တိုမီနို၏ကျိန်စာ
အမကြီးက သွေးအန်ပြီးတော့
ညီမငယ်က မီးတောက်လောင်နေတယ်
ချစ်စရာတိုမီနိုလေးကတော့ ဖန်ပုတီးစေ့တွေ တစ်လုံးချင်းစီအန်လို့ပေါ့။
တိုမီနိုလေးခမျာ ငရဲပြည်ကို အဖော်မပါ တစ်ယောက်တည်းရောက်ရရှာ
ငရဲပြည်က အမှောင်ထုများနဲ့ လွှမ်းခြုံထား
ပန်းပွင့်များကလည်း မဖူးပွင့်ကြတော့ချေ့တကား။
တိုမီနို မကြီးက ကြာပွတ်ကိုင်ထားတဲ့ ငရဲထိန်းကြီးတစ်ယောက်များ ဖြစ်နေပြီသလား
ထိုနေရာမှာ ဘယ်သူ့သွေးတွေနဲ့ ပြည့်နှက်နေသလဲကွယ်။
ရိုက်နေတယ် ရိုက်နေကြတယ် အို မရိုက်ကြပါနဲ့ကွယ်
ရှည်လျားပြီး အဆုံးမရှိတဲ့ ငရဲပြည်က တစ်လမ်းတည်းပဲ ရှိပါတယ်
ရွှေဘုံရွှေနန်းဆီကိုလား ဒါမှမဟုတ် တေးသီငှက်တို့ စံပျော်ရာဆီကိုလား
သားရေအိတ်အတွင်းထဲကို ဆန့်သလောက်တွေထည့်ဗျာ
မစိမ်းတော့ပြီဖြစ်တဲ့ ငရဲပြည်ထဲက ခရီးစဉ်လေးတစ်ခု ပြင်ဆင်ဖို့အတွက်ဆိုပါတော့
နွေဦးရာသီကတော့ တောအုပ်ထဲ နဲ့ စမ်းချောင်းနံဘေးဆီကို ငြိမ်ငြိမ်သက်သက် ချဉ်းကပ်လာနေပြီ
အမှောင်လွှမ်းနေတဲ့ (၇)ဆင့် တောင်ကြားထဲမှတောင်
ငှက်လှောင်အိမ်ထဲက တေးသီငှက် ၊ လှည်းအတွင်းမှ သိုးငယ်တစ်ကောင် ရဲ့ အသံတောင် ခပ်သဲ့သဲ့နဲ့။
ချစ်စရာတိုမီနိုလေး ရဲ့ မျက်လုံးမှ မျက်ရည်စတွေက
ငိုကျတစ်စက်စက်နဲ့ တောအုပ်ကြီးထဲ မိုးရွာနေကြသယောင်နဲ့ပေါ့။
သူ့အမငယ်ကို လွမ်းလို့ အော်ငိုလိုက်တယ်
ငိုကျသံတွေက ငရဲပြည်တစ်ခွင် ပဲ့တင်သံတွေထင်လို့
သန္ဓေပျက်မြေခွေးတစ်ကောင်တော့ စတင်ပေါ်ထွက်လာတယ်
ငရဲပြည်ရဲ့ သတ္တမတောင်စဉ် နဲ့ သတ္တမချောင်းကြီးကတော့ တစ်ခုနဲ့တစ်ခု စက်ဝိုင်းပုံသဏ္ဍာန်လှည့်ပတ်လို့
ချစ်စရာတိုမီနိုလေးရဲ့ အဖော်မဲ့ခရီးစဉ်တစ်ခုပေါ့။
ငရဲပြည်က သူတို့သာ ကျွန်ုပ်ကိုသာ ခေါ်ဆောင်သွားခဲ့ရင် သုဿာန်ကြားမှာ အပ်တစ်ချောင်းသာသာပါပဲ။
အနီရောင်အပ်ကြီးနဲ့ ထိုးဖောက်တာကို မခံချင်ဘူး
ချစ်စရာတိုမိနိုလေးရဲ့ မိုင်တိုင်ခရီးလမ်းရှည်မှာ -----။
လင်းညို့တာရာ
Nice Work! Get Free Upvote here: http://thetraffic.xyz/steem/
Ok
စာဆက်ရေးတော့ဝူးလား