Steem Tokens or Smart Media Tokens (SMT)

in #myanmar7 years ago (edited)

steemit-shop_mousepad_33-333_larger_1510425152_580x.png

Steem နဲ့ Steem Token (SBD) တို့ ဟာ blockchain အခြေခံ "Proof-of-Brain" token အမျိုးအစားတစ်ခုဖြစ်ပါတယ်၊ "Proof-of-Brain" ဆိုတာအခုကျွန်တော်တို့ပိုစ့်ရေးသလိုစာရေးသားခြင်းတွေကနေ Voting ရရှိအပေါ်မူတည်ပြီး Reward တွေခွဲဝေပေးဖို့အတွက်ဖန်တီးရေးဆွဲထားတဲ့ Token တစ်မျိုးဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ယခုသုံးနေတဲ့ Steemit လို rewards-based social network တွေအတွင်းမှာ (သို့) ဖိုရမ်တွေလိုတခြားအဖွဲ့ဝင်သီးသန့်ရှိတဲ့အဖွဲ့အစည်းတွေ Community တွေအတွင်းမှာလည်ပါတ်ဖို့၊ အသုံးပြုသူတွေကိုဆွဲဆောင်ပြီးအဖွဲ့အစည်းကိုအားကောင်းအောင်အသုံးပြုဖို့အထူးဒီဇိုင်းထုတ်ရေးသားထားတဲ့ Token တစ်ခုဖြစ်ပါတယ်။ Steemit အနေနဲ့ပြောရရင်စာရေးသားသူတွေဖတ်ရှုသူတွေကိုဆွဲဆောင်ဖို့ Voting ပေးခြင်းဖြင့် content creators and curators တွေကို Reward ခွဲဝေပေးတဲ့စနစ်ဖြစ်ပါတယ်။ အဲဒါကြောင့်သတိထားစောင့်ကြည့်မယ်ဆိုရင် Steem နဲ့ SBD ရဲ့ Total Supply ပမာဏနေ့စဉ်ပြောင်းလဲနေတာကိုသိမှာပါ။ Steem Token တွေဟာ Blockchain Base ဖြစ်တဲ့အပြင်သူ့ရဲ့ System ဟာလဲ Open Source ဖြစ်ပါတယ်၊ Open Source ဆိုတာကိုအများမြင်သာအောင်ပြောရရင်ကျွန်နော်တို့သုံးနေတဲ့ Android Os လိုပါပဲ၊ Devloper တွေကမိမိဉာဏ်ရှိသလိုပြင်ဆင်ထုတ်ယူသုံးစွဲနိုင်ပါတယ်၊ ဥပမာ။ ။ Samsung, Sony, Huawei စတဲ့ Brand တွေမှာ Android Os ကိုပဲသုံးထားတာဖြစ်ပေမဲ့ Themes တွေပါဝါစဖွင့်ရင်ပေါ်တဲ့ Booting Animation တွေ Setting တွေတစ်ခုနဲ့တစ်ခုမတူကြပါဘူး၊ Setting မတူဘူးဆိုတဲ့အပေါ်မှာတချို့ဒွိဟဖြစ်နေနိုင်လို့ထပ်ရှင်းချင်ပါတယ်၊ Eg, ဖုန်းနှစ်လုံးဟာ Android 7.0 ချင်းတူပေမဲ့ Finger Print ပါတဲ့ဖုန်းနဲ့မပါတဲ့ဖုန်း Setting ထဲမှာမတူပါဘူး၊ ကင်မရာဖန်ရှင်တွေမတူပါဘူး၊ Heart Beat တိုင်းတာတွေဖုန်း Screen မထိဘဲဖုန်းကိုင်နိုင်တာတွေ၊ Screen Off နေတဲ့အချိန် Screen ပေါ်မှာသတ်မှတ်ထားတဲ့အတိုင်းပွတ်ဆွဲပြီး App တွေကိုအမြန်အသုံးပြုနိုင်တာတွေစတဲ့မတူညီတဲ့လုပ်ဆောင်ချက်တွေက Open Source အပေါ်မှာ Company ရဲ့စိတ်ကြိုက်ပြန်လည်ပြုပြင်ထားခြင်းဖြစ်ပါတယ်။ မူရင်း Company တွေက Miui Version မြှင့်သလိုမျိုး Software Update တွေထပ်ထုတ်ပြီး Camera လိုမျိုး Function တွေတခြား Perfomance တွေမြှင့်တာ၊ လုံခြုံရေးအားနည်းချက်တွေပြင်တာတွေစသဖြင့်လဲထပ်မံလုပ်ဆောင်လို့ရတာသိကြမှာပါ။ ကိုယ်တိုင်လဲနားလည်ရင် Root ဖောက်ပြီး Booting Animation တွေပြောင်းတာ (ကျွန်တော်အရင်ကရေးခဲ့ဖူးပါတယ်) CPU Performance တွေမြှင့်တာ Game ထဲက Gem တွေ Power တွေများအောင် Local Data ဖိုင်တွေကို Write Permission ပြင်ပြီး Data ပြောင်းတာလိုမျိုးစိတ်ကြိုက်ကလိနိုင်ပါတယ်။ Boot ပြန်မတက်တော့တာ Device Security မရှိတော့တာ Warranty ပျက်သွားတာစတဲ့ဆိုးကျိုးတွေခံနိုင်ရင်တော့ကလိနိုင်ပါတယ်။ Sorry ပြောရင်းနဲ့ဖုန်းဘက်ရောက်တာများသွားတယ် :) ။ Steem ဘက်ပြန်လှည့်ရအောင်၊ ခုနပြောတဲ့အဲဒီ SMT တွေကိုတခြား Online Shop လို Web တွေမှာသုံးနိုင်အောင်စီစဉ်ထားသလို၊ Open Source ဖြစ်တဲ့အတွက်သူ့ရဲ့ Api တွေ Coding တွေကိုလဲလွတ်လပ်စွာယူသုံးခွင့်ပေးထားပါတယ်၊ Steemit ရဲ့ API တွေယူသုံးထားတဲ့တခြား Steem နဲ့ပါတ်သတ်တဲ့ Website တွေတွေ့ကြမှာပါ၊ အဲဒီထဲကမှလူသိများတဲ့ဆိုဒ်တွေက တော့ Busy.org, Steemnow.com, Chainbb.com, စတာတွေဖြစ်ပါတယ်၊ Open Source တဲ့နည်းတူ Steem Wallet ဟာလဲတခြား Wallet တွေထက်ပိုထူးတာက User ကို Full Access ပေးထားခြင်းပဲဖြစ်ပါတယ်။ Full Access ဆိုတာ Private Key ပေးထားတာကိုပြောတာပါ၊ ကျွန်တော်တို့သုံးနေတဲ့ Bitcoin, Lite Coin စတဲ့ Crypto Currency တွေရဲ့ Wallet အားလုံးမှာ Private Key ရှိကြပါတယ်၊ ဒါပေမဲ့ CoinBase.com, Blockchain.io စတဲ့ဆိုဒ်တွေမှာ User ကို Wallet Address တစ်ခုပဲပေးထားပါတယ်၊ Private Key မပေးပါဘူး၊ Wallet Password မသိလဲ Private Key ရှိရင်အဲဒီ Wallet ထဲက Balance ကိုကြိုက်သလိုလွှဲပြောင်းလို့ရပါတယ်။ Key ပြောင်းမရသလို Password ကြိုက်သလောက်ပြောင်းကြိုက်သလိုပိတ်မရပါဘူး၊ ဘယ်သူမှထိန်းချုပ်ထားတာမဟုတ်တဲ့အတွက်ဘယ်အဖွဲ့အစည်းကိုမှလဲတိုင်လို့မရပါဘူး။ Private Key ကိုသာမန် User တွေတော့သိမှာမဟုတ်ပါဘူး၊ Paper Wallet တို့ Brain Wallet တို့သုံးဖူးတဲ့သူတွေတော့သိမှာပါ။ နောက်တစ်ခုက Steem Blockchain ကိုသုံးပြီး Steemconnect လိုကြားခံ Layer တစ်ခုခံပြီး Website Login တွေကို authentication လုပ်နိုင်ပါတယ်၊ Register မလုပ်ဘဲ Steemit အကောင့်ကိုပဲသုံးပြီး Signup လုပ်နိုင်ပါတယ်။ အဲဒီ System ကိုပဲအခြေခံပြီးတော့တခြားဥာဏ်ရှိသလိုကျွမ်းကျင်သလို Application တွေလဲဖန်တီးလို့ရပါသေးတယ်၊ Steem Ecosystem အပေါ်မှီခိုတဲ့နောက်ထပ် 3rd Party App တွေ Web တွေအများကြီးပေါ်လာအုံးမယ်ဆိုတာပြောရင်း(Pro ပိတ်ဖို့လဲ ၁၅ မိနစ်သာလိုတော့တာမို့)ကျွန်တော့်ရဲ့ Pro အမှီရာက်တတ်ရာရာရေးသားမူကိုဒီမှာပဲနိဂုံးချုပ်ပါရစေ။

ရေးသားသူ
@Kyawsantun
MSC 024

Sort:  

Really nice article ... keep on posting the articles related to steemit blockchains , some of the information are out of reach not only newbies but people like me.

Thz bro I'll try :)

zappl လိုမျိုး private key နဲ့ ဖွင့်ခိုင်းတဲ့အရာတွေကို အသုံးပြုတာက ကိုယ့်အတွက် စိုးရိမ်စရာရှိပါသလား သိပါရစေ ခင်ဗျ

private key တောင်းတဲ့ အရာတွေက အန္တရာယ်များတယ်လို့ကျွန်တော် ယူဆပါတယ်အစ်ကို
သူကို မိမိ steem အကောက်ကို ပေးထားရသလိုဖြစ်နေလို့ပါ

ကျွန်တော် တို့ ether သိမ်းတဲ့
myetherwallet ဆိုလည်း private key နဲ့သွားတာ

အဲ့private key သိတာနဲ့အဲ့ အကောက်ထဲကether တွေကိုလိုသလိုယူလို့ရသွားပြီ

ဟုတ်ကဲ့ ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် zappl ဖွင့်ထားတဲ့ password ကို change လိုက်ပါပြီ

Thanks par naw.

Hoke thanks bya

ကျေးဇူးပါဗျာ Steem​တော့ အလားအလာ​ကောင်းချည်းပဲ

အခုလိုမျှ​ဝေ​ပေးတာ ​ကျေးဇူး ပါbro

အခုလိုအားပေးတာလဲကျေးဇူးပါ

ဗဟုသုတရပါတယ်..
ကျေးဇူးပါ..bro..

ဟုတ်ဗျ 😃

ဟုတ် 😃

ဗဟုသုတမျှဝေပေးတာကျေးဇူးတင်တယ်ဗျာအစ်ကိုကြီးရေ။

ဟုတ်၊ အားပေးတာလဲကျေးဇူးတင်ပါတယ်ဗျ

ဖတ်​လို့မှအရှိန်​တက်​တုန်း

ဆက်ရှည်နေရင်မတင်ရဘဲနေလိမ့်မယ် 😁

သိချင်နေတာအတော်ပဲ

မသိ​သေးတာ​တွေ သိရတာ ​ကျေးဇူးအထူးပါ အစ်​ကို​ရေ

ဟုတ်ဗျ