🙏ပြုသူအသစ် ဖြစ်သူအဟောင်း ဆိုခြင်း၏- အဓိပ္ပာယ်🙏

in #myanmar • 7 years ago (edited)


🙏ပြုသူအသစ် ဖြစ်သူအဟောင်း ဆိုခြင်း၏- အဓိပ္ပာယ်🙏
ဒီစကားရဲ့ အဓိပ္ပာယ်ကို ဂဃဏန ပြောပြချင်တဲ့စိတ်ဖြစ်ပေါ်လို့ ရေးလိုက်ရပါတယ်။သိသင့် သိထိုက်သည့် အရာလည်း ဖြစ်ပါတယ်။ (တတ်နိုင်သမျှ ရှင်းလင်းအောင် ရေးသားလိုက်ပါသည်။)ကံသုံးမိုး ရှိပါတယ်။
ထိုကံသုံးမိုးမှာ- (၁)ကာယကံ (၂)ဝစီကံ (၃)မနောကံ။ကံ၏- အဓိပ္ပာယ်မှာ ပြုလုပ်ခြင်းပင် ဖြစ်သည်။ကိုယ်နဲ့ပြုလုပ်တယ် နူတ်နဲ့ ပြောဆိုတယ် စိတ်နဲ့ ကြံစည်တယ်။ထိုပြုလုပ်သည့် ကံမှာ ကုသိုလ်ကံ အကုသိုလ်ကံ ။(ကောင်းသည့်ကံ မကောင်းသည့်ကံ)ဟု နှစ်မိုး ရှိသည်။
♒♒ သံသရာ တလျောက်လုံး အဝိဇ္ဇာ-မသိမူကြောင့် တဏှာ-လိုချင်တယ်။
တဏှာ-လိုချင်တော့ ။ကံ- ပြုလုပ်တယ်။အဝိဇ္ဇာ-ကုသိုလ်ကံ အကုသိုလ်ကံ ခွဲခြားမသိပဲ။ ကံ-ရမ်းသမ်းပြီး ပြုလုပ်ခဲ့ကြတယ်။ဒီတော့... အတိတ်ဘဝက ပြုလုပ်ခဲ့တဲ့ ကံ-တွေထဲမှာ လူဘဝရောက်ကြောင်းဖြစ်တဲ့ ကံ-ကြောင့် ယခု ပစ္စက္ခ ဘဝမှာ လူရယ်လို့ ဖြစ်လာကြလေသည်။
♒♒ငွေကြေးချမ်းသာသူ ဆင်းရဲသူ၊ခြွေရံသင်းပင်းပေါ်များသူ ခြွေရံနည်းသ၊ူရုပ်အဆင်း အင်္ဂါလှပသူ မလှပသူ။ဥာဏ်ကောင်းသူ ဥာဏ်နည်းသူ။အနာရော်ဂါကင်းသူ အနာရော်ဂါ ထူပြောသူ ၊သြာဇာတိက္ကမကြီးမားသူ သြဇာ မရှိသူစသည်ဖြင့် အတိတ်က ပြုလုပ်ခဲ့သည့် ကံ-အတိုင်းသာ ဖြစ်ကြရလေသည်။

✔✔ကိုယ်သေသွားခဲ့ရင် မိမိ ပိုင်ဆိုင်ထားရှိသမျှ အရာဝတ္ထု အားလုံး ဘာတခုမှ ယူဆောင်သွား၍ မရပေ။မိမိ၏ ကိုယ်ပိုင် ဥစ္စာ အစစ်ဖြစ်တဲ့ မိမိပြုလုပ်ခဲ့သည့် ကုသိုလ်ကံ အကုသိုလ်ကံများသည်သာလျှင် ကိုယ့်နောက်၌ ထက်ကြပ်မခွာ လိုက်ပါရပေသည်။
✔✔ ပြုလုပ်ခဲ့သည့် ကံများသည် ချေဖျတ်၍ မရပေ။ငါ့အကိုးစီးပွား
ပျက်စီးအောင် ဖျတ်ဆီးခဲ့တာပဲ၊ပြောခဲ့တာပဲ ကြံစည်ခဲ့တာပဲ၊ငါပြန်ပြီး လက်စားချေတာ၊ငါ့မှာ အပြစ်မရှိဖူးဟု ထင်တတ်ကြသည်။ဒီလူကကောင်းတဲ့လူမဟုတ်ဖူး တခြားသူတွေအပေါ်လည်း ညစ်ပတ်ယုတ်မာ နေတာ အဲ့လိုလူကို ငါညစ်တာ အပြစ်မရှိဖူးဟု ယူဆ၍ မရချေ။သူလုပ်တဲ့ကံ သူခံ ကိုယ်လုပ်တဲ့ကံ ကိုယ်ခံရမှာပါ။
♒♒တခါက ဆရာတော်ကြီးတပါး၏ တိုင်ကပ် နာရီတလုံး ညအခါမှာ သူခိုးက တပ်ဖြုတ်နေသည်ကို သိပေမယ့် အသံမပြုခဲ့ပေ။
♒♒နံနက် မိုးလင်းမှ ညအခါမှာ ဝတ်ဖြေပေး အနားမှာအိပ်တဲ့ တပည့်များက ဆရာတော်... တိုင်ကပ် နာရီကြီး မရှိတော့ဖူး။ဖြုတ်သိမ်းထားတာလား သူခိုး ခိုးသွားတာလားဟု မေးလျှောက်တော့မှ သူ့ပစ္စည်း သူပြန်လာယူသွားသည်ဟု မိန့်ကြားလေသည်။(သူခိုးလို့ အသံပြုလိုက်ရင် တပည့်များက ရိုက်နှက်ပစ်ပြီး မိအောင် ဖမ်းမည်ဖြစ်ပေသည်။ ထို့ကြောင့် မိမိ ပယောဂကြောင့် ခိုးသူဟာ ဒုက္ခရောက်ရပေမည်။
မကောင်းသည့် ကံအသစ်ထပ်လုပ်ရာ ရောက်ပေမည်။သြော်..သူ-ခိုးတာက ကံ-အသစ်ပဲ ကိုယ်ခံရတာက ကံ-ဟောင်း ။သူ့ဟာ ယူခဲ့လို့ ပြန်ပေးရတာ။
ဒါ့ကြောင့် ပြုသူအသစ် ဖြစ်သူအဟောင်း ဆိုခြင်း ဖြစ်သည်။

👉 မတကဘတ္တ ဝတ္ထုမှာ- ဆိတ်တကောင်ကို သတ်ပြီး ရစ်ပူဇော်မည့် ဒိသာပါမောက္ခ ပုဏ္ဏားကြီးက ဆိတ်ကို မရဲတေတာ့ပါဖူး။အတိတ်ဘဝတွေကို ပြန်သိမြင်သည့် ဇာတိဿရဥာဏ် ရနေတဲ့ ဆိတ်တစ်ကောင်ရဲ့ ငိုလိုက်ရည်လိုက်အမူအရာကြောင့် မေးမြန်းခဲ့ရာမှာပုဏ္ဏား.. သင်ပုဏ္ဏားလိုပဲ ငါလည်း ရှေးအခါဘဝတွေတုန်းက ပုဏ္ဏား ဖြစ်ခဲ့တယ်။
♒♒ဆိတ်တကောင်ကို သတ်ပြီး မတကဘတ် လှူခဲ့ဖူးတယ်။ထို့ကြောင့် လေးရာကိုးဆယ့်ကိုးဘဝလုံး ခေါင်းဖြတ် ခံလာခဲ့ရပြီးပြီ။ ဒီဘဝက နောက်ဆုံး ငါးရာမြောက် ဘဝဖြစ်တယ်။ဒီနေ့ဟာ ဝဋ်ဆင်းရဲက လွတ်မြောက်မယ့်နေ့ ဖြစ်လို့ ရယ်ခြင်းဖြစ်တယ်။ တခါ သင်ပုဏ္ဏားသည် ငါကိုသတ်ပြီး ငါ့လိုပဲ ဘဝငါးရာပတ်လုံး ဝဋ်ဆင်းခံရတော့မှာ သိမြင်လို့ သင့်ကို အားနာ သနားလို့ ငိုခြင်းဖြစ်တယ်။
♒♒ ဒီလိုဆို မကြောက်ပါနဲ့ ငါသင့်ကို မသတ်တော့ဖူး။ပုဏ္ဏား ..သင်မသတ်လည်း ငါသေရတော့မှာ ဒီနေ့ဟာ သေရမယ့်နေ့ သေခြင်းက မလွတ်နိုင်ပါဖူး။ ပုဏ္ဏားကြီး ဆိတ်ကို မသတ်တော့ပဲ လွတ်ပေးလိုက်တော့ ကျောက်ဖျာပေါ်မှ သစ်ရွက်ကို စားမယ့်အချိန်၌ မိုးကြိုးပစ်ချလိုက်လေသည်။
👉 ရုတ်တရက် ပစ်ချလိုက်တဲ့ မိုးကြိုးဟာ ကျောက်ဖျာကြီး ထိမှန်ပြီးကျောက်လွှာ အပိုင်းအစ တခုသည်လည်ပင်းအားထိမှန်ပြီး သေပွဲ ဝင်ရလေသည်။သူ့ကံဟောင်းနဲ့သူ ကံကြွေးကို ဆပ်မယ့်သူကို ဓားခုတ်ရာ လက်ဝင်ရှိုသည့် အဖြစ်မိုးရောက်ရပေမည်။ သူက အကုသိုလ် ကံကြွေးကို ဆပ်တယ်။ကိုယ်က အကုသိုလ်ကံ အသစ်ကို ထပ်ပြုမယ်ဆိုရင် မထိုက်တန်လှပေ။
ပြုသူအသစ် ဖြစ်သူအဟောင်းဆိုခြင်း၏ အဓိပ္ပာယ်သည် ဤမှာပင် နိတ္ထိတံပါပြီ။
##poto google
writing @naythuhtet

Sort:  

မသ်သေးတာတွေ သိလိုက်ရ ကျေးဇူး

ဖတ်ရှု့အားပေးသည့်တွက် ကျေးဇူး

Good Post

သုခီ အတ္တာနံ ပရိဟရန္တု။

မှတ်သားရပါသည်။

ကျေးဇူးတင်ပါတယ်

အ​ခြေ​နေ​တွေငါ့ရဲ့ဘက်​မှာ ငါ့ရဲ့အလှည့်​ပါ
ငါနိင်​တယ်​တယ်​ရယ်​မယ်​စိတ်​မကူးခဲ့
မမြင်​တဲ့ကံကြမ္မာဆိုတာ ​ရှောင်​လွဲမရနိုင်​ပြီ​လေ

ငင့် နေတိုးက ဒီလိုလည်း အဟုတ် ဟ 😁

ကိုငှက်​ကြီးရဲ့ပြုသူအသစ်​ ဖြစ်​သူ​ဟောင်​​လေ

ဟီးဟီး

သာဓု သာဓု သာဓု

ဟုတ် ကျေးဇူးပါဗျ

good post!
thanks for sharing,brother!

Thank you for reading.bro