လိုအပ်တာနဲ့လိုချင်တာ

in #myanmar4 years ago (edited)

လိုအပ်တာနဲ့လိုချင်တာ

လူတော်တော်များများဟာ လိုအပ်တာနဲ့လိုချင်တာ ကိုနားမလည်ကြဘူး။ ပိုက်ဆံမရှိလို့သာ ငြိမ်နေကြပေမယ့်။ လက်ထဲမှာ ပိုက်ဆံရှိတာနဲ့ လိုချင်တာတွေပြေးဝယ်ကြတာပဲ။ လိုချင်ပဲဝယ်မှာပေါ့လို့ ပြောကြမှာပါ။ အဲတာကပဲ လူတွေကိုဆင်းရဲစေပြီး လူမွေးလူတောင် မပြောင်စေတော့တဲ့အချက်ပဲဆိုတာ နားလည်တဲ့သူအလွန်ရှားပါတယ်။
ဘာ့ကြောင့်လဲ။ လိုအပ်တာက မရှိမဖြစ်လို့ မသုံးမဖြစ်လို့သုံးရတာဖြစ်ပြီး လိုချင်တာကြတော့ ပိုက်ဆံသာရှိရင်နောက်ရေးတွေ၊ ရှေ့ရေးတွေ တွေးမနေပဲ ဝယ်ပြစ်ချင်ကြတာပါ။ နောက်တော့သာ အဲဒီအရာတွေ အိမ်မှာပုံနေပြီး ပြန်ရောင်းလဲမရ။ လိုလဲမလိုအပ် လိုလည်းမလိုချင်တော့တဲ့အထိဖြစ်ကုန်တတ်ပါတယ်။
ဒါကြောင့်မို့ လိုချင်ပြီဆိုရင်အိမ်မှာလိုအပ်ရဲ့လား အရင်စဉ်းစားပါ။ ချမ်းသာတဲ့သူ ပိုက်ဆံတွေဖြုန်းပစ်နိုင်သူဆိုရင်တော့ တစ်မျိုးပေါ့။ လိုအပ်အပ်မအပ်အပ် လိုချင်ဝယ်သာဝယ်ပေါ့။ ခုဖြစ်နေကြတာက ပြောင်းပြန်ပါ။ ချမ်းသာတဲ့သူတွေက လိုအပ်တာတွေသာဝယ်ပြီး ဆင်းရဲတဲ့သူတွေက လိုချင်တာတွေလျောက်ဝယ်နေကြတာပါ။
ဆင်းရဲသူတော်တော်များများ ဒါလေးသဘောပေါက်ရင် အကုန်ချမ်းသာလာမှာပါ။ သူဌေးသူကြွယ်ကြီးတွေမဖြစ်လာတောင် အဆင်ပြေတဲ့မိသားစုတော့ဖြစ်လာမှာပါ။
အားလုံးချမ်းသာပျော်ရွှင်သောဘဝများပိုင်ဆိုင်နိုင်ကြပါစေ

Sort:  



Join the community in our migration to Hive, a community built blockchain for the community. All Steem account holders will receive equivalent stake on the new Hive blockchain.

Please see this post on SteemPeak for more information.

UpvoteBank
Your upvote bank
__2.jpgThis post have been upvoted by the @UpvoteBank service. Want to know more and receive "free" upvotes click here

Steem to Hive ပြောင်းကြတော့မယ်တဲ့နော်
Airdrop စောင့်ကြည့်ပါ