Drone အကြောင်း လေ့လာခြင်း

in #myanmar7 years ago

images(2).jpg
steemit ပရိတ်သတ်ကြီးမင်္ဂလာပါခင်ဗျာ ယနေ့ဆွေးနွေးတင်ပြမဲ့အကြောင်းအရာကတော့ ယနေ့နည်းပညာလောကရဲ့အံ့မန်းတိုးတက်မှုတစ်ခုဖြစ်တဲ့ မြေပြင်ထိန်းချုပ်မှုနဲ့ကောင်းကင်ပေါ်ပြန်ဝဲလိုရာခိုင်းလို့ရတဲ့ drone ယာဉ်အကြောင်းဘဲဖြစ်ပါနယ်ခင်ဗျာ။drone ယာဉ်နည်းပညာရဲ့အစကတော့စစ်ရေးလောကနယ်ပယ်မှာအသုံးပြုရန်တီထွင်ရာကစခဲ့ကြောင်းလေ့လာသိရှိရပါသည်။ပထမဦးဆုံးစစ်တပ်တွေမှာစတင်အသုံးပြုတဲ့ drone တွေကတော့ပထမကမ္ဘာစစ်အပြီး လေယာဉ်ပြစ်အမြောက်တပ်သားတွေလေ့ကျင့်ဖို့ရာတွင်အသုံးပြုသောမောင်းသူမဲသောလေယာဉ်အမျိုးအစားဖြစ်သည်ဟုမှတ်သားဘူးပါသည်။မြေပြင် control drone လေယာဉ်များကိုပြစ်မှတ်အဖြစ်အသုံးပြုရခြင်းဖြစ်ပေသည်။
images(4).jpg

ယနေ့ခေတ်ကာလတွင် drone ယာဉ်များကိုနေရာစုံတွင်တွင်ကျယ်စွာအသုံးပြုလာကြပေသည် မြန်နိုင်ငံတွင်ထင်ရှားစွာတွေမြင်နိုင်သောနေရာများမှာ စစ်ဘက်သုံး drone များအသုံးပြုခြင်း/ကစားစရာလေယာဉ်ငယ်များပြန်သန်းရန်အသုံးပြုလာခြင်း/video,photoများရိုက်ကူးရာတွင်လဲ drone များကိုတွင်ကျယ်စွာအသုံးပြုလာကြသည်ကိုတွေ့မြင်လာကြရပါသည်။အမှန်တကယ်drone များ၏စွမ်းဆောင်ရေသည်အများအပြားရှိနေသေးသည် လေ့လာမိသလောက်အောက်ပါအတိုင်းတွေ့ရသည်။

  1. Demining - drone များတွင်mine ရှင်းလင်းသောကရိယာများတတ်ဆင်၍ မိုင်းများကိုရှာဖွေရှင်းလင်းပေးနိုင်ပါသည်။
  2. Aerial Serveying and Mapping - Drone များတွင်servey ကရိယာများတပ်ဆင်ပေးထားပြီးမြေယာမားကို serveying တိုင်းပေးခြင်း map များပုံဖော်ပေးနိုင်ခြင်း
    3.Aerial Surveillance - drone တွင်လုံခြုံရေးကရိယာများတပ်ဆင်ပေးပြီးလုံခြုံရေးနှင့်လိုအပ်သောနေရာများစောင့်ြးကြည့်စစ်ဆေးစေခြင်း
    4.Search and Rescue - drone များကို ကယ်ဆဟ်ရှာဖွေရေးနဲ့ထောက်လှမ်းပြန်လည်သတင်းပို့စသောမေရာများတွင်အသုံးပြုခြင်း
    5.Drone racing -အလျင်အမြန်မောင်းနှင်နေသောယာဉ်များမှအချက်အလက်များကိုလိုက်လံ၍သတင်းရယူနိုင်ခြင်း
    6.Scientific research -လူလိုက်ပါမောင်းနှင်ဖို့အန္တရာယ်များလွန်းသောနေရာတွေကိုသွားလာထို့ရန်droneများကိုအသုံးပြုကြပါတယ်။
    7-Conservation-သဘာဝသစ်တောဥယာဉ်နှင့် သဘာဝသားရဲတိရစ္ဆာန် များထိန်းသိန်းဆောက်ရှောက်ရန်အတွက် drneများကိုသုံးခြင်း
    8-Disaster relief - drone များကိုအဆင့်မြင့်နည်းပညာပစ္စည်းများတတ်ဆင်ပေးပြီးဘေးအန္တရယ်ကြုံတွေ့နေသောနေရာများကိုအကူညီပေးစေခြင်း
    9-Archaeology-ရှေးဟောင်းအမွေအနှစ်ပစ္စည်းများထိန်းသိန်ဆောက်ရှောက်ရန်Drone ကိုအသုံးပြုခြင်း
    10-Passenger transport-ခရီးသည်နှင့်ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရန်Drone များကိုအသုံးပြုခြင်း
    11-light Show- drone များတွင် LED မီးများရောင်စုံခွန်း၍ပြနသန်းပြသခြင်း
    12-Cargo transport-လူသွားရောက်ရန်မလွယ်ကူခက်ခဲသောနေရာများသို့စားစရာနှင့်ကုန်ပစ္စည်း ဆေးဝါးများသယ်ပိုရာမှာသုံးခြင်း
    စသည်တို့သည်ကျွန်တော်လေ့လာမိသလောက် drone များအသုံးပြုနိုင်သောလုပ်ငန်းများဖြစ်ပါသည်အခြားလဲရှိနေနိုင်ပါသေးသည်။

9k=.jpg

ထိုကဲ့သို့အသုံးတည့်လှသော drone များ၏ဖွဲ့စည်းပုံကိုလေ့လာကြည့်ရအောင်ပါ။drone တစ်ခုတွင်အဓိကပါဝင်သောအစိတ်အပ်ုင်းများမှာ
1-flight controller - drone ပြန်သန်းမောင်းနှင်သောအဓိကအစိတ်ပိုင်ကရိယာဖြစ်ပါတယ်
2-Gyroscope - drone ရဲ့ရှိန်ထိန်းရန်နှင့်လမ်းကြော်းတည့်မတ်ရန်အသုံးပြုသောကရိယာဖြစ်သည်။
3-Accelerometer- drone အရှိန်နှုံးကိုတိုင်းတာပေးကာdrone ကိုတည့်မတ်စွာမောင်းနှင်ရန်ကူညီေးပးသောကရိယာဖြစ်သည်။
4-Tit Sensor- Drone level တည်ငြိမ်အောင်ပါဝင်ဆောင်ရွက်ပေးသောကရိယာဖြစ်သည်။
5-Inertial Measurement unit-drone ပြန်သန်းမည့်လမ်းကြောင်းတည်နေရာကိုအတိကျပြန်နိုင်ရန်သုံးသောကရိယာဖြစ်ပါတယ်
6-Magnetometer-drone လမ်းကြောင်းတည့်မတ်ရန် Gps နဲ့တွဲဘက်အလုပ်လုပ်သောကရိယာဖြစ်သည်။
7-Barometer-droneပတ်ဝန်းကျင်လေဖိအားကိုတိုင်းပေးသောကရိယာဖြစ်သည်
8-Range finder- droneနှင့် မြေပြင်အကွာ hight တိုင်းရန်သုံးသည်
9-satellite navigation system-satellite signal နဲ့ချိတ်ဆက်အသုံးပြုသောsystemဖြစ်သည်။
10-Optic flow-မြေပြင်အကွာအဝေးသိရန်အသုံးပြုသောကရိယာတစ်မျိုးပါ
11-Sensor fusion-sensor မိားအခြင်းခြင်းချိတ်ဆက်အသုံးပြုသောကရိယာဖြစ်သည်။
12-Obstacle avoidance system-drone ရှေ့အတားစီးအျားငျော်ဖြတ်ရန်sensor များနှင့်တွဲအလုပ်လုပ်သောsystemတစ်ခုဖြစ်သည်။
13-Vision sensor- obstacle avoidance system နဲ့တွဲဘက်အလုပ်လုပ်မည့် sensonဖြစ်သည်။
အသုံးပြုသောနယ်ပယ်လိုက်ပြီးပါဝင်သော part များကွဲပြားနိုင်ပါတယ်ခင်ဗျာ။

ကျွန်တော်လေ့လာထားသလောက်ပါခင်ဗျာအားလုံးကျန်းမာချမ်းသာကြပါစေခင်ဗျာ။

@kyawzaywin
MSC-235

Knowledge credit - kyaw nyein chan
photo credit - google image

Sort:  

ဗဟုသုတ ရပါတယ် bro

အားပေးလို.ကျေးဇူးပါ bro

ဗဟုသုတ​တွေအများကြီးရပါတယ်​ရှင်​။

ကျေးဇူးပါဗျ

Good post👍

thank brother

အသိတိုးစေပါတယ်

ကျေးဇူးပါ bro

ဗဟုသုတရပါတယ်ဗျာ

ဟုတ်အားပေးလို.ကျေးဇူးပါ bro

ဗဟုသုတရပါတယ်။

ဖတ်ပေးလို.ကျေးဇူးပါဗျ

ဝေမျှပေးတာကျေးဇူးပါ

ဟုတ်ကျေးဇူးပါဗျ

ထူးထက်အောင်က ဝယ်ပေးပါတဲ့

အေးအစီအစဉ်ရှိတယ်

ကိုယ်ပိုင်လေယာဉ်ကွင်းလဲ ရှိပီးသားဆိုတော့ မာနပေါ့ဗျာ

Drone ဆိုဒီလောက်စုံစုံလင်လင်မသိဘူး၊

ဟုတ် bro ဖတ်ပေးလို.ကျေးဇူးပါ