ကျိုက်ထီးရိုး ဘုရားဖူးခရီး

in #myanmar7 years ago (edited)

20180217_170952.jpg

ကျိုက်ထီးရိုး ဘုရားဖူး
17 Feb 2018ရက် နေ့နံနက် ကျိုက်ထီးရိုး ဆံတော်ရှင်သို့ ခရီးစ ထွက် လာခဲ့ပါပြီ။တိုးတက် ပြောင်းလဲလာသော ဒီခေတ်ကြီး အလွန်း အားရဖွယ် ကောင်းလှပါတယ်ဗျာ။ လမ်းခရီးတလျှောက် လမ်းတာချဲ့ နေတာ တွေ့ရတော့ အလွန်ပင် ဝမ်းသာခဲ့ရတာပေါ့ဗျာ။လမ်းတွေကိုလဲ ပြန်ပြင်ထားလိုက်တာ ကားကိုငြိမ်ကျနေတာပဲ။ဒီလိုနဲ့မောင်းလာ လိုက်တာ ကင်မွန်းစခန်းကို ရောက်ရှိလာပါတယ်။ကင်မွန်စခန်း ရောက်တော့ ကားထားဖို့နေရာ ဟိုကခေါ်ဒီကခေါ်နဲ့ ကားအပ်ဖို့နေရာ တွေ အများကြီးရယ်ဗျာ။ဒါနဲ့ကျွန်တော်လဲ ကေဘယ်စီးဖို့ သွားရမဲ့ကားဂိတ်နဲ့ အနီးဆုံးမှာ ဝင်အပ်လိုက်တယ်။အပ်ခကတော့ နေ့ချင်းပြန်ရင် ၃၀၀၀ ညအိပ်ရင်တော့၅၀၀၀ ဆိုတာနဲ့ ဈေးစစ်လိုက်တာ ၄၀၀၀ နဲ့ရ ခဲ့လိုက်တယ်။အဲ့နောက်တော့ တောင်တက်ကားကို ၁၅၀၀ဖြင့် စီးကာ ကေဘယ်စီးရန်ခရီးဆက်ခဲ့ပါတော့တယ်။
image
ကေဘယ်စီးရန် လက်မှတ် တန်းစီးရပြီပေါ့။
တဦးလေးထောင်ကျပ် ကျသင့်ပါတယ်တဲ့ဗျာ။ကေဘယ်စီးပြီး တောင် ပေါ်ကို တက်လာရတာ အလွန်ပင် တန်ဖိုးရှိလှပါတယ် ။ ဈေးနှုန်းလဲ သက်သာသလို လူလဲသက်သာစွာနဲ့ သဘာဝ ရှုမျှော်ခင်းတွေ ကိုလဲ ကြည့်ရှုခံစားရတာ အလွန်တန်ဖိုး ရှိလှပါတယ်။
20180217_121238.jpg

image
တောင်ပေါ်ရောက်တဲ့အခါ ကေဘယ်ပေါ်ကဆင်းကာ ဘုရားရင်ပြင်ပေါ်သို့ ခြေလျှင်ခရီး ဆက်ရပါတော့တယ်။ကျောပိုးအိပ်ကိုလွယ်ကာ တက်လာလိုက်တာ ရင်ပြင်ထိ ရောက်တော့ရောက်လာလေပြီ။တောင်ပေါ်မှာ အေးတယ်ဗျ။အေးပေမဲ့လို့ အေးတာကတ ခြား မောတာကတခြား လမ်းဘေးဝဲယာမှာလဲ ရွှေရင်အေးတဲ့ အော် ခေါ်နေတော့လဲ အားပေးရဦးမှာပေါ့လေ။
image
ရွှေရင်အေးလေး သောက်ပြီး အမောပြေတော့ အခန်းရှာရပြန်သည်။ အခန်းက အဆင်ပြေသွား သည်။ဒါပေသိ ဈေးတော့ကြီး၏ ၆၀၀၀၀ဆိုပါလား။(မှတ်ချက် - စိတ်မ လောပါနဲ့ အေးဆေးမှရှာပါရနိုင်ပါသည်။) ဒါပေမဲ့လဲ ယူလိုက်ရသည် ဆိုပါတော့ဗျာ။ကဲ အခန်းလဲ ရပြီဆိုတော့ အခန်းထဲ အထုပ်တွေချပြီး ခဏလောက်တော့ နားလိုက်တာပေါ့။ပြီးတဲ့အခါ အဝတ်အစားလည်း ပြီး ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်အား ခရီးဦးကြို ဝတ်ပြုဆု တောင်းကာ ရွှေသင်္ကန်း ဆက်ကပ်ပူဇော် ခဲ့ပါသည်။ဖူးမျှော်၍ မဝနိုင် အောင်ကိုပါပဲ အလွန်ကြည်နူး ဝမ်းမြောက်ဖွယ်ကောင်းလှပါသည်။ ညအခါ ရင်ပြင်ပေါ်မှဖူးမျှော်ရသော မြင်ကွင်းသည်အလွန်ကို ကြည်ညိုဖွယ်ကောင်းလှပါသည်။
20180217_214614.jpg

ကျွန်တော်လဲ ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော် မြတ်ကြီးအား အနီးကပ် ဖူးမျှော်ပြီး အဓိဠာန်ပုတီး စိတ်ကာ အားရဝမ်းသာ ကုသိုလ်တရား ပွားများနိုင်ခဲ့ပါသည်။ထိုနောက်တော့ နားဆောင်သို့ပြန်ကာ နံက် အတွက် တောင်တက် တောင်ဆင်း ပြုလုပ်ရန် အဖို့ ရာ အားမွေးကာ အိပ်စက် အနားယူလိုက်ပါတော့သည်။
20180218_055414.jpg
နံနက်မိုးသောက်မှာတော့ပန်း ရေချမ်း ဆွမ်း အလင်းတိုင် အမွှေးနံသာများ ကပ်လှူပူဇော်ကား ဆုတောင်းမေတ္တာပို့ အမျှတန်းပေးဝေခဲ့ပါသည်။
20180218_071504.jpg
ထိုနောက် အစာပြေစားကာ ကျီးကန်းပါးစပ်တောင်တော်ဆီသို့ ဆက်လက် ခရီးဆက်လာခဲ့ပါသည်။ လမ်းတလျှောက် မတ်စောက်တဲ့ လှေကထစ်များကို တက်လှမ်းရင်းပေါ့။
ကျီးကန်းပါးစပ် ရောက်
တော့လဲ သဘာဝရှုခင်း တွေကိုကြည့်ပြီး အကြွေစေ့လဲကာ ဆုတောင်းရင်းပစ် ဝင်တော့ဝမ်းသာ မောပမ်းနွမ်းနယ်ခြင်းတွေ မေ့ပျောက်ရ ပြန်တာပေါ့ဗျာ။
20180218_070632.jpg
နောက်တခု ခရီးဆက် နတ်ရေကန်ရှိရာ တက်လာရပြန်သည်။ဒီတခေါက် သိပ်မမော သွားရတဲ့ခရီးက နီးလေ
သလောပေါ့။ဟုတ်တယ်ဗျ ကျီးကန်းပါးစပ်နဲ့ ကပ်လျှက်ရှိနေပါတယ်။
20180218_073703.jpg
ထို့နောက်မုဆိုးတောင်သို့ ဆက်လက် ချီတက်ပါတော့ သည်။ လမ်းတွေ့တဲ့ ဂျီသားခြောက်ဖုတ်လေးနဲ့ ရေနွေးကြမ်း လေး ရတဲ့ဆိုင်မှာ ထိုင်ကာ အမောဖြေရင်း သဘာဝ လေအေးလေးကိုရှူရှိုက်ရင်း တောင်တန်းတွေကို ငေးမောကြည့်ရင်း ခေတ်တခဏ နားလိုက်ကသည်။ လမ်းဘေး ဝဲယာတွင်လဲ လက်ဆောင်ပစ္စည်းဆိုင်များ အကြောပြေ လိမ်းဆေးဆီဆိုင်များနှင့် အလွန်တရာ စည်ကားလှ ပါသည်။
20180218_080041.jpg
မုဆိုးတောင်တော်ပေါ် ရောက်တော့ တောင်ထိပ်က ကျောက်တုန်ကြီးတွေဘေးမှာ ပက်လေးလှန်ကာ လွတ်ဆတ်တဲ့ လေအေး လေးတွေကို ရှုရှိုက်ရင်း အမောဖြေကာ ခဏနားပြီး မုဆိုးတောင် စေတီတော်အား တက်ရောက် ဖူးမျှော်ကန်တော့ခဲ့ပါသည်။
တည်းခိုဆောင်ကလဲ 10:00 ပြန်အပ်မှာဆိုတော့ အမှီပြန်လာကာ ပစ္စည်းသိမ်းရလေသည်။ထို့နောင်မှာ
တော့ကျိုက်ထီးရိုး ဆံတော်ရှင်အား ဦးလိုက်ကာ တောင်ခြေ ကေ
ဘယ်ဖြင့်သာ ပြန်ဆင်းခဲ့ပါသည်။ သဘာဝရဲ့ ရှုမျော်ခင်းတွေက
ကြည့်လို့ပင်မဝနိုင်တော့ပါ။ဖြစ်နိုင်ပါက ၁၀ ရက် ၁၅လောက်မျှ နေ
လိုက်ချင်ပါသေးသည်။ image

ရေးသားသူ - msc - 042
@mgmgaung (or)kokokyaw

Sort:  

ဘုရားဖူး ခရီးစဉ်လေးကို မျှဝေပေးတာ ကျေးဇူးပါ Bro ရေ

ဟုတ်ကျေးဇူးပါဗျ

ကြည်နူးစရာလေးဗျာအစ်ကိုရေ ကျွန်တော်လဲဒီနှစ်ထဲသွားအုံးမှာ။အားပေးသွားတယ်နော်။

ကျေးဇူးတင်ပါတယ်ဗျ။တကယ်ကို ကြည်နူးစရာပါ

အမှတ်တရခရီးစဉ်လေးပေါ့...

ဟုတ်ပါတယ်ဗျ

အယ် နေ့ချင်းပြန်ဆို ဈေးလျော့ပေးတာလား

ဟုတ်တယ်ဗျ

အမှတ်တရခရီးစဉ်လေးပေါ့နော်

ဟုတ်ပါတယ်ဗျာ

ရောက်​ဖူး​သေးဘူး😢

ဒေါ်လာတွေရှိနေတာပဲရောင်းသွားလိုက်ပေါ့လို့

သွားစဉ်​က ​ကေဘယ်​မစီးခဲ့ရဘူးဗျ
ပုံ​စောင်​​နေတာတည့်​ရင်​​ကောင်းမယ်​ဗျ

ဟုတ်ပြင်လိုက်ပါပြီကျေးဇူးပါဗျ

ဒီနှစ်​ အရမ်းသွားဖူးချင်​​နေတာ အစ်​ကို​ရေ
ခုလို ​ဈေး​လေး​တွေ​ရောသိ​အောင်​​ပြောပြတာ ​ကျေးဇူးပါဗျာ

ကိုလိုထိမှာစိုးလို့လေ

မနက်​​စော​စော​တောင်​​ပေါ်ရူခင်း​လေး​တေအ​ရမ်းလှတယ်

ဟုတ်ပါတယ်ဗျာဖူးမျှော်မဝနိုင်ပါဘူးဗျာ

ဘယ်​နှ​ခေါက်​​ရောက်​​ရောက်​ ထပ်​သွားချင်​တာ....

အမှန်ပဲ