ပရိက္ခရာတည်ရှိရာနေရာ

in #myanmar7 years ago (edited)

image

၁။ နှစ်ထပ်သင်္ကန်း ဧကသီသင်္ကန်း သပိတ်တော်
တောင်ဝှေးတော်တို့သည်ကုရုတိုင်း ဝဇီရပြည်၌ တည်ရှိ၏။

၂။ သင်းပိုင်တော်သည်ကုလဃရပြည်၌
တည်ရှိသည်။

၃။ ခင်းနှီးတော်သည်သီဟိုဠ်ကျွန်း ၌ တည်ရှိသည်။

၎။ ခါးပန်းကြိုးနှင့်ဓမ္မကရိုဏ်တော်တို့
သည် ပါတလိပုတ်ပြည်၌ တည်ရှိ၏။

၅။ ရေသနုပ်တော်သည် စမ္ပာပြည်၌ ရှိ၏

၆။ ရဟန်းပြုစသင်္ကန်းတော်သည်
အကနိဋ္ဌဗြဟ္မာဘုံ၌ တည်ရှိ၏။

၇။ ဦးရစ်တော်သည်တာဝတိံသာနတ်ပြည်၌ တည်၏။

၈။ ဥဏ္ဏလုံမွေးရှင်တော်သည်ကောသလတိုင်း
သာဝတ္ထိပြည်၌ တည်ရှိ၏။

၉။ နိသီဒိုင်တော်သည်အဝန္တိတိုင်း ၊ ဥဇ္ဇေ
နီပြည်၌ တည်ရှိသည်။

၁၀။ မြေခင်းနှီးတော်သည် ဒေဝရဋ္ဌတိုင်း၌
တည်ရှိ၏။

၁၁။ မီးပွတ်တော်သည်မိထိလာပြည်၌
တည်ရှိသည်။

၁၂။ ရေစစ်အဝတ်တော်သည် ဝေဒေဟ
တိုင်း၌ တည်ရှိ၏။

၁၃။ ပဲခွပ်တော်နှင့်အပ်ကျည်ထောက်
တော်သည် ဣန္ဒာပန္တ နဂိုရ်ပြည်၌
တည်ရှိသည်။

၁၄။ ကြွင်းသောပရိက္ခရာများမှာအပရန္တတိုင်း
ဇနပုဒ်များ၌ တည်ရှိပါသည်။

@letwethondara
photo from google