အာဃာတမထား ညီနောင်များ

in #myanmar4 years ago (edited)

ဤ Group ကိုထူထောင်ရခြင်းအကြောင်း


နိုင်ငံတော်အစိုးရက အမျိုးသားပြန်လည်သင့်မြတ်ရေးကိုသွားနေသည်ဟု တရားဝင်ပြောကြားထား သည်။ သို့သော်လက်တွေ့နယ်ပယ်တွင် အဆင်မပြေမှုများကသေချာပေါက်ရှိနေသည်။
ဖွဲ့စည်းပုံပြန်လည်ပြင်ဆင်ရေးနှင့်ပတ်သက်၍ တပ်မတော်ဘက်က အထက်ပိုင်းလူကြီးတွေ အချင်း ချင်း ညှိနှိုင်းဆွေးနွေးသင့်ကြောင်းပြောသည်။ ဒေါက်တာမြဉာဏစိုးက ဒီလိုလုပ်ရင်ဥပဒေနှင့်မညီဟုဆိုသည်။ ဒေါက်တာမြဉာဏစိုးပြောတာကိုကျွန် တော်မငြင်းပါ။ သို့သော် လက်တွေ့တွင် တပ်ကိုယ် စားလှယ်များ လွှတ်တော်တွင်းပါဝင်နေခြင်းမှာ ဥပဒေအရဖြစ်သော်လည်း ဒီမိုကရေစီတော့မကျပေ။ သူတို့သည့်အမိန့်အရ ရောက်ရှိနေကြတာဖြစ်ပြီး၊ သူတို့သည် အမိန့်အရသာ မဲပေးပိုင်ခွင့်ရှိပါ သည်။ ဆန္ဒမဲဟုဆိုသည့်တိုင်သူတို့၏ဆန္ဒမဟုတ်ဟု ဆိုချင်ပုံရပါသည်။ မှန်လည်းမှန်ပါသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကသာ ထောက်ခံပေးလိုက်ဆိုလျှင် အားလုံးကန့်ကွက်မဲပေးခွင့်ရှိမည်မဟုတ်ပါချေ။ ယောင်မှား၍ ကန့်ကွက်မိလျင်ပင် ကိုယ်စားလှယ်အဖြစ်က ရပ်နားအစားထိုးခံရမည်။ အမိန့်မနာခံမှုဖြင့် အပြစ်တောင်အပေးခံရနိုင်သေးသည်။ ထို့အပြင် တိုင်းရင်းသားများနှင့် ၂၁ ရာစုပင်လုံတွင်ညှိနှိုင်းနေမှုများကိုကြည့်ပါကလည်း ညှိုနှိုင်း ရရှိလာသောကတိကဝတ်များကို ကာကွယ်ရေးဦးစီး ချုပ်ပင် အကောင်အထည်ဖော်ပေးနိုင်သူဖြစ်ကြောင်း သိရှိထားဖို့လိုပါသည်။
ဒေါက်တာမြဉာဏစိုး၏ စကားတစ်ခုမှာညှိနှိုင်းပါက Give and Take ရှိလိမ့်မည် ဟုဖြစ်ပါသည်။ ဒါလည်းတကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ပြောလေ့ရှိသည့် ကိုယ်ကဘာပေးနိုင်သလဲ၊ ဘာပေးမလဲ၊ ဆိုတဲ့အချက်နှင့်ညီသည်။ ကိုယ်ဘာလိုချင်ဟုတောင်းဆိုလိုလျှင် ကိုယ်ကရောဘာပေးမလဲဖြစ်သည်။ ဒါလည်း ခက်ခဲလိမ့်မည်မထင်ပါ။
အမုန်းဟူသောရှုဒေါင့်မှသာ အမြဲတွေးမြင်နေလျှင် တော့ သံသယများကိုလည်း ဖယ်ရှားနိုင်မည်မဟုတ်ပါ။ ယခု ရခိုင်ပြဿနာကိုကြည့်လျင် အမုန်းများ ကြောင့်ဖြေရှင်းရခက်လာသည်ကိုတွေ့မြင်နိုင်သည်။ ကျွန်တော့အထင်ပြောရလျှင် NLD အစိုးရသည် ရခိုင်ဒေသဖွံ့ဖြိုးရေးကို ဂရုတစိုက်လုပ်ဆောင်နေမှု ကြောင့်သူတို့ဒေသဖွံ့ဖြိုးတိုးတက်လာလျှင် သူတို့ဘာသာနားလည်လာလိမ့်မည်ဟုထင်မြင်ထားပုံရသည်။ သို့သော်သူတို့ဒေသကိုအသုံးချနေသည်၊ အနိုင်ကျင့်နေသည်ဟုသာမြင်နေကြပြီး ရခိုင်သူပုန်ကိုစုပြုံထောက်ခံ‌ေနကြသည်။ ဤသို့ဖြစ်နေသည့်ကိစ္စအပေါ် အထူးသတိထားကိုင်တွယ်ပြီး ငြိမ်းချမ်းဖို့ဆောင်ရွက်နိုင်မှသာ ပြည်ထောင်စုမပြိုကွဲရေးကို ကိုင်တွယ်န်ုင်လိမ်မည်။
ဤသို့သော ညီညွတ်မှုပြိုကွဲမှုဆီဦးတည်မှုများမှ တစ်ဘက်နှင့်နားလည်ပေးနိုင်ကြပြီး သွေးစည်းညီညွတ်သောပြည်ထောင်စုကြီးဖြစ်လာစေရန်၊ အားလုံးဝိုင်းဝန်းကြိုးပမ်းပေးကြပါစရန် ဤဂရုကိုထူထောင်ရခြင်းဖြစ်ပါသည်။
Min Soe Naing
https://m.facebook.com/groups/196404301790693?view=permalink&id=196404321790691

Sort:  



Join the community in our migration to Hive, a community built blockchain for the community. All Steem account holders will receive equivalent stake on the new Hive blockchain.

Please follow @innerhive on twitter for more information.

UpvoteBank
Your upvote bank
__2.jpgThis post have been upvoted by the @UpvoteBank service. Want to know more and receive "free" upvotes click here