ပျော်ရွှင်ခြင်း အစစ်အမှန်ကို ရှာဖွေတွေ့ ရှိနိုင်ပါစေ

in #myanmar6 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ မိတ်ဆွေအပေါင်းတို့ ။
ပျော်ရွှင်ခြင်းနဲ့ပက်သက်ပြီး ဒီနေ့ တင်ပြပါရစေ။ ကျွန်တော်တို့ တွေဟာ ပျော်ရွှင်ခြင်းကို နည်းပေါင်းစုံနဲ့ရှာဖွေလေ့ရှိပါတယ်။ ထိုအချက်ကိုကြည့်ခြင်းအားဖြင့် လူတိုင်းလူတိုင်းဟာ ပျော်ရွှင်ခြင်းကို နှစ်သက်ခုံမင်ကြပါတယ်။ ပျော်ရွှင်ခြင်းရဲ့နောက်မှာ စိတ်ချမ်းသာမှုတို့ စိတ်ကြည်နူးမှုတို့ လည်းပါတော့ အားလုံးလိုလားကြတာမဆန်းပါဘူး။
ပျော်ရွှင်ခြင်းကို အပေါင်းအသင်းတွေန့ဲရှာဖွေကြသလို ငွေကြေးဖြင့်လည်း ဖန်တီးကြပါတယ်။လူတစ်ယောက် ပျော်ရွှင်နေတာ ကောင်း မကောင်းလို့ မေးရင် ပျော်ရွှင်နေတာ ကောင်းတာပေါ့လို့ ဘဲဖြေရမှာပါ။ ဒါပေမယ့် ပျော်ရွှင်ခြင်းရဲ့နောက်က side effect တွေကိုတော့ သတိထားရမှာပါ။ ပျော်ရွှင်ခြင်းမှာ အဆင့်ပေါင်းစုံရှိသလို နည်းပေါင်းစုံလည်းရှိပါတယ်။ အများနဲ့ပျော်ရွှင်တာရှိသလို တစ်ယောက်တည်း ပျော်ရွှင်တာလည်း ရှိပါတယ်။ငွေကြေးကုန်ကျမှုမရှိ တစ်ယောက်တည်းလည်း ပျော်ရွှင်စေနိုင် side effect လည်းကင်းဆို ကောင်းတာပေါ့ဗျာ။

images (27).jpeg

crd.org.source

အလုပ်တစ်ခု ပြီးမြောက်အောင် လုပ်ပြီးရင် ပျော်ရွှင်သောအရသာဖြစ်ပေါ်စေပါတယ်။ ကူညီမှုတစ်ခု အောင်မြင်စွာလုပ်ဆောင်ပြီးရင်လည်း စိတ်ပျော်ရွှင်စေပါတယ်။လှူဒါန်းမှုတစ်ခု ပြုလုပ်ပြီးတိုင်း စိတ်ချမ်းသာရပါတယ်။လူအများဟာ တစ်ယောက်တည်းနေရင် အထီးကျန်ဝေဒနာခံစားရပါတယ်။ ထိုဝေဒနာနဲ့ အတူ ပျော်ရွှင်မှုဟာလည်းဆိတ်သုဉ်းပျောက်ကွယ်သွားတတ်ကြတယ်။ တကယ်တမ်းက စစ်မှန်တဲ့ ပျော်ရွှင်ခြင်းက တစ်ယောက်တည်း နေတဲ့အချိန် ဖြစ်ပေါ်တာပါ။ လူတွေအသုံးမချတတ်သလို လိုက်နည်းလမ်းလွဲတာလည်းပါတယ်။ အပေါင်းအသင်းနဲ့ ပျော်တယ် ငွေကြေးတွေနဲ့ ပျော်တယ်ဆိုတာ အကူလိုသလို ကြားခံပေါင်းမြောက်များစွာလိုပါတယ်။ နောင်တစ်ချိန် ကြားခံတစ်ခုခု လိုအပ်တာနဲ့ရင်မှာဟာတာတာဖြစ်တတ်ကြပါတယ်။ မိမိတစ်ဦးတည်းနဲ့  စစ်မှန်တဲ့ပျော်ရွှင်မှုကိုဖန်တီးနိုင်ရင် ဘာကြားခံမှ အားကိုးစရာမလိုပါဘူး။ ပျော်ရွှင်ခြင်း စိတ်ချမ်းသာခြင်းကို မိမိတစ်ယောက်းတည်းနဲ့  အချိန်မရွေး ပြုလုပ်နိုင်အောင် ကြိုးစားရမှာဖြစ်သလို နည်းလမ်းတွေကို ရှာဖွေထားရမှာပါ။ အသက်ကြီးလာတာနဲ့ အမျှ အထီးကျန်မှုဆိုတာ တစ်နေ့ မဟုတ်တစ်နေ့ ရင်ဆိုင်ကြရမှာပါ။ မည်သူမှအားမကိုးဘဲ မိမိပျော်ရွှင်မှု မိမိစိတ်ချမ်းသာမှုကို အချိန်မရွေးလုပ်ဆောင်နိုင်အောင် ကြိုးစားထားသင့်သလို နည်းလမ်းတွေကို သိထားသင့်ပါတယ်။

tt n3.jpg

crd.org.source

စိတ်ချမ်းသာချင်ရင် သစ်ပင်စိုက်တို့  အသက်ကြီးရင် လေ့လာသင်ယူမှုလုပ်ပါတို့  ဆိုတာတွေဟာ ပျော်ရွှင်ခြင်း စိတ်ချမ်းသာခြင်းကို ဖန်တီးနေခြင်းတစ်မျိုးပါဘဲ။ တကယ့်ငြိမ်းအေးမှုအစစ်အမှန်က တည်ငြိမ် ငြိမ်သက်ခြင်းအပေါ်မှာ အခြေခံပါတယ်။ ဥပမာ စိတ်တည်ငြိမ်ခြင်းဟာ စိတ်အေးချမ်းစေသော အကြောင်းအရာတစ်ခုပါဘဲ။ ဖန်တီးလုပ်ယူသောပျော်ရွှင်မှုဟာ ကြာလာတာနဲ့ အမျှရိုးအီလာပါတယ်။ တကယ့်စစ်မှန်သော ပျော်ရွှင်မှု စိတ်ချမ်းသာမှုက ဘယ်လောက်ကြာကြာ မရိုးနိုင်ပါဘူး။ တစ်ယောက်တည်းနေပြီး စိတ်အေးချမ်းစွာနေတတ်အောင် လေ့ကျင့်ရမှာပါ။မိတ်ဆွေတို့ လည်းပျော်ရွှင်ခြင်း အစစ်အမှန်ကို လေ့ကျင့်တည်ဆောက်နိုင်ပါစေလို့  ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

MSC -228
@mahaw

Sort:  

တစ်ယောက်ထဲ စိတ်ချမ်းသာစွာနေဖို့ကတော့
တရားဓမ္မနဲ့ ပျော်မွေ့ရမှာပ

မှန်ပါတယ်ဦးထွေးရေ။ကျေးဇူးပါ။

ဥဥရေ ခေးဆီကိုလည်းအလည်လာပါအုးံဗျ😘😘😘😋😋

Posted using Partiko Android

လာပါတယ်ဗျာ။

သူလေး ပျော်နေပါစေခွယ် အဲလေ ဘာမှလဲ မဆိုင်ဘူးလား မသိဘူး

သူလေးတွေ ဘာလေးတွေ ရှိနေပြီပေါ့။

ပျော်​ရွှင်​ခြင်းအစစ်​အမှန်​က​တော့ စိတ်​ချမ်းသာမှူ​ပေါ့ဗျာ နိဗ္ဗာန်​​တွေဘာ​တွေက​တော့မမှန်းရဲပါဘူး

စိတ်ချမ်းသာပါစေ ဦးယု။