ကျွန်တော့်ဘဝအကြောင်း တစေ့တစောင်း အပိုင်း(၁)
Myanmar Steemit Community မှ ညီအစ်ကိုမောင်နှမများ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေလို့တောင်းဆုပြုလိုက်ပါတယ်
ကျွန်တော် ယနေ့ဆိုလျင် Steemit သို့ဝင်ရောက်ခဲ့သည်မှာနှစ်လနီးပါး သို့ရောက်ရှိတော့မှာဖြစ်ပါတယ် ကျွန်တော် introduction post မတင်ရသေးတာကြောင့် တင်ဖို့ကိုBro တစ်ယောက်မှ အကြံဥာဏ်ပေးလာပါတယ် ဟုတ်ကျွန်တော်ကိုယ့်ကိုယ်ကို မိတ်မဆက်ရသေးလို့ မိတ်ဆက်ပါရစေမိတ်ဆက်ပိုစ့် မှနေကျွန်တော့်ဘဝ အကြောင်း တစ်စေ့တစ်စောင်းတင်ပြသွားမှာပါ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့ဘဝကနေပြီးတော့ ဖတ်တဲ့လူတွေ အသိတရား တစ်စုံတစ်ရာ ရရှိနိုင်ဖို့ကြိုးစားချင်လို့ပါလို့ဦးစွာပထမ ပြောပါရစေ ●
ကျွန်တော့အမည်အရင်းက NandMinAyeလို့ခေါ်ပါတယ်
ကျွန်တော်ဟာ ၃၉ နှစ်ထဲ ဝင်ရောက်လာလို့ လူလတ်ပိုင်း အရွယ်ရောက်ရှိခဲ့ပါပြီ ခေတ်ဆိုးထဲကပညာရေး အစမ်းသပ်ခံဘဝနဲ့ သမိုင်းဘာသာအဓိကနဲ့ဘွဲ့တစ်ခုတော့ရခဲ့ပါတယ် လူရိုသေ ရှင်ရိုသေဘွဲ့တော့ မဟုတ်ပါဘူးဗျာ ခေတ်စနစ်ပျက်ပညာရေးအချိန်မှာဘယ်လိုရခဲ့မှန်းမသိဘူးဆိုတာဝန်ခံပါရစေကဲကျွန်တော့ဘဝ အကြောင်းစမယ်ဗျာ ကျွန်တော့်ကို 1979 မှာကျွန်တော် ချစ်လှစွာသော မာတာမိခင်မှမွေးဖွားခဲ့ပါတယ် အဲ့အချိန်ကရန်ကုန်မြို့လယ်ခေါင်ပုဇွန်တောင်အာဇာနည်သားဖွားခန်းလို့ခေါ်တဲ့ ပုဂ္ဂလိကသားဖွားခန်းမှာမွေးဖွားခဲ့တာပါ
ကျွန်တော်ကမွေးကတည်းက ကံဆိုးနဲ့ကံကောင်း တလှည့်စီအကြောင်းပါခဲ့တယ်ဗျ
Photo credit. .
ဘာလို့လဲဆိုတော့ ကျွန်တော့အဖေကကျွန်တော့ရှေ့မှာ ပထမအိမ်ထောင်နဲ့ သားတစ်ယောက်သမီးတစ်ယောက်ရှိခဲ့တယ်လေ အဲ့ဒီအိမ်ထောင်နဲ့ ကွဲပြီးကျွန်တော့်အမေရဲ့အမ ကျွန်တော့အဒေါ်နဲ့မိတ်ဆွေဖြစ်ကြတယ်ပေါ့နေ့စဉ် အဖွားအိမ်ကိုလာလည်တာဆိုတော့ ကျွန်တော့်အဒေါ်ကိုလာပိုးတယ်ပဲထင်နေကြတာ အဖွားက အဖိုးဆုံးပြီးမုဆိုးမဘဝနဲ့ ဈေးထဲမှာအထည်ဆိုင်ဖွင့်ပြီး သမီး ၅ယောက်ကို လုပ်ကျွေးနေတာလေ သမီးအကြီးဆုံးနှစ်ယောက် အိမ်ထောင်ကျ
အလတ်က အစိုးရဝန်ထမ်းဆိုတော့အလုပ်သွားအဖွားကဆိုင်ထွက်အိမ်မှာနို့ညှ အမနဲ့ အငယ်ဆုံးကျွန်တော့်အမေပဲ ကျန်ခဲ့ တာပေါ့ ရုပ်ရှင်တွေထဲကလိုပါပဲ တစ်နေ့တော့ အဖေကအိမ်ကိုရောက်လာပြီး အဖွားမူးလဲလို့ ဆေးရုံပေါ်မှာတဲ့ အိမ်ကတစ်ယောက်လိုက်ခဲ့ရမယ် ပြောတော့ အဒေါ်က နှစ်ယောက်လုံးလိုက်မယ် ပေါ့ အဖေက သိပ်စိုးရိမ်စရာမရှိတော့ပါဘူး အငယ်မပဲ လိုက်ခဲ့လိုက်ပါတဲ့ တစ်ယောက်ကအိမ်စောင့်ပေါ့ဆိုပဲ ဒီလိုနဲ့အမေ ၁၇ နှစ်မှာကားတင်ပြေးခံရပါကြောင်းအဖွားပြောလို့သိခဲ့ရပါတယ် အမေက သူ့ထက်အသက်ကြီးတဲ့ အဖေ့ကိုမလိုချင်လို့ နည်းမျိုးစုံဆန်ကျင်ခဲ့ပါသေးတယ် အစာမစားပဲလဲ ဆန္ဒပြခဲ့တယ်တဲ့ ဒါပေမယ့်အဖွားတို့က တစ်ရှက်ကနေနှစ်ရှက်မဖြစ်ဖို့ပြောပြီးပေးစားလိုက်ကြလို့အကြောင်းပါတယ်ပေါ့လေ
အဲ့ဒီမှာပဲ အမေကငယ်သေးတော့ သူမချစ်ပဲ ယူ ခဲ့ရတဲ့အတွက် အမေ့စိတ်ထဲမှာဆိုက်ကိုလို့ခေါ်တဲ့ အဖေ့ အ ပေါ်အမြင်မကြည်တဲ့စိတ်စွဲလမ်းမှုတွေရင်ထဲမှာကိန်းအောင်းခဲ့ ပါတယ် ဒါပေမယ့်အဖွားရဲ့ သွန်သင်မှုကြောင့် အေးခဲနေတဲ့ဆက်ဆံရေးမှ အပ ကျန်တာဆိုးဆိုးရွားရွား မဖြစ်ခဲ့ပါဘူး ဒီလိုနဲ့ကျွန်တော်လူ့လောကထဲ ရောက်ခဲ့ပါတယ် အဲ့ဒီအချိန်မှာကျွန်တော်ရဲ့ ကံကောင်းခြင်းကစီးပွားရေး ပြေလည်တဲ့မိသားစုထဲပေါက်ဖွားလာခြင်းပါ အဲကံဆိုးခြင်းကတော့ ကျွန်တော်အဖေရဲ့ သားဦး စနေဆိုတဲ့ အစွဲအလမ်းပါပဲ အဖေဟာ ကျွန်တော့်ကို မွေးကထဲက အမေနဲ့အဆင်မပြေတာတွေဟာ ကျွန်တော်စနေသားဖြစ်နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ကျွန်တော်ကို့နွေးနွေးထွေးထွေးမဆက်ဆံခဲ့ပါဘူးတဲ့ အမေကလဲကျွန်တော်နဲ့ပတ်သတ်ရင်ဆတ်ဆတ်ထိမခံလို့ ကျွန်တော် ၂ နှစ်ကျော်ကျော်မှာပဲ ပထမအကြိမ်ကွဲခဲ့ကြပါတယ် အကြောင်းပြချက်ကတော့ ကျွန်တော် ဂြိုလ်ကောင်ပေါ့လေ ခုရေးနေရင်းကျွန်တော် မျက်ရည်ဝဲမိပါတယ် ဒီလိုနဲ့အမေနဲ့ကျွန်တော် ကအမေ့အထက်က အမ ကျွန်တော့်အဒေါ်ရှိရာပုသိမ်ကိုရောက်ခဲ့ပြန်ပါတယ်
အဒေါ်က အဲ့ဒီအချိန် အိမ်ထောင်ကျခါစလေသူ့ယောကျာင်္း ကစွမ်းအင်ဝန်ကြီးဌာန ကအရာရှိဆိုတော့ သူတာဝန်ကျ ရာနေရာလိုက်နေကြရတာပေါ့ဒါကြောင့်ကျွန်တော်ငယ်စဉ်က ပုသိမ်မှာလဲနေဖူးခဲ့ပါတယ် အဖွားကတော့ အမေ့ကိုတစ်ခုလပ်ကလေးအမေဘဝ(ယခုအခေါ်single mother )နဲ့မနေစေချင်တော့ အဖေနဲ့ပြန်ပေါင်းဖို့ အမြဲနားချနေခဲ့ပါတယ် အဖေကလဲ အမေ့ကိုတော်တော်ချစ်တယ်လို့ပြောတယ် နောက်တော့အဖေ ပုသိမ်လိုက်လာပြီး အမေ့ကိုချော့ပါတယ် သူမှားပါတယ်ပေါ့ သားဦးစနေ မီးလိုမွှေ ဆိုတဲ့သူယုံကြည်ဆဲ့အစွဲ ကိုလဲမေ့ဖျောက်ပစ်ပါမယ်လို့ပြောလာပါတယ် အမေယုံကြည်ခဲ့ပါတယ် ဒီလိုနဲ့ ကျွန်တော့်အဖေနဲ့အမေ ပြန်ပေါင်းဖြစ်ခဲ့ကြပါတယ် အဖေ့အမျိုးများရှိရာ ကျုံပျော် သို့ပြောင်းလာကြပါတယ် အဖေကကားတွေထောင်ဖို့ လုပ်နေလို့ပါ ကျွန်တော် ကျုံပျော်မှာလဲနေခဲ့ ဖူးပြန်ပါတယ် ကျွန်တော် ကျောင်းတက်ရမယ့်အရွယ် မတိုင်ခင် ၄ နှစ်သားမှာ ရန်ကုန်ကိုပြန်ပြောင်းခဲ့ပါတယ် သုဝဏ္ဏ မှာတိုက်ခန်းတစ်ခန်းဝယ်ပြီးနေကြပါတယ် အကြောင်းပြချက်ကတော့ ပုဇွန်တောင်က အ ဖေ့အမေ အမေ့ယောက္ခမတွေနဲ့ အတူမနေချင်လို့ပါတဲ့ ကျွန်တော်မူကြိုတက်ရတဲ့အရွယ်ရောက် တော့ရန်ကင်းမူကြို (အရမ်းပျော်စရာကောင်းခဲ့ပါတယ်) ကိုထားခဲ့ပါတယ် နေတာကသုဝဏ္ဏ မူကြိုကရန်ကင်း ဆိုတော့ဝေးတယ် နီးတဲ့အဖွားအိမ်မှာနေဆိုပြီး အဖေကကျွန်တော့်ကို အဖွားအိမ်မှာနေစေခဲ့ပါတယ် အမေ့မှာ ကျွန်တော့်ညီ ဖြစ်လာမယ့် ကိုယ်ဝန်ကိုမွေးဖွားခါနီးဆိုတော့ ကျွန်တော့်ကိုသိပ်မလုပ်ပေးနိုင်တော့ မျက်ရည်ကျရုံကလွဲပြီး ဘာမှမပြောနိုင်ရှာပါဘူး ဒီလိုနဲ့ကျွန်တော် အဖွားအိမ်ရောက်ခဲ့ရပါတယ် ၄တန်းလောက်ထိကို အဖွားနဲ့တူတူအိပ်ခဲ့ရပါတယ် ကျွန်တော် အဖေအမေရှိရဲ့သားနဲ့ တူတူအိပ်ချင်တာပေါ့ဗျာ စဉ်းစားကြည့်ပါ နုနယ်သေးတဲ့ နှလုံးသားမှာ ဒဏ်ရာလေး အစဖြစ်ခဲ့ရပါတယ်
ဒါပေမယ့် အဖေရောအမေရော ကျွန်တော်ချစ်ပါတယ်ကျွန်တော်၎နှစ်သားအ ရွယ် မှာပဲ ကျွန်တော်ချစ်တဲ့ညီလေး ကိုမွေးခဲ့ပါတယ် 1983 ခုနှစ်April လမှာပေါ့လေ ညီလေးကသင်္ကြန်မကျခင်မွေးတာလေမွေးပြီး တပတ်ကျော်ကြာတော့ ကျုံပျော်ကိုအလုပ်ကစ္စနဲ့ကျွန်တော်တို့တစ်မိသားစုလုံးသွားကြပါတယ်ကျုံပျော်မှာပဲ သင်္ကြန်ကျခဲ့ပါတယ် အဲ့ဒီ သင်္ကြန်မှာကျွန်တော့ဘဝမှာယခုထိအမှတ်ရစေတဲ့ သတိရစေတဲ့ အကြောင်းလေးဖြစ်ခဲ့ပါတယ် ကျွန် တော် ၄ နှစ်သားအရွယ် ပေမယ့်မှတ်မိနေခဲ့ပါတယ် ကျုံပျော်မှာပဲ သင်္ကြန်ကျတာဆိုတော့ သင်္ကြန်တစ်ရက်မှာပေါ့လေ ကျွန်တော့အဖေက အိမ်ရှေ့မှာကျွန်တော် ရေပက်ဖို့ ရေပိုက်ဆင်ပေးနေပါတယ် ကျွန်တော်ညီလေးက အိမ်ရှေ့မှာ ပက်လက်လေး အမေနဲ့ ထိုင်မြူကစားနေပါတယ်
အပိုင်း ၂ ဆက်ရေးပါမည် အချိန်လုပြီးရေးရလို့ အမှားပါရင်ခွင် လွတ် ကြပါလို့
ကျေးဇူးတင်စွားဖြင့်...
ကိုယ်တိုင်ရေး မှတ်စု
@NandaMinKhant
(steemit Myanmar )
ဖတ်ဖူး သမျှ introducing post ထဲမှာတော့ အပြည့် စုံ ဆုံးနဲ့ အရှည် ဆုံးပဲ။ ခန်းဆက် နဲ့ သွား မှာကိုး... စောင့် မျှော်လျက်ပါ။
ကျေးဇူးတင်ပါတယ် အကို henry အကိုပေးတဲ့အားနဲ့ရှေ့ ဆက်ခဲ့ရတာပါ
အကို နဲ့ admin team ကိုကျေးဇူးတင်ပါတယ်
စနေသား ဖြစ်ရတာလည်းမလွယ်ဘူးဗျို့။
တခုခုဆို ဂြိုဟ်ကောင်ဆိုပီးအရင်ပြောခံရတာ..hee..
I know that feel bro... :)
ဟုတ်တယ် bro ရေ ငယ်ကတည်း ကခံစားခဲ့ရတာ
copy ဘဝ ကလွတ်မြောက်လာတာ ကြိုဆိုပါတယ် ။ post တင်တာ လိုအပ်ချက်လေးတွေ ရှိနေပါသေးတယ် tag မမှန်ခြင်း ။ လမ်းညွှန် အဖွဲ့နှင့် ချိတ်ဆက် မေးမြန်းပါ ကိုယ်ကိုတိုင်လဲ လေ့လာပါ။ အကြံပေးခြင်းပါ။
tag listွေမှားနေပါတယ် လမ်းညွှန်အဖွဲ့ကို ဆက်သွယ်ပေးပါ bro
ပြင်လိုက်ပါပြီ ခင်ဗျာ
ဟုတ် ကျေးဇူးပါ bro
Congratulations @nandaminkhant! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of comments received
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
my လို့မ သုံးပဲintroducingmyself လို့ သုံးရင်ပိုကောင်းမယ် bro
thanks for sharing bro. good post. same year we born
Awesome! You have been signed up for some time now but I thought I'd say hi nevertheless. Have an upvote and maybe upvote some of my stuff too!
I am struggeling, like you, to get those big upvotes on my posts so I suggest you to try out @MinnowPowerUp as you can earn up to 30% more steem power than just powering up with steem directly! It's a subscription based daily upvote bot that draws its power from a delegation pool. I have also made this post where I explain my experience with the service in more depth and show how I earn over $1 a day in upvotes.