ကောင်းသောခံယူမှုသဘောထားသည် ကောင်းသောစိတ်ကိုဖြစ်ပေါ်စေသည်။

in #myanmar6 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ ချစ်မိတ်ဆွေအပေါင်းတို့ ။
လူတွေရဲ့စိတ်ကို အကြမ်းအားဖြင့် ခွဲလိုက်ရင် ကောင်းသောစိတ်နှင့် မကောင်းသောစိတ် ဟူ၍အုပ်စုနှစ်မျိုး ရှိပါတယ်တယ်။ နောက်ပြီးအရာရာကို အကောင်းမြင်စိတ်နှင့် အဆိုးမြင်စိတ်ဟူ၍ ခံယူတဲ့သဘောထား ဟာ အရေးကြီးပါတယ်။ လူတစ်ယောက်တည်းကိုဘဲ မြင်သောစိတ်ဟာ တစ်သမတ်တည်း မရှိပါဘူး။ အကောင်းမြင်စိတ်အားကောင်းတဲ့နေ့  ရှိသလို အဆိုးမြင်စိတ် အားကောင်းတဲ့နေ့  ရှိပါတယ်။ စိတ်ဆိုတာအရာဟာ ထူးခြားဆန်းကြယ်ပါတယ်။ သူ့ သဘောတရားဟာ နက်ရှိုင်းလှပါတယ်။ တစ်ချို့ ဖြစ်ရပ် တွေမှာ ကိုယ်ခန္ဓာရဲ့ခံစားမှုကြောင့် မဟုတ်ဘဲ ကိုယ့်စိတ်ရဲ့သတ်မှတ်ချက်ကြောင့် ကောင်းစိတ် မကောင်းစိတ်တွေ ဖြစ်ပေါ်လာပါတယ်။

images (19).jpeg
crd.org.source

ဥပမာ အမြင့်ကြောက်တဲ့စိတ်။ ပထမဆုံး အမြင့်ပေါ်ရောက်တဲ့အချိန်မှာ ခံယူသူရဲ့သဘောထားဟာ အရေးကြီးလှပါတယ်။ သူ့ အနေနဲ့ ကြောက်စရာလို့ သဘောမထားဘဲ အပေါ်စီးက မြင်ရတဲ့မြင်ကွင်းဟာ လှပသောအရာတစ်ခုအဖြစ် သတ်မှတ်လိုက်တာနဲ့ သူဟာ အမြင့်မြင်ကွင်းတွေကို သဘောကျတတ်လာပါတယ်။ ဒီလိုမှမဟုတ်ဘဲ အမြင့်တွေပေါ်တတ်ရတာ အများသူငှာ ပြောတာကို ကြားပြီး ကြောက်စရာလို့ ခံယူလိုက်တာနဲ့  တကယ်ကြောက်သွားတတ်ပါတယ်။ ဆိုလိုချင်တာက အခြေအနေတစ်ခုမှာ စိတ်ပြောင်းလဲခံစားမှုကို ခံယူတဲ့အချိန်ဟာ အရမ်းအရေးကြီးပါတယ်။ စတင်ဖြစ်ပေါ်တဲ့ နာမည်မရှိသေးတဲ့ လူတစ်ယောက်ကို နာမည်ကင်ပွန်းတပ်လိုက်သလိုပါဘဲ။ မိမိရဲ့စိတ်သဘောထားဟာ အလွန်အခရာကျပါတယ်။ကြိုက်စရာလို့ တွေးရင် ကြိုက်စရာ ဖြစ်ပြီး ကြောက်စရာလို့  တွေးရင် ကြောက်စရာ ဖြစ်လာပါတယ်။

images (20).jpeg
crd.org.source

ရိုလာကိုစတာ စီးရတာကို ခံစားလို့ ကောင်းတဲ့ စိတ်ခံစားမှုတစ်ခုလို သတ်မှတ်တဲ့ လူတွေရှိလို့ သာ ကမ္ဘာကျော် အရမ်းကြီးမားတဲ့ ရိုလာကိုစတာတွေ ရှိနေခြင်းဖြစ်ပါတယ်။ တစ်ခါစီးဖို့ အရေး ပိုက်ဆံမြောက်များစွာပေးရပါတယ်။ ထိုခံစားမှုကိုလိုချင်လို့ ပိုက်ဆံအကုန်အကျခံပြီးရယူရပါတယ်။ ရိုလာကိုစတာစီးရတာကို ကြောက်စရာလို့ မြင်ထားတဲ့သူကတော့ အလကားစီးရတာတောင် ပြစ်ဒဏ်တစ်ခုလို မြင်နေမှာပါ။ လူလောကမှာလည်း အကြောင်းအရာ အတူတူ ရင်ဆိုင်ရတာ တူပေမယ့်လည်း ခံယူတဲ့သဘောထားကြောင့် သူတို့ ရဲ့ စိတ်တွေဟာ ကွဲပြားသွားကြပါတယ်။ ရင်ဆိုင်နိုင်တဲ့သတ္တိ ကြံ့ခိုင်တဲ့စိတ်ထားတွေပျော့ညံ့တဲ့စိတ်ထားတွေဟာ ကာယကံရှင်ထားယူတဲ့ကြောင့် တစ်ဦးနဲ့တစ်ဦး ပြောင်လဲသွားကြပါတယ်။ အကောင်းမြင်စိတ် အာသန်တဲ့သူက အကောင်းဘက်ကိုမြင်ဘို့ ပိုဖြစ်နိုင်သလို အရာရာကို အဆိုးမြင်စိတ် အကျဘက်စိတ် အားသန်တဲ့သူတွေကတော့ ဘာလာလာ အဆိုးဘက်ကို စတွေးလေ့ရှိပါတယ်။ စိတ်ဆိုတဲ့ အရာမျိုးက မရှိတာကို ရှိတယ်လို့ လုပ်လို့ ရသလို ရှိတာကိုလည်း မရှိဘူးလို့ ထင်ရအောင် လုပ်လို့ ရပါတယ်။ ဒါကြောင်ပြောတာပေါ့ စိတ်မှာအစွမ်းသတ္တိရှိတယ်ဆိုတာ။ သူ့ အထာကိုသိဖို့ လိုသလို သူ့ ကိုထိန်းကျောင်းတတ်ဖို့ အရေးကြီးပါတယ်။ စိတ်ဆိုတဲ့အရာလေးကို လိုသလိုထားနိုင်ရင် သင်ဟာ တန်ဘိုးရှိသောလူသားဖြစ်သလို စိတ်အချမ်းသားဆုံး ပုဂ္ဂိုလ် တစ်ယောက်ပါဘဲ။ ဖြစ်နိုင်ရင် အကောင်းဘက်မြင်တဲ့သဘောထား မျာများထားပေးရမှာဖြစ်ပါတယ်။ အကောင်းမြင်သဘောထားကြောင့် ကောင်းသောစိတ်လေးတွေဖြစ်ပေါ်လာအောင်ဖန်တီးရမှာပါ။အကောင်မြင်တဲ့စိတ်ကလေးကြောင့်ဘဲ သူဟာ စိတ်ချမ်းသာမှု စိတ်အေးချမ်းမှုတွေ ခံစားရစေပါတယ်။ မိတ်ဆွေတို့ လည်း ကောင်းသောအချင်းအရာဘက် စိတ်ကို ဦးတည်ထားနိုင်ပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်။အားလုံးကို ကျေးဇူးတင်ပါတယ်။

MSC-228
@mahaw

Sort:  

ခေါင်းစဉ်လေးကို သဘောကျ တာဗျာ။

Posted using Partiko Android

ကျေးဇူးပါbro.

ကိစ္စတစ်ခုကို ခက်ခဲလိုက်တာ ဆိုပြီး ထိတ်လန့် နေမယ့်အစား
ငါအတတ်နိုင်ဆုံး ကြိုးစားကြည့်မယ် ရအောင်လုပ်မယ်ဆိုတဲ့ စိတ်
ထားရှိရမယ်လို့ လည်း ဆိုလိုနိုင်တာပေါ့နော်အကို

ညီအဆင်ပြေသလို တွေးနိုင်ပါတယ်။မိမိအမြင်သည်သာ အရေးကြီးပါတယ်။

This post has received a 5.09 % upvote from @boomerang.

Thank for your support.

ကောင်းသောစိတ်ရောက်ဖို့ ကောင်းအောင်ကြိုးစားရပါမည်

ကျေးဇူးပါဦးထွေး။

ဟုတ်​ကဲ့ပါ...အ​ကောင်းဘက်​က​တွေးလိုက်​ရင်​ကိုယ်​လည်းစိတ်​​အေးချမ်းသာရပါတယ်​....​ကောင်း​သောပိုစ့်​ပါ...

Posted using Partiko Android

ကျေးဇူးပါမယွန်း။

မီးတောက်တစ်ခုကို မပူဘူးလို့ ယုံကြည်စိတ်နဲ့ ကိုင်လိုက်ရင် တကယ်မပူဘူးလို့ ကြားဖူးတယ်ဗျ

Posted using Partiko Android

စိတ်သာအဓိက ပါ။ ကျေးဇူးပါအစ်ကိုရေ။

မြင့်တာကို မကြောက်မှပါ ပြီးတော့ တက်လဲ တက်နိုင်မှ ။ သူရဲ့ကောင်းအတွက် ဒါဏ်ရာတွေဟာ တန်ဆာဆင်တဲ့ ပစ္စည်းတွေဖြစ်နိုင်တယ် ။

ဥပမာပေးတာလေးကို ကြိုက်တယ်ဗျာ။