ရင့်ကျက်ခြင်း

in #myanmar6 years ago

FB_IMG_1524973561560.jpg
မင်္ဂလာပါ မိတ်ဆွေအပေါင်းတို့ ။
လူတွေ ဘဝကို ဖြတ်သန်းကြရာမှာ တစ်ယောက်န့ဲတစ်ယောက် အခံဓါတ်မတူကြပါဘူး။ ကြားဖူးတာ တစ်ခုရှိတယ်။ ဆေးရုံတွေမှာ မွေးကင်းစခလေးတွေရဲ့ထူးခြားမှုတွေကို မှတ်တမ်းတင်ထားကြတာပါ။ တံခါးပိတ်တဲ့အသံကို တစ်ချို့ ကလန့် ပြီး တစ်ချို့ ခလေးတွေက မလန့် တတ်ဘူးတဲ့။ မွေးလာကတည်းက အခံဓါတ်မတူတာ ထင်းရှားစေတဲ့ အချက်ပါ။

hqdefault.jpg

crd.org.source

အရာရာကိုတွေးမပူတတ်ခြင်း စိုးရိမ်မှု မဖြစ်ပေါ်ခြင်းဟာ အရည်အချင်းတစ်ခုလို့ မြင်မိပါတယ်။ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ဂရုစိုက်သည်ဖြစ်စေ မစိုက်သည်ဖြစ်စေ အလေးထားသည်ဖြစ်စေ အလေးမထားသည်ဖြစ်စေ စိတ်လှုပ်ရှားတတ်ခြင်းဟာ မကောင်းပါဘူး။မနေ့ က အသိညီတော်မောင့်ဇနီး ခလေးမီးဖွားလို့ ဆေးရုံလိုက်သွားတယ်။ ဗိုက်ခွဲမွေးတာဆိုတော့ တစ်ခုခုလိုအပ်ရင် သွေးလှူမယ့်သူတွေခေါ်ထားပြီးအရန်သင့် စောင့်နေကြတယ်။ ကျွန်တော်ကတော့ ကိုယ်ဝန်သည်မိခင်အတွက် စိတ်တွေပူနေမိတယ်။ ရှေ့က ကိုယ်ဝန်သည်တစ်ယောက်ခွဲတာ လိုအပ်တဲ့အချိန်ထက် ပိုကြာတော့ စိုးရိမ်မိတာပေါ့။ ကျွန်တော့်အသိ ညီတော်မောင်ကတော့ အေးအေးဆေးဆေးဘဲ။ ပုံစံတစ်ချက်မပြတ်ဘူး။ ပြောရမယ်ဆိုရင် တည်တည်ငြိမ်ငြိမ်ဘဲ။ ကျွန်တော်သာသူ့ နေရာမှာဆိုရင် ထိုလောက်မနေနိုင်ဘူး။ နည်းနည်းတော့ ပယာခတ်နေလောက်ပြီ။ သူ့ ကိုမမွေးခင် ရက်အပိုင်းအခြားလောက်ကတည်းက သတိထားကြည့်မိတယ်။ အေးအေးဆေးဆေးဘဲ။ ဘာပူပန်မှု စိုးရိမ်မှု လက္ခဏာတွေမတွေ့ ရ။ ဆေးရုံတင်တဲ့နေကလည်း အစ်ကိုရေ ကျွန်တော့ ဇနီးကို ဒီနေ့ ဆေးရုံတင်လိုက်တယ်။မနက်ဖြန် ခွဲမယ် အစ်ကိုတို့ မှာမို့ လား ဆိုပြီးအေးအေးဆေးဆေးနေနိုင်တာကို သတိထားမိတယ်။ အမှန်အတိုင်းပြောရရင် ထိုအရည်အချင်းလေးရှိတဲ့သူ့ ကိုလေးစားမိတယ်။ သူဆို ဘာသာရေးလုပ်ထားလို့  စိတ်တည်ငြိမ်နေတာမဟုတ်ပါဘူး။ သူ့ နေပူံထိုင်ပုံကကို ငြိမ်တာ။ ထိုတစ်နေ့ တာဟာ သူ့ အတွက် ပုံမှန်နေ့ တစ်နေ့ ဖြတ်သန်းသလိုဘဲမြင်နေရတယ်။ ကျွန်တော်ဆို ဘေးလူ။ သူတို့ နှစ်ယောက်လုံးက ညီညီမတွေလိုခင်ခဲ့တာဘဲရှိတယ်။ ကျွန်တော်ကတော့ အကြီးတစ်ယောက်အနေနဲ့ အပြင်ပုံပန်းသဏ္ဍန်ငြိမ်တယ်လို့ ထင်ရပေမယ့် ကိုယ်စိတ်ထဲဖြစ်နေတာ ကိုယ်အသိဆုံးပါ။ စိတ်ပူနေမိတယ်။ ခလေးမွေးပြီးမှဘဲ စိတ်အေးသွားတော့တယ်။ အသိညီတော်မောင်ကတော့ အေးအေးဆေးဆေးဘဲ။ ကိုယ့်ညီကို ကြိတ်လေးစားနေတယ်ဆိုပါတော့ဗျာ။

images (28).jpeg
crd.org.source

ကျွန်တော် ဘာသာရေးကိုစိတ်ဝင်စားတာ စိတ်အေးချမ်းချင်လို့  စိတ်တည်ငြိမ်ချင်လို့ ပါ။ တစ်ချို့ သူတွေက အံ့သြဖွယ်ကောင်းလောက်အောင် စိတ်တည်ငြိမ်ကြတယ်။ ဘာသာရေးတို့ ပညာအရည်အချင်းတို့ န့ဲမဆိုင်ဘူး။ မွေးလာကတည်းက အခံဓါတ်ကောင်းလာတဲ့ပုံမျိုး။သူတို့ ကို လုပ်ဖို့ မလိုဘူးပြောခြင်းမဟုတ်ပါ။ စိတ်ငြိမ်တဲ့အခံဓါတ်ပါလာတော့ ကောင်းတယ်လို့ ပြောခြင်းသာဖြစ်ပါတယ်။ စိတ်မပူတတ်တဲ့သူက ပူကိုမပူတာ။ စိတ်ပူတတ်တာက ကောင်းတဲ့အလေ့အကျင့်မဟုတ်ပါဘူး။ စိတ်လှုပ်ရှားခြင်း ပျာယာခတ်ခြင်းဟာ မရင့်ကျက်ခြင်းရဲ့လက္ခဏာပါ။ ကျွန်တော်တို့ တွေ ဘဝကိုရင်ဆိုင်တဲ့အခါမှာ ရင့်ကျက်ဖို့ လိုအပ်ပါတယ်။ ကိုယ်ကအခံဓါတ်အားနည်းရင် ရင့်ကျက်ဖို့ သူများထက် ပိုကြိုးစားရမှာပါ။ ဖြစ်လာတဲ့အခြေအနေမှာ အကောင်းဆုံးဖြစ်အောင်လှော်ခတ်နိုင်ဖို့ အရေးကြီးပါတယ်။ အရပ်စကားနဲ့ ပြောရရင် ဒေါင်ကျကျ ပြားကျကျပေါ့။ ဘဝအတွက် ရင့်ကျက်ဖို့ အရေးကြီးပါတယ်လို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

MSC-228
@mahaw

Sort:  

ဒီအခြေအနေမှာတော့ အစ်ကိုနဲ့ကျွန်တော်တူသွားပြီဗျာ။ကျွန်တော်လည်း အပြင်ပန်းနေထိုင်တဲ့ပုံကြည့်ရင် အေးအေးဆေးဆေးဖြစ်ဟန်ရှိပေမဲ့ စိတ်ထဲမှာတော့ အစ်ကိုပြောသလိုပါပဲခင်ဗျာ။ကြိုးစားကြရအုံးမှာပါ။ကောင်းမွန်သော post လေးပါအစ်ကို။

အေးဗျ ရင့်ကျက်ဖို့ကြိုးစားနေရတုန်းပဲ

ရင့်ကျက်ခြင်းဆိုသည်မှာ အချိန်နဲ့ မြဲထိပ်တိုက်ရင်နေရတဲ့အကြောင်းအရာတွေအပေါ် ရင်နှီးမြှပ်နံ့ ခြင်းသာဖြစ်သည် ဟိဟိဥဥ😂😂😂

Posted using Partiko Android