Smart TV ၀ယ်​ရန်​သိထားသင့်​​သောအချက်​များ

in #myanmar7 years ago

images(10).jpg
မင်္ဂလာပါခင်​ဗျာယ​နေ.​ဆွေး​နွေးတင်​ပြမဲ.အ​ကြောင်းအရာက​တော့
Smart TV ၀ယ်​ရန်​သိထားသင့်​​သောအချက်​များဘဲဖြစ်​ပါတယ်​ခင်​ဗျာ။
ယ​နေ.​ခေတ်​အချိန်​အခါသည်​တယ်လီဗေးရှင်း များ၏ နည်းပညာပြောင်းလဲမှုများသည်လျင်မြန်သောအရှိန်အဟုန်ဖြင့်တိုးတက်​လာလျက်​ ရှိပါသည်။ ယခင်ခေတ်များကကဲ့သို့ အရွယ်အစားနှင့် ထုတ်လုပ်သည့် ကုမ္ပဏီ ရွေးချယ်ရုံဖြင့်မလုံ​လောက်​​တော့ပါ အသုံးပြုထားသည့် နည်းပညာနှင့် လုပ်ဆောင်နိုင်သည့် စွမ်းဆောင်ရည်များ ကိုပါ ထည့်သွင်းစဉ်းစားရွေးချယ်ရန် လိုအပ်လာပေသည်။
် ခေါ်ဝေါ်သုံးစွဲသည် သည့်​နည်းပညာနာမည်​ပစ္စည်းများသည်​လဲများပြားရှူပ်​​ထွေးလှပါသည်​ HD-Ready, Full HD, LCD, LED, 3D စသည်တို့ အပြင် Wifi ,DLNA, Divx စသည်ဖြင့် များပြားလှသည့် အတိုကောက် အသုံးအနှုန်းများမှာလည်း အာရုံထွေပြားစေပါသည်။smart HD TVတစ်​လုံးဝယ်​မည်​ဆိုလျင်​​အောက်​ပါအချက်​အလက်​များကိုသိထားပါလျင်​မိမိအတွက်​အနည်းငယ်​အ​ထောက်​အကူဖြစ်​​စေပါလိမ့်​မည်​။

SD and HD ရုပ်​ထွက်​အမျိုးအစားများ

ပထမဦးစွာသိထားသင့်သည်မှာ Standard Definition (SD) နှင့် High Definition (HD) ကွာခြားချက်ပင်ဖြစ်ပါသည်။ High Definition (HD) Video မှာ အနည်းဆုံး 720 Vertical Resolution ရှိပြီး အမြင့်ဆုံး အနေဖြင့် Full HD ဟုခေါ်ဆိုသော 1080 Vertical Resolution ရှိပါသည်။ 720 ထက်နည်းသော Resolution ရှိသည့် TV များကို HDTV ဟုမခေါ်ဆိုနိုင်ပေ။ တယ်လီဗေးရှင်းများတွင် ဖော်ပြထားသော HD Ready ဆိုသည်မှာ 720 Pixel Resolution ထိပြသပေးနိုင်သော TV များဖြစ်ပြီး Full HD ဟုရေးသားပါရှိလျှင် 1080 ထိပြသပေးနိုင်ကြောင်း​လေ့လာ သိရှိနိုင်ပါသသည်​။

Plasma TV , liquid crystal display LCD TV နှင့် led emmited diode LED TV

42” ထက်မကြီးသော TV များအတွက် LCD သို့မဟုတ် LED TV ကိုသာ ရွေးချယ်စရာရှိသော်လည်း 42” ထက်ကြီးသော TV များဝယ်ယူရာတွင် Plasma TV များမှာ Black Pixel များ၏ အရည်အသွေးကောင်းမွန်ခြင်းကြောင့် ​ကောင်းမွန်​​သော ပုံထွက်ရှိခြင်း ဘေးဘက် အနေအထားများမှ ကြည့်ရှုရာတွင် ရုပ်ပုံအရည်အသွေး ပြောင်းလဲမှုမရှိခြင်း စသည်တို့ကြောင့် လူအများအပြားနှစ်​သက်​အသုံးပြုကြည်​ သည်​။ model နိမ့်​ Plasma TV များတွင်​ လည်းကောင်းတို့နှင့် အရွယ်တူ အခြား LCD, LED များထက် ပင်ကိုယ် Resolution မှာ လျော့နည်းလေ့ရှိတတ်ပါသည်။ LCD Panel များမှာ လည်းကောင်းတို့၏ အလင်းပေးမှုစံနစ် Cold Cathode Florescent Lamps (CCFL) ၏ အားနည်းမှုကြောင့် အနက်ရောင်ပုံဖော်မှု နှင့် ဘေးဘက်မှ ကြည့်ရှုရာတွင် Plasma TV များလောက် မကောင်းသော်လည်း Resolution မြင့်မားခြင်း ဈေးနှုန်းချိုသာခြင်း တို.​ကြောင့်​လူအများ လူအများအား နှစ်​သက်​စွာဝယ်​ယူကြသည်​။ LED TV ဆိုသည်မှာ လည်းကောင်း CCFL စံနစ်အစား LCD Panel ကို နောက်ဘက်မှ အလင်းပေးပုံဖော်ရာတွင် အလွန်သေးငယ်သည့် LED မီးလုံးလေးများကို အသုံးပြုသော LED-Backlight အမျိုးအစားဖြစ်ပါသည်။ နောက်ဆုံးပေါ် အမျိုးအစား LED TV များမှာ အနက်ရောင် pixels များ၏အရည်အသွေး အလွန်ကောင်းမွန်လာပြီး ပါဝါသုံးစွဲမှုမှာလည်း ပို၍လျော့နည်းလာပါသည်။ TV မျက်နှာပြင် အရွယ်အစား ရွေးချယ်ရာတွင် မိမိ အခန်းအကျယ်အ၀န်းနှင့် လိုက်လျောညီထွေမှုရှိရန် အရေးကြီးပါသည်။ မျက်နှာပြင် အရွယ်အစားနှင့် ကြည့်ရှုသည့် အကွာအဝေး အချိုးကျမှသာ ကြည့်ရှုခံစား ရာတွင်​အဆင်​​ပြေနိုင်မှာဖြစ်ပါသည်။ TV မျက်နှာပြင်အရွယ်အစားနှင့် ကြည့်ရှုနိုင်သည့် အကွာအဝေး ဇယားအား လေ့လာကြည့်ရှုနိုင်ပါသည်။
x2jgh4pFgXNXx52T8CFzXks26B3ESQiUnbDKd21sGc7wnpW1s49d7mX-B5BIfombn4ReOKR_2baalC_GZm5uPg4Zp_ad_mtBpWLfVlxm0DmGWt9CK8E.jpg

Multimedia Playback ပါဝင်ခြင်း

Card reader သို့မဟုတ် USB Port ပါဝင်သော အမျိုးအစားများမှာ Memory Card, usb stick,Portable Hard Drive များပေါ်မှ ဓါတ်ပုံများ ဗွီဒီယိုများ ကို တိုက်ရိုက်ဖွင့်လှစ်ကြည့်ရှုနိုင်ပြီး Blu-Ray ,DVD Player များ ကဲ့သို့သော သီးခြား Player များနှင့် ကြားခံကြည့်ရှုရခြင်းထက် အလုပ်ရှုပ်ပိုမိုသက်သာပြီး ပါဝါသုံးစွဲမှု လျော့နည်းစေပါသည်။

DLNA နှင့် Internet Streaming လုပ်ဆောင်ချက်ပါဝင်ခြင်း

အမျိုးအစား အမျိုးမျိုးရှိ​သော media files များကို usb wire (သို့မဟုတ်) Wireless Network မှတဆင့် ကွန်ပျူတာများးနှင့် Smart Phones များမှ နေ၍ TV ပေါ်တွင်ပြသ ကြည့်ရှုနိုင်သည့် Digital Living Network Alliance (DLNA) လုပ်ဆောင်ချက် ပါရှိခြင်းသည် အဆင့်မြင့်နည်းပညာသုံး ဖျော်ဖြေရေး ကဏ္ဍတွင် အရေးပါလှပါသည်။ ထို့ပြင် Internet နှင့် ချိတ်ဆက်ထားပါက Youtube မှ ဗီဒီယိုများကြည့်ရှုခြင်း Facebook အသုံးပြ
Facebook အသုံးပြုခြင်း နှင့် Internet Websites များဖွင့်လှစ်ကြည့်ရှု နိုင်ခြင်း စသည့် လုပ်ဆောင်ချက်များ သည်လည်း Smart TV တစ်​လုံးဝယ်​ရန်​ထည့်​သွင်းစဉ်းစားသင့်​​သောအချက်​ပင်​ဖြစ်​ပါသည်​။
images(9).jpg

Contrast Ratio စွမ်း​ဆောင်​ရည်

TV မှရုပ်ပုံများပြသရာတွင် တစ်ချိန်တည်း၌ အရောင် အရင့်ဆုံး (အနက်ဆုံး) အရောင်နှင့် အရောင်အဖျော့ဆုံး (အဖြူဆုံး) အရောင်တို့ အကြားကွာခြားချက်ကို ကိန်းဂဏန်းနှင့် ဖော်ပြခြင်းအား Contrast Ratio ဟုခေါ်ပါသည်။ Contrast Ratio များခြင်း သည် ပို၍ကောင်းသည်ဟု ယူဆ သတ်မှတ်နိုင်သော်လည်း လည်းကောင်း အချက်တစ်ခုတည်းဖြင့်Smart TV တစ်လုံးဝယ်ယူရန် ဆုံးဖြတ်ချက် မချသင့်ပေ။ သို့ရာတွင် TV တစ်လုံး၏ ရုပ်ပုံထွက် ကောင်းမကောင်းတွင် အရေးပါသော အချက်တစ်ခုအနေနှင့်ကား မှတ်ယူရပေမည်။ ရှိသင့်သော Contrast Ratio များမှာ Static Contrast Ratio အတွက် 5000:1 နှင့်အထက် ဖြစ်ပြီး Dynamic Contrast Ratio အတွက် 10000:1 နှင့်အထက်ဖြစ်ပါသည်။

အရေးပါသော Response Time အကြောင်း

Response Time ကို (Milliseconds, ms) ဖြင့်ဖော်ပြလေ့ရှိပြီး Pixel တစ်ခုခြင်းစီ၏ ပြောင်းလဲနိုင်မှုနှုန်းကို တိုင်းတာခြင်းဖြစ်ပါသည်။ လျှင်မြန်စွာရွေ့လျားနေသော အရာဝထ္ထုများ (သို့မဟုတ်) မြင်ကွင်းအား အလျှင်အမြန် ရွေ့လျားနေသည့် ပြကွက်များအား ပြသရာတွင် Response Time မြန်ခြင်းသည် ပို၍ပီပြင်​​သော ဗီဒီယို ရုပ်ပုံများကို ရရှိစေပါသည်။ ဥပမာအားဖြင့် Response Time 5ms နှုန်း ရှိသည့် TV ထက် 2ms ရှိသည့် TV သည်ပို၍ ကောင်းမွန်ညက်ညောသော ဗီဒီယိုပုံထွက်ကို ရရှိမည်ဖြစ်ပါသည်။ သို့ရာတွင် ၀ယ်ယူရာ၌ မိမိ မျက်မြင်​​ဆုံးဖြတ်ခြင်းကမူ ပို၍သေချာတိကျသော ရွေးချယ်မှုဖြစ်နိုင်ပေသည်။

အချုပ်အားဖြင့်​ဆွး​နွးရလျင်​SmartTV တစ်လုံးရွေးချယ်​၀ယ်ယ်ူရာတွင် ​ရောင်း​သောအ​ရောင်းဆိုင်​မှအ​ရောင်းကိုယ်​စားလှယ်​ များညွန်​ပြသည်​များအပြင်​ မိမိကိုယ်​ပိုင်​မျက်​မြင်​ နှင့်​အထက်​ပါအ​ကြောင်းအရာများ​ပေါင်းစပ်​ပြီး ​လေ့လာဝယ်​ယူမည်​ဆိုပါက အ​ရေအ​သွေး​ကောင်းမွန်​​သော smart tv ​တစ်​လုံးပိုင်​ဆိုင်​ မည်​ဖြစ်​ပါ​ကြောင်းတင်​ပြလိုက်​ရပါတယ်​ခင်​ဗျာ။ အားလုံးကျန်းမာချမ်းသာကြပါ​စေ။

@kyawzaywin
MSC - 235

Knownledge credit----- ko ngae(mdy)

Sort:  

အခုလို ​ရေးသားမျှ​ဝေ​ပေးတဲ့အတွက်​ ​ကျေးဇူးပါ

အား​ပေးလို.​ကျေးဇူးပါ bro

ဗဟုသုတရပါတယ်ဗျ

ကေေးဇူးပါဗျ အား​ပေးလို.

တယ်တော်ပါလား

ဘာ​ပြောရင်​​ကောင်းမလဲ

ဗဟုသုတအများကြီးရပါတယ်​ရှင်

ဖတ်​​ပေးလို.​ကျေးဇူးပါဗျ

အသိတစ်​ခု​တော့တိုးပြီ

ဟုတ်​​ကျေးဇူးပါ bro

အသိတစ်ခုတိုးပါတယ်ရှင်

အား​ပေးတဲ.အတွက်​​ကျေးဇူးတင်​ပါတယ်

ခုလို ဗဟုသု​လေ​တွေေ​ပေးတဲ့အတွက်​​ကျေးဇူးပါ ။

ဟုတ်​ဖတ်​​ပေးတဲ.အတွက်​​ကျေးဇူးပါ

ရှယ်ပဲ

ကျိုးစား​နေပါတယ်

ဗဟုသုတ ရပါတယ်
ကျေးဇူး

ဟုတ်​​ကျေးဇူးပါ bro

ဗဟုသုတ ရပါတယ်။

အား​ပေးလို.​ကျေးဇူးပါဗျ