင်း ဘ၀လေး သာယာလှပဖို့ (ပြောရင်းနဲ့ အဖေ့အသံက ငိုသံပါသလိုလိုခံစားရ)
ကျတော်နောင်တနဲ့ အတူ မျက်ရည်တွေ ကျလာခဲ့သည်။
သားသမီးများအားလုံး အဖေတွေရဲ့တန်ဖိုးကို သိရှိနားလည်နိုင်ကြပါစေ....။