ကျွန်တော်ပေးချင်သော လက်ဆောင်

in #myanmar5 years ago

download.jpeg

မင်္ဂလာပါ ချစ်မိတ်ဆွေအပေါင်းတို့ 
လူ့ စိတ်ရဲ့သဘောသဘာဝဟာ အံ့သြဖို့ ကောင်းတယ်ဗျ။ စိတ်လန်းဆန်းနေတယ် တက်ကြွနေတယ်ဆိုတာနဲ့  စိတ်ညှိုးငယ်နေတယ် စိတ်ကျနေတယ်ဆိုတာမှာ လူတစ်ယောက်တည်းမှာတောင် တော်တော်ကွာတယ်နော်။ စိတ်မှာ ဘယ်လိုသောအရာက controlလုပ်နေလဲဆိုတာ သိချင်စမ်းပါဘိ။ ရှေ့လူကြီး ပညာရှင်တွေက ကိုယ်ဖြစ်ချင်တာကို လုပ်ယူလို့ ရတယ်တဲ့။ စိတ်အေးချမ်းမှု စိတ်ကြည်နှုးမှုရဲ့အရသာက ပြောမပြတတ်လောက်အောင် ကောင်းတဲ့ခံစားမှုပါ။

images.jpeg

CRD.ORG.SOURCE

ပီတိဖြစ်တယ်တို့ သောမနဿဖြစ်တယ်တို့ ဆိုတာ နှလုံးပီတိဂွမ်းဆီထိသလို သိပ်ကောင်းတဲ့ စိတ်ခံစားမှုပါ။ ထိုကောင်းတဲ့ စိတ်ခံစားမှုကို အမြဲဖြစ်နေအောင် မလုပ်သင့်ဘူးလား မနေထိုင်သင့်ဘူးလားဗျာ။ ကိုယ်ဖြစ်ချင်တာကို လုပ်လို့ ရတယ်ဆို အကောင်းဆုံး အကြိုက်ဆုံးကို ယူသင့်တာပေါ့နော်။ ငွေကြေးဆိုတာမျိုးလို ရှာဖွေရတာလည်းမဟုတ် ကံတရားလို အတိတ်ဘဝက အကျိုးပေးမှရတာလည်းမဟုတ် ။ အခုနေချင်ရင် နေလို့ ရတဲ့ စိတ်ခံစားမှုကို ဘာကြောင့်လက်ဝယ်မထားကြပါလိမ့်။ စိတ်ချမ်းသာတာနဲ့ စိတ်ပျော်ရွှင်တာ မတူပါဘူး။ ထို့အတူ စိတ်နှလုံးအေးချမ်းတာလည်း မတူပါဘူး။ ကျွန်တော် စိတ်နဲ့ ပက်သက်ပြီး ဘာကိုသတိထားမိလည်းဆိုတော့ Emotionကို သတိထားမိတယ်။ စိတ်အေးချမ်းလေ ထိုပမာဏ များလေဘဲ။ ဆိုလိုချင်တာက စိတ်နှလုံးချမ်းမြေ့ဖို့ အတွက် တစ်စုံတစ်ခုသောဓါတ်တစ်မျိုးရှိရပါမယ်။ သိပ္ပံပညာစမ်းသပ်ချက်ကတော့ အင်ဒေါ်ဖင်ဆိုတဲ့ဓါတစ်မျိုးကို စိတ်အေးချမ်းတဲ့သမားတွေမှာ ကြွယ်ဝစွာတွေ့ ရတယ်တဲ့။ ထိုဓါတ်များလေ စိတ်အေးချမ်းလေ စိတ်သဘောထားပြည့်ဝလေပါဘဲ။ ဒါဆို ကျွန်တော်တို့ လိုချင်တာရဖို့  ထိုအင်ဒေါ်ဖင်ဓါတ်ကို များများထုတ်ရမှာပေါ့ဗျာ။ နောက်တစ်ခု စိတ်ရဲ့ထူးခြားချက်က တစ်ချိန်တည်းမှား တစ်ခုဘဲဖြစ်တာတဲ့။ ကျွန်တော်ပြောနေကျအတိုင်း ပူရင်လွှတ်ချလိုက်ပေါ့ဗျာ။ ပူမှန်းတော့ သိဖို့ လိုတာပေါ့နော်။ ပူတယ်ပူတယ်ဆိုပြီးအတင်ဆုပ်ကိုင်ထားရင် ပူသထက်ပူနေမှာဘဲ။ စိတ်နေရာကိုchange place လုပ်တတ်ဖို့ လိုတယ်။ အာရုံပြောင်းတတ်ဖို့ လိုတယ်။အချုပ်ကတော့ ကိုယ်ခံယူတဲ့အပေါ်မူတည်တာပါဘဲ။မိတ်ဆွေတို့ ကိုကျွန်တော်အပေးချင်ဆုံး လက်ဆောင်က စိတ်နှလုံးအေးချမ်းမှုပါဘဲ။ ထိုအရာကို အမြဲလက်ဆုပ်လက်ကိုင်ထားနိုင်အောင် ဒီpostကိုရေးခြင်းဖြစ်ပါတယ်။ မိတ်ဆွေတို့ စိတ်နှလုံးချမ်းမြေ့ပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

@mahaw
MSC - 228

Sort:  

နှလုံးသွင်းတတ်ဖို့ အရေးကြီးတာပေါ့

Posted using Partiko Android

သိပ်မှန်တဲ့ စကားပေါ့ဗျာ။ကျေးဇူးနော် ကိုဟိန်း။

တောင်းတဲ့ဆုနဲ့ ပြည့်ချင်ပါတယ်ဗျာ။ တကယ့် လက်ဆောင်မွန်လေးပါပဲ။

Posted using Partiko Android

ပြည့်ဝပါစေ ညီရေ။ ကျေးဇူးနော်

သိပ်မှန်ပါတယ်။မိမိခံယူတဲ့အပေါ်မှာ မူတည်ပြီး ဖြစ်ပျက်ပြောင်းလဲသွားကြတာပါ။ကောင်းမွန်သော လက်ဆောင် post လေးပါအစ်ကို။

Posted using Partiko Android

ကိုသန့် ပိုင်ဆိုင်နိုင်ပါစေ။ ကျေးဇူးပါ ကိုသန့် ရေ

ဓာတ်က ကူးတဲ့သဘောရှိတယ် ရေပူရေအေးလိုပါပဲ

ရေအေးများရင် ရေပူမလာနိုင်ပါဘူး။ ကျေးဇူးကိုစော

အေးချမ်းတဲ့ စာတွေ ရေးတက်တဲ့ ကိုမဟော်ရေ ဒီပိုလ့်လေးကလည်း ဖတ်ရသူအတွက် စိတ်အေးချမ်းစေပါတယ်

ကျေးဇူးပါ မတ်မတ်စု။

ခံယူချက်​ပါပဲ