အနီးစခန်းမှ လမ်းပြကြယ်

in #myanmar5 years ago (edited)

အနီးစခန်းမှ လမ်းပြကြယ်

( အနီးစခန်း စာကြည့်အသင်း ) Anisakhan Library
www.anisakhanlibrary.com

IMG_20190609_130324.jpg

မြန်မာစတီးမစ်မိသားစုဝင်များအားလုံး မင်္ဂလာပါဗျာ။ ငြိမ်သက်နေသော စတင်းဈေးလို ကျွန်တော်တို့မြန်မာစတီးမစ်ကွန်မြူနတီကြီးဟာလည်း တိတ်ဆိတ်ငြိမ်သက် အေးချမ်းလို့ နေပါသည်။ ထို့အတူပင် ကျွန်တော်သည်လည်း အေးချမ်းလှပသော ပြင်ဦးလွင် တောင်ပေါ်မြို့လေးတွင် အေးအေးဆေးဆေး အပန်းဖြေလို့နေပါသည်။ အလုပ်မှ ခွင့်ရက်ရှည်ရသောကြောင့် မိမိ၏ဇာတိမြို့လေးတွင် စာဖတ်ရင်း စာရေးရင်းဖြင့် အပန်းဖြေဖို့ စိတ်ကူးခဲ့ရာ ။ တကယ့်တကယ်တွင်တော့ သူငယ်ချင်းများနှင့် ဆုံတွေ့လိုက်၊ ခရီးသွားလိုက်၊ ချစ်သူလေးနှင့် ဆုံတွေ့လိုက်ဖြင့် အချိန်ကုန်ခဲ့သည်မှာ ၉ ရက်တိုင်ရှိခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဤနေ့တွင်တော့ မည်သည့်အစီစဉ်မျှမရှိသောကြောင့် စာအုပ်လေးဖတ်ဖို့ စိတ်ကူးမိသောကြောင့် စာကြည့်တိုက်တစ်ခုခုကို လိုက်လံရှာဖွေရပါသည်။

IMG_20190609_130145.jpg

ပထမဆုံးစဉ်းစားကြည့်မိသည်။ ကျွန်တော်နေထိုင်ကြီးပြင်းခဲ့ရာ ဤတောင်ပေါ်မြို့လေးတွင် စာကြည့်တိုက်ဆိုသည်မှာ ပေါ်လာလိုက်ပျောက်သွားလိုက်ဖြင့် မြန်မာ့လျှပ်စစ်မီးလိုဖြစ်၏။ ထို့ကြောင့် မိမိ အစ်မအား မေးကြည့်ရာ အနီးစခန်း၊ နှီးဘုရားလမ်းခွဲတွင် စာကြည့်တိုက်ဖွင့်လှစ်ထားကြောင့် ကြားသိရသောကြောင့် အမောတကော လိုက်လံရှာဖွေခဲ့ရာ အနီးစခန်းစာကြည့်တိုက်အသင်း သို့ ရောက်ရှိခဲ့ပါသည်။

IMG_20190609_130503.jpg

စာကြည့်တိုက်ဘေးတွင်ကပ်လျှပ် ကော်ဖီဆိုင်လေးဖွင့်ထား၏ ၊ ကော်ဖီဆိုင်လေးသည် သက်သက်ရပ်ရပ် ရှိပြီး စာဖတ်ရင်းကော်ဖီသောက်ရင်းဖြင့် တကယ့်ကို အပန်းဖြေဖို့ကောင်းသော နေရာလေးပင်ဖြစ်သည်။

IMG_20190609_125155.jpg

IMG_20190609_130128.jpg

IMG_20190609_125213.jpg

စာကြည့်တိုက် အသင်းဝင်ကာ စာအုပ်များငှားရမ်းဖတ်နိုင်သည်။ အသင်းဝင်ကြေးမှာ free ဖြစ်ပြီး အများဆုံး စာအုပ်နှစ်အုပ်ထိငှားနိုင်ပြီး တစ်ပတ်ကြာအောင် အချိန်ပေးပါသည်။ တစ်ပက်ကျော်သွားပါက ဖုန်းဆက်၍ ထပ်မံရက်တိုးတောင်းနိုင်ပါသည်။ ကျွန်တော်သည်လည်း အသင်းဝင်ဖို့ From ဖြည့်ကာ စာအုပ်နှစ်အုပ် ငှားရမ်းကာ ကော်ဖီဆိုင်တွင် ကော်ဖီလေးသောက်ရင်း စာအုပ်လေးဖတ်ရင်းဖြင့် အားလပ်ချိန်ကို အကျိုးရှိရှိ အသုံးချခဲ့ပါသည်။

IMG_20190609_125142.jpg

စာဖတ်သောနိုင်ငံတိုးတက်သည်၊
တိုးတက်သောနိုင်ငံစာဖတ်သည်။

ဦးသန့်

မိမိဘ၀တိုးတက်လိုသူတိုင်း၊ အရည်အတွေးပြည့်ဝလိုသူတိုင်း၊ လူပီသလိုသူတိုင်း စာကိုဖတ်ကို ဖတ်ရမည်။ စာမဖတ်သောလူမျိုး၊ စာဖတ်ဓလေ့မထွန်းကားသောနိုင်ငံသည် အရာရာတွင် နောက်ကျကျန်ရစ်မည်သာဖြစ်သည်။ ဟု မှတ်သားထားဖူးပါသည်။

အကယ်၍များ ပြင်ဦးလွင်တောင်ပေါ်မြို့လေးသို့ လာရောက်အပန်းဖြေခိုက် ကော်ဖီသောက်ရင်း စာဖတ်ချင်သည်ဆိုပါက အနီးစခန်း နှီးဘုရားလမ်းခွဲမှ အနီးစခန်း စာကြည့်အသင်း သို့သာ လမ်းညွန်ပေးလိုက်ရပါသည်။

IMG_20190609_131117.jpg

ကိုကိုမိုးဟိန်း
သစ်အယ်သီး
KoKoMoeHein
@myanmarkoko

MSC no. 118

Sort:  

မန္တလေးကိုရောက်ရင် ၇၈လမ်း ၂၇ ၂၈ကြား ရွှေဥဒေါင်းစာကြည့်တိုက်ကိုလည်း ဝင်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ

ဟုတ်ကဲ့
အရောက်လာခဲ့ပါ့မယ်ဗျ ဦးထွေး

စာအုပ်တွေအတော်များသေးသားပဲ

ဟုတ်တယ်ဗျ စာအုပ်အစုံပဲ... ဦးစိုး

တကယ်အေးချမ်းပြီး အပန်းဖြေလို့ကောင်းတဲ့ နေရာ လေးပဲဗျာ။ ကြုံရင်တော့ သွားကြည့်ပါအုံးမယ်။

Posted using Partiko Android

ဟုတ်ကဲ့ ကြိုဆိုပါတယ်ဗျ။
တကယ်အေးချမ်းတဲ့ နေရာ လေးပါဗျ။