ဘာသာပြန်ဆိုရာတွင်-1

in #myanmar6 years ago

A339FFF5-A422-4277-9EFC-4E27ACAD37F8.jpeg

အားလုံးသိကြသည့်အတိုင်းပင် ယခုနောက်ပိုင်းတွင် မြန်မာအများစုသည် ဘာသာပြန်စာပေများ၊ဆောင်းပါးများကို အရေးများလာသည်ကိုတွေ့ရသည်မဟုတ်ပါလား။ထို့ကြောင့် ဤတစ်ပတ်တွင် ကျွန်တော်မောင်တိုးတက်တစ်ယောက် ဘာသာပြန်သည်နှင့် ပက်သက်သည့် ဗဟုသုတများ၊ဆောင်ရန်၊ရှောင်ရန်များကို ရေးသားလိုက်ရပါသည်။

ဘာသာပြန်ခြင်းနှင့်ပက်သည့်၍ စာရေးသူတို့ မြန်မာစာတွင် ဆရာကြီးဦးဧမောင် နှင့် ဆရာကြီးဦးဝန်တို့၏ ဟောပြောချက်၊ဆုံးမချက်များသည် အထင်ကရရှိပါသည်။ ဆရာကြီးဦးဧမောင်သည် မြန်မာပြည်တွင် ဘာသာပြန်စာပေအသင်းမှ အထင်ကရဘာသာပြန် စာရေးဆရာတစ်ယောက်ဖြစ်ပေသည်။ထို့ကြောင့် မြန်မာလူမျိုးများအနေဖြင့် ဘာသာပြန်ဆိုခြင်းနှင့်ပက်သက်သည့် အယူအဆများကို အဆိုပါဆရာကြီးများ၏ ဟောပြောချက်များတွင် သွားရောက်လေ့လာနိုင်ပါသည်။

59A8AB21-5234-4FD5-85DD-68E5282C61B6.jpeg

ဘာသာပြန်ဆိုခြင်းနှင့် ပက်သက်၍ စာရေးသူတို့ကျောင်းတုန်းက ဘာသာပြန်(translation)ဆရာများ၊ဆရာမများ သင်ကြားခဲ့ရာတွင် ဘာသာပြန်မည့်သူတစ်ယောက်အနေဖြင့် သိရမည်မှာ မိမိပြန်ဆိုမည့် ဒုတိယဘာသာကို ပြန်ဆိုမည့်ဘာသာ(Target Language) တစ်နည်း TL ဟု ခေါ်ဆိုလေ့ရှိကြပြီး မိမိပြန်ဆိုမည့် မူရင်းဘာသာစကားကို မူရင်းဘာသာစကား(Source Language) တစ်နည်း SL ဟုခေါ်ပါသည်။

ဥပမာအားဖြင့်ဆိုရသော် ဘာသာပြန်မည့်သူသည် အင်္ဂလိပ်လိုရေးသားထားသည့် ဝတ္ထုမှ မြန်မာဘာသာသို့ ပြန်ဆိုမည်ဆိုပါစို့။ထိုအခါတွင် အင်္ဂလိပ်ဘာသာသည် မူရင်းဘာသာစကား (Source Language) ဖြစ်၍ ပြန်ဆိုမည့် မြန်မာဘာသာသည် ပြန်ဆိုမည့်ဘာသာစကား ( Target Language) ပင်ဖြစ်သည်။

84A60911-C7C0-447D-AA8D-BF4B887644A0.jpeg

တရုတ်ဘာသာဖြင့်ရေးထားသည့်ဆောင်းပါးကို အင်္ဂလိပ်ဘာသာပြန်မည်ဆိုပါကလည်း တရုတ်ဘာသာစကားသည် မူရင်းဘာသာစကား (Source Language အတိုကောက် SL) ဖြစ်၍ အင်္ဂလိပ်ဘာသာစကားသည် ပြန်ဆိုမည့်ဘာသာ (Target Language အတိုကောက် TL) ဖြစ်ပေသည်။ ထို့ကြောင့် ဘာသာပြန်ဆိုရာတွင် Source Language နှင့် Target Language ထိုနှစ်ခုကို ဘာသာပြန်မည့်သူအနေဖြင့် ကွဲကွဲပြားပြား သိရှိရန်လိုပါသည်။

~ဆက်ရန်~

written by @mgtoetat
photos by @mgtoetat
MSC-073
post on busy

Sort:  

အယ် ချိတတ်ကလည်း လာအားပေးသွားတယ်နော် ကိုတိုးတတ်ရေ။

ဒီမှာ တင်းတယ် တင်းတယ်သီချင်းဆိုရမလိုဖြစ်နေပြီဗျို့

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.thefreedictionary.com/target+language

So,How can I imagine target language to the readers!This is not similar context!!This is just a word to explain about the nature of language!

And your link is not a similar content!!it is just a web dictionary!

ဘာသာပြန်ဆိုတဲ့ နေရာမှာ မူရင်းစာရေးသူရဲ့ ဆိုလိုရင်းအဓိပါယ်ကိုလည်း မကွဲလွဲအောင် ပြန်ဆိုသင့်ပါတယ်

ဟုတ်ပါတယ် အစ်မစုလှိုင်ဗျ

MSC မှာတော့ SL တွေက မတ်မတ်ကြည်တို့ ကိုမိုးဇော်တို့ တင်ထွန်းနိုင်တို့ပဲ မောင်တိုးတက်ရ ☺☺☺ အဲဒီ SL တွေကို တော် မနည်း ကျက်ထားရတယ် နီရေးထားတဲ့ SL တော့ နားမလည်ပါဘူးလေ ☺☺

ကိုစိုးက နောက်ပြီဗျာ SL ချင်းတူနေတာ သတိမထားမိလိုက်ဘူး 😁

😂😂😂😋

ဟိဟိ😂😂😂😂

ဘာသာပြန်ကောင်းတစ်ယောက်ဖြစ်ဖို့ ကလည်း တော်တော်ကို ပိုင်နိုင်ကျွမ်းကျင်ရမယ်ထင်တယ် ဆရာဖေမြင့်ရဲ့ နှလုံးသားအာဟာရကို သူ့ ရှေ့မှာ များစွာဘာသာပြန်သွားကြတဲ့သူတွေရှိတယ် ဒါပေမဲ့ ခရီးမတွငခဲ့ဘူး ဆရာဖေမြင့်လက်စွမ်းပြတော့မှ တစ်ဟုန်ထိုး နာမည်တတ်လာတာ လက်တွေ့ပဲလေ ဒါကြောင့် ဘာသာပြန်ကောင်းတစ်ယောက်ဖြစ်ဖို့ ဆိုတာ တော်တော်ကျွမ်းကျင်ပိုင်နိုင်မှ ဖြစ်မယ်လို့  ယူဆမိပါတယ်

မှန်ပါတယ်ဘုန်းဘုန်းဘုရား ဘာသာပြန်ရာမှလဲ ကိုယ့်မိခင်မြန်မာစာကိုလဲ ထုံးလိုမွှေ ရေလိုနှောက်သိထားဖို့လိုပါတယ်ဘုရား 🙏 ဒါမှလဲဆီလျော်အေရင် ဘာသာပြန်နိုင်မှာပါဘုရား

‌လေးစားတယ်‌ဗျာ။ဆက်‌လက်‌ သင်‌ ပြ‌ပေးပါဦး။

အပိုင်း-၂ မျှော်ပေးပါ ကိုမဟော်ခမျ

ရှင်းသွားနာပဲ😁

ရှင်းရှင်းလေးပါ ရေးရမယ်ဗျာ ကိုဟိန်း 😁

ကသောင်းကနင်းပဲပြန်တတ်သေးတယ်။

ဘာသာပြန်စများသွားရင် အဆင်ချောသွားမှာပါ ဦးမင်းခမျ

ဆက်ဖတ်ပါ့မယ် ဘရို

အားပေးလို့ ကျေးဇူးပါဗျာ

လမ်းကွေ့မှာ ဆို့နေတာက SLလားဗျ
ကျနော်ပါဘူးနော် 😬😬😁😁😁

အတိုကောက်လေးတွေတူသွားတယ် 😁