အမေ့စကားသံ
ကျနော် အလုပ်စဝင်တော့ အမေကမှာတဲ့စကားလေး ကြားယောင်မိတယ်ဗျာ ။ ဒီနေ့လကုန်ရန် ဆယ်ရက်အလိုမှာဘဲ ကျနော်အသုံးစရိတ်ပြတ်တော့ တောင်တွေးမြောက်တွေးတွေ တွေးမိလာလို့ ပါ ။
ကိုယ့်ဘဝ နုံချာတဲ့အခြေအနေကိုလည်း အားမလိုအားမရဖြစ်လာတဲ့စိတ်တွေလဲပါသလို
သူများတွေပြည့်စုံနေတာကိုမြင်ပြီး ကိုယ်လဲသူတို့ လိုဖြစ်ချင်တဲ့စိတ်တွေ ပေါ်လာခဲ့ပါတယ် ။
အဲ့လိုဖြစ်ချင်စိတ်တွေရဲ့နောက်မှာကပ်ပါလာတာက အတွေးမှားတခုပါဘဲ ။ သူတို့ လိုချမ်းသာပြည့်စုံအောင်နေဘို့ က ကိုယ်လက်ရှိလုပ်နေတဲ့အလုပ်နဲ့ မဖြစ်နိုင်တော့ မြန်မြန်ချမ်းသာအောင် ငွေရမယ့်ဖြတ်လမ်းနည်းတွေကို တွေးမိလာတော့တာပါ ။
ကျနော်တွေးကြည့်ရုံနဲ့ တကယ်လက်တွေ့ဘာမှမလုပ်ရသေးခင်မှာဘဲ သတိထားမိတာက ကျနော့်အတွေးတွေ မှားနေပြီဆိုတာပါဘဲ ။ ကျနော် အမေ့မျက်နှာကိုလဲ ဖျက်ကနဲမြင်လာမိတယ် ။
အမေ့ကိုစိတ်ထဲက မြင်လိုက်တာနဲ့ အမေ့အမှာစကားကိုလဲ နားထဲကြားယောင်မိလာတယ် ။ အမေ့ဆုံးမစကားလေးက ……
photo crd # google search
" သားရေ -
မိမိမှာရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်စွာ နေတတ်စားတတ်အောင်ကြိုးစားပါ ။
မိမိရှာထားတာကို ကုန်စင်အောင် သုံးစွဲခြင်းမပြုဘဲ အနည်းငယ်ကို စုဆောင်းမိအောင် စုပါ ။
မလိုအပ်ဘဲ မည်သည့်အရာကိုမှ ဖြုန်းတီးမပြစ်မိအောင် သတိထားပါ " တဲ့ ။
အမေ့အသံကိုလည်းကြား
အမေ့မျက်နှာကိုလည်းမြင် ကျနော့်အတွေးမှားကိုလည်း ပြင်လိုက်နိုင်ပြီး ကိုယ့်လက်ရှိဘဝကိုလက်ခံလိုက်ပါတော့တယ် ။
ရိုးရိုးသားသား ကျနော်ရှာဖွေရင်း ကြီးပွားအောင် ကြိုးစားဘို့ ပါ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ် ။
MSC 257
မိဘစကားနားထောင်ပြီး ကောင်းမွန်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်ပါစေဗျာ ..
ဟုတ်ကဲ့ဗျ
မိဘစကားနားထောင်ငြားက သံပြားကျောက်စောင်း ကျိုသော်ပြောင်း၏ တဲ့ညီ။မိဘစကားနားထောင်ပြီးတော့ မိဘကိုစိတ်ချမ်းသာအောင်ထားမယ်ဆိုရင် မိမိလဲကျန်းမာချမ်းသာ မှာမြေကြီးလက်ခတ်မလွဲပါပဲဗျာ။
ကြိုးစားပါ့မယ်ဗျာ ကျေးဇူးပါ
ဒီခေတ်ကြီးမှာ ရိုးသားစွာ နေရတာ လွယ်တော့မလွယ်ဘူး ကြီးပွားဖို့ နှေးတယ် ထင်တယ်
အမှန်ပါဘုန်းဘုန်း
ကိုယ်တွေကဝန်ထမ်းဘဝ
မတိုးတက်တာ မချမ်းသာတာလဲ
မပြောနဲ့  အားမငယ်ပါနဲ့ 
ငါတို့ က နင့်ထက်ဆိုးပ
တူတူပါဦးလေးရာ
အသုံးနဲ့ အဖြုန်း ခွဲခြားတက်ဖို့ လိုပါတယ်
ဟုတ်ကဲ့ဗျ
အဟမ်း အမေဆုံးမသွားတာတော့အကောင်းတွေချည်းပဲကွယ် ဒါပေမယ့် အမေဖြစ်လာမယ့်သူတွေအတော်များများကတော့ ခုချိန်ထိ အသုံးနဲ့အဖြုန်းမခွဲတတ်သေးဘူး 😁
ဟားး ကျနော့်ရီးစားထိတ်ဆုံးကပါတယ်ဗျ
ကောင်းတဲ့ အမှာစကားပါ
အဲ့ဒီစကးး အတိုင်း လိုက်နာရင် မချမ်းသာတောင် ဒုက္ခမတွေ့နိုင်ပါ
ဟုတ်ဗျ
အရမ်းကိုတန်ဖိုးရှိတဲ့ဆုံးမစကားလေးတေပါ
ကျေးဇူးပါ
မိဘစကား မပယ်ရှားတာ အကောင်းဆုံးပေါ့ဗျာ
ဟုတ်ကဲ့ပါ
ကောင်းပ့
ဦးအင်းဝ ကောင်းတယ်ဆို ကျေနပ်ပ့