ချင်းပြည်နယ် ဟားခါးမြို့သို့ (၄)

in #myanmar6 years ago (edited)

(1)
https://steemit.com/myanmar/@mgmgaung/undefinedngyapnyny-hakha-mi-tho-4f4a4fa5f9b
(2)
https://steemit.com/myanmar/@mgmgaung/undefinedngyapnyny-hakha-mi-tho-2-9428828b36376
(3)
https://steemit.com/myanmar/@mgmgaung/undefinedngyapnyny-hakha-mi-tho-3-b82f1e8f44e85

image

                       မနက်ခင်းရုံးကို ထွက်လာခဲ့အခါ သာယာလှတဲ့ ရာသီဥတုနှင့်အတူရုံးသို့သွားရာလမ်းတလျှောက် တွင်တောင်စဉ်အတိုင်း တည်ရှိနေအိမ်လေးများနှင့် အဝေးကလှမ်းမြင်နေရသော တောင်တန်း ကြီးတွေကြည့်ကာ ကြည်နှုးပျော်ရွှင် မိသည်မှာအမှန်ပင် ဖြစ်တော့သည်။

image

                                   ရုံးရောက်တဲ့အခါ စတင်တွေ့လိုက် ရတာက ရုံးပုံစံလေးက ထူးခြားနေ သလိုပေါ့။ဒါပေမဲ့ ထိုရုံးလေးမှာ နေရမှာမဟုတ် ပေမဲ့ ချင်းအိမ်ပုံစံ အကြီးစားမျိုးပေါ့။ကျွန်တော်တို့ လင်မ

ယားနှစ်ယောက်လဲ ကားပေါ်မှဆင်းကာ ရုံးထဲသို့ဝင်လာခဲ့ပါတယ်။ရုံးထဲရောက်တော့ ရုံးဝန်ထမ်းများနှင့် ညွန်ကြားရေးမှူးမှ မိတ်ဆက်ပေး ပါတယ်။ ချင်းတိုင်းရင်းသားများ ပါသလို မြေပြန်ကနေ လာရောက်တာဝန်ထမ်းဆောင် နေရသူ အရာထမ်းဝန်းထမ်းတွေလဲ ပါရှိလိုနေပါတယ်။ မိတ်ဆက် စကားပြောပြီးနောက် ဆရာအား ခွင့်ပန်ကာ လိုအပ် သည်များ ဝယ်ယူရန် ဈေးထဲသို့ ထွက်လာခဲ့သည်။ဆရာမှကားနှင်ကားဆရာ ပေး၍အဆင်ပြေသွားပါသည်။စအထွက်မှာတော့ အဆာ
ပြေစားရန်က အဓိကပေါ့။ ကားဆရာအမည်ကတော့ လင်းကူး ဟုသိရပါသည်။
(အလွယ်ခေါ်ဆိုခြင်းပါလေ နာမည်ရင်းကိုတော့ မခေါ် တတ်ပါ။)
"လင်းကူးရေ ဒီမှာဘာအစားအစာကောင်းလဲ"
"စာဘူးသီးရှိတယ် စားမလား"
အး နာမည်ကတော့ အဆန်းသားစားမယ်"
ဒီလိုနဲ့ကျွန်တော်တို့ သုံးဦးသား ဆိုင်ထဲသို့ ဝင်လာခဲ့သည်။ဆိုင်လေးက ကုန်းပေါ်လေးမှာ အဝင်ဆိုင်ဝ ကကျင်းပါသော်လဲ ဆိုင်နောက်ဘက် အလျားလိုက်ကား ရှည်သည်။ဆိုင်ထဲတွင်လဲ စားသုံးသူ များပြားလှသည်။
image
"လင်းကူးရေ မင်းပဲမှာလိုက်ကွာ"
လင်းကူး ဆိုင်ရှင်ရှိရာသွားပြီး ချင်းလိုပြောကာမှာနေသည်။
"ဆရာ ဒီဆိုင်က ဒီမှာ အကောင်းဆုံးပဲ"
" ဟုတ်လား ကျေဇူးပဲကွာ"
"အာရပါတယ်ဆရာ"
ကျွန်တော်တို့လဲ စကားအပြောပြောဆိုင်စောင့်နေစဉ် မှာထားသည်များရောက်လာနေသည်။ပန်းကန်လုံးဇောက်ထဲတွင်တော့ ဆန်ပြုတ်လို ပြစ်ပြစ်ပုံစံပေမဲ့ ဆန်မဟုတ် အလုံး နည်းနည်း ကြီးကြီးတွေနှင့် အသားတုန်များတွေ့ ရလေသည်။အေးသောရာသီဥတုနှင့် လိုက်ဖက်သည်ဆိုနိုင်သည်။အငွေ့ထောင်းထောင်းထနေ၍ ချက်ခြင်းပင် မစား
နိုင် ရှေ့တွင်ငရုပ်သီးမှုန့်ပန်ကန်ကလဲ ရှိနေလေသည်။နည်းနည်းကြာ အအေးခံခါစားလိုက်သည်။အရသာသည် တခုခုလိုနေလေပြီ။
"ဆရာစားလေ"
" အေးပါတခုခုလိုနေသလိုပဲ"
" အော် အစပ်လား ဒီမှာလေ"
"ဟုတ်ဘူးကွ ငံပြာရေတောင်းပေးပါလား"
"အာ ရဘူးလေ ဆရာကလဲ "
" ဟေ ဟုတ်လား"
"ဒီတိုင်းစားရတာ ဆရာရဲ့"
မဖြစ်ခြေတော့ မေးမြန်းစားမှ ရတော့မယ်။ကျွန်တော်လဲမိန်းမကို မျက်စာပြစ်လျှက် အသားဖတ်များ ကိုသာ စိတ်မပါလက်မပါ နည်းနည်းဝါးလျှက်
"ဒါဘာနဲ့ချက်တာလဲကွ"
ပြောင်ဘူးကို အသားနဲ့ ရောချက်ထားတဲ့။ဒီကလူတွေက
အချိုမှုန့် ဆား အရောင်တင် အနံအရသာမှုန့် မသုံးကြ ကြောင်း ကိုပြောပြလေသည်။ခုနောက်ပိုင်း မှသာလျင် ဆီ စား အနည်းငယ် သုံးလာ ကြသည်ဟု သိလိုက်ရသည်။
အရသာမပါပဲ ပြောင်းဘူးနှင့် အသားသာပါသော ဤစားပွဲအား အားနာနာဖြင့် ထားခဲ့လိုရတော့သည်။မည်သို့မှပင် စား၍မရတော့ပါ။
ကျွန်တော်တို့ လင်မယား နှစ်ယောက်လဲ ဆိုင်ရှင်အား ရီပြ နှုတ်ဆက်ရင်း အားနာစွာနဲ့ အတွေးကိုစီတွေးရရင်း ဆိုင်ပြင်သို့ ပြန်ထွက်လာခဲ့သည်။ လင်းကူး ကတော့ အားနာစွာနဲ့
" နောက်ပိုင်းကြိုက်သွားမှာပါဆရာ အစမှလို့ပါ"
" အေးပါဟုတ်ပါတယ် ခုမှစားဖူးတာကို"
"ဟုတ်ကဲ့ အဲ့ဒါ ကျွန်တော်တို့တိုင်းရင်းသား အစားအစာ"
" ဈေးသွားရအောင်ကွာ"
"ဟုတ်ကဲ့ ဟုတ်ကဲ့"
ဈေးရောက် လာတဲ့အခါ မြေပြန်လိုပင် ကုန်စုံဆိုင် မုန့်ဆိုင်အသုံးဆောင် ပစ္စည်း အကုန်ရှိနေလေသည်။ ခုမှစိတ်ချမ်းသာရတော့သည်။ဈေးသည် ဒီတခုထဲရှိသည်ဟုသိရပြီးမြေပြန်ဈေးလိုတော့ စုံလင်လှသည်။အခြောက်အခြမ်း အသုံးအဆောင် အကုန်ဝယ်ရတော့သည်။သပ်၍ မဝေး သော်လဲ ခြေလျှင်လာရန် မဖြစ်နိုင်ပါ။လမ်းကောင်းသော်လဲ
တောင်ကုန်းအတက် အဆင်းများသောကြောင့်ဖြစ်သည်။
image
ကဲစားရေးအတွက်အဆင်ပြေခဲ့လေသည်။နောက်မှလိုအပ်လာလျှင်
ပြန်ဝယ် ရတော့မည် ခုတော့ဒီလောက်ဆို အဆင်ပြေလေသည်။
"လင်းကူးရေ ကွမ်းဆိုင်ရှိရင်ခဏရပ်ကွာ ကွမ်းဝယ်ရအောင်"
"ဟုတ်ကဲ့ဟုတ်ကဲ့"
ကွမ်းဆိုင်ရောက်တော့ 500 ဖိုးမှာလိုက်တယ်။အဲ့မှာလဲတမျိုးတွေ့ပြမ်ရောဗျာ။ဘာလဲဆိုတော့ကာ ကွမ်းရွက်ကို ထုံးမပွတ် ဆေးမထည့်ပဲ
ကွမ်းရွက်နဲ့ ကွမ်းသီးပဲထည့်ပြီး ယာလိုက်တယ် ပြီးမှ ထုံ နှပ်ဆေးအ
ရည် ဆေးမွှေတို့ကိုအပြင်ကနေလောင်းထည့်လိုက်တယ်။ဟိုက်သွားပါပြီ ဘယ်လိုစားရပါတော့မလဲ။သူတို့ကတော့ဟုတ်လို့ ကွမ်းမှာပြီးတာနဲ့ ကွမ်းယာခုန် အပေါ်မှာတင်ထားတဲ့ နှပ်ဆေးခွက်ထဲက အရည်ကို ဇွန်းနဲ့ခပ်သောက်လိုက်သေး။ကျွန်တော်အဖို့ မှာတော့ ကံကောင်းသည်က ကွမ်းယာပစ္စည်းအစုံ ရသောကြောင့် အိမ်ယာကွမ်းနဲ့ အဆင် ပြေသည်။
image

ဒီလိုနဲ့ ညနေရုံးဆင်းချိန်တွင် အိမ်သို့ပြန်ခဲ့သည်။အိမ်အပြန် ညနေပိုင်း
မြင်ကွင်းး တမူထူးခြားစွာ လှပနေလေသည်။အဘယ်ကြောင့်ဆိုသော်
ထင်မှတ်မထားသော တိမ်ဆိုင်များနှင့် တပြေးတည်း ရှိနေသော မြင်
ကွင်းကား ယခုကိုယ်တိုင်တွေ့မြင်ရသောကြောင့် ဖြစ်ပေသည်။
ရေးသားသူ msc042
@mgmgaung

Sort:  

ဖတ်​ရတာ​ဗဟုသုတရပါတယ်​ဗျာ ..​နောက်​တစ်​ခါ ဆားဗူး​လေး​​ဆောင်​ထားပါ အစ်​ကို​ရေ ..😀

ဟုတ်ပ အထူးပိတ်ကျွေးတာ ဆားမပါလို့ ဆားတောင်းပီး
အသားလေးဖဲ့တို့စားခဲ့ရတယ်ဗျာ

စာရေးသူနာမည်နဲ့ MSC နံပါတ်တပ်ဖို့ကျန်ခဲ့ပြီ။ edit လိုက်ပါဦးနော်။

ဟုတ်

အေးတော် အဲ့စာဘူသီး ချက်စားကြည့်မလို့ဟာ ကို
မေ့နေတာ နောက်post ကျရင် လုပ်စားတာ တင်ပလိုက်မယ်

ချက်ပြီးကျွေးဦးနော်

ပုံရောလူရောလှတယ်ဗျာ။လိုက်မှလိုက်ပဲ။ခန့်ချောကြီးပဲဗျ။

မုန့်ဝယ်ကျွေးမယ်နော်

အခုထိ အေးနေတုန်းပေါ့နော် ပုံတွေ လှတယ်ဗျာ

၁၂ ရာသီအေးတာ ကိုအောင်ရေ

ကွမ်းယာ ပုံကအဆန်း​နော်

ဟုတ်ဗဗျာ။ပုံတွေပျက်ကုန်လို့ပြချင်တာ

လှတယ်ဗျာတိမ်တွေနဲ့ 
ဆား အချို မှုန့် မပါ တော့ မြန်မာလျှာနဲ့ တွေ့ ပြီးပေါ့

ဟုတ်တယ်ဆာရေ

အပေါ်နားက စာလေးတွေ edit ပြန်လုပ်ရင် ပို အဆင်ပြေမယ် ထင်ပါတယ် ခည ။ စာပျောက်လေးတွေနဲ့မို့ပါ ။

ဟုတ်

မြင်​ကွင်း​တွေက​တော့လှတယ်​​နော်​။

ဟုတ်တယ်အတော်လှတယ်ခုမှပြန်သတိရနေရတာလေ။နေစဉ်တုန်းက ပြန်ပြေးဖို့ပဲစဉ်းစားနေတာဟီးဟီး

ရောက်ဖူးချင်တယ် ချင်းပြည်နယ်