အတွေးတစ်စ
ကျွန်တော်တို့ပတ်ဝန်းကျင်မှာကြုံဆုံနေရတာအနည်းငယ်မျှဝေချင်ပါတယ်
ကျွန်တော်တို့လူမျိုးတွေဆင်းရဲတယ်
ဘာလို့ဆင်းရဲနေတာလဲ အကြောင်းအမျိုးမျိုးရှိနိုင်သော်လည်း အဲ့ဒီအထဲကတခုလောက်ပြောပြချင်တယ်
ကျွန်တော်တို့လူမျိုးအခေါ်တော့ရိုးတယ်ပေါ့ ဟိုကိစ္စမေးလည်းမသိဘူး ဒီကိစ္စမေးလည်းမသိဘူး ဥပမာ cb bank online banking သုံးတယ် အဲ့ဒီထဲဝင်ဘို့ pin နံပါတ်မသိဘူး စာအုပ်ထဲရှာကြည့်လိုက်တော့ရေးထားတာတွေ့တယ် နောက်ပြီးကုမ္ပဏီတခုမှာရင်းနှီးမြှုပ်နှံမှုလုပ်တယ်ဆိုပါစို့ အဲ့ကုမ္ပဏီရဲ့အကြောင်းလည်းသေချာသိအောင်မလုပ်ဘူး မေးလည်းမမေးဘူး နည်းပညာတွေသုံးရတယ်ဆိုလည်း မသုံးတတ်ပြန်ဘူး ကျွန်တော်တို့လူမျိုးတွေမသိဘူး နားမလည်းဘူးဆိုတာနဲ့ပဲတိုင်ပတ်နေတယ် တခြားအကြောင်းအရာတွေလည်းအများကြီးရှိသေးတယ် စာရှည်မှာစိုးလို့
တကယ်တမ်းရိုးတာနဲ့အတာကွဲပြားကြဘို့သင့်တဲ့ခေတ်ရောက်နေပါပြီ
ကျွန်တော်လည်းမသိတာတွေအများကြီးပါ coin,airdrop,bounty,block chain နည်းပညာမသိဘူး steemit လည်းမသိဘူး ဒါပေမယ့်နားလည်အောင်မရမကသင်ယူပါတယ် သင်ရင်တတ်ပါတယ် တတ်ရင်စားဝတ်နေရေးဖြေရှင်းနိုင်ပါတယ်
ဒီခေတ်ကသိရင်$ရတဲ့ခေတ်ရောက်နေပါပြီ ဒါကိုလည်းတော်တော်များများနာမလည်ကြသေးဘူး သူများနိုင်ငံတွေ ဒါတွေသိ သိရင်းအောင်မြင်တိုးတက်အောင်အပြိုင်အဆိုင်ပြေးနေတဲ့ခေတ်မှာ ကျွန်တော်တို့ရိုးသားတယ်ဆိုတဲ့စကားလုံးတွေနဲ့ချည်နှောင်ပြီး တုံးတာအတာကို ရိုးသားတယ်ထင်နေတယ် ဘာမမသိတာဟာရိုးသားတာမဟုတ်ပါဘူး ဒီနေ့ခေတ်မှာကိုယ်သိချင်တာကိုလမ်းညွှန်ပြသပေးနိုင်တဲ့သူတွေ ဆရာတွေနေရာတိုင်းမှာရှိနေပါတယ် ကိုယ်ကမတွေ့တွေ့အောင်လိုက်ရှာပြီးသင်ရမှာပါ
ဒါကြောင့်နောက်ဆုံးပြောချင်တာက ရိုးတယ်(တကယ်က အတာ ဘာမမသိတာ)ဆိုတဲ့ဘောင်ထဲကနေဖောက်ထွက်ပြီး ကိုယ်တိုင်ကလည်းဗဟုသုတများ အများကိုလည်းပြန်လည်မျှဝေပေးနိုင်တဲ့ အဖိုးတန်တဲ့လူတွေဖြစ်အောင်ကြိုးစားကြရမယ်ဆိုတာကို ကျွန်တော့်ရဲ့အတွေတစ်စအနေနဲ့မျှဝေလိုက်ရပါတယ်
လူသားအကျိုးပြုနိုင်ကြပါစေ
ref link:www.google.com
good.
thank
MSO 17
ok
ok