မ​နောကွင်းသို့အလည်​သွားမယ်

in #myanmar7 years ago (edited)

အားလုံးဘဲ မင်္ဂလာပါ ခင်​ဗျာ

မြန်​မာနိုင်​ငံ​ အထက်​ပိုင်း ကချင်​ပြည်​နယ်​ မြစ်​ကြီနားမြို့ရဲ့ အလှ​ကို တစ်​​ထောင့်​တစ်​​နေရာက ​​ဖော်​ကျူး​နေပါတယ၊်​ ယခုဖော်ပြမှာတော့ မြစ်​ကြီးနားမြို့ရဲ့အထင်ကရနေရာတစ်ခုဖြစ်တဲ့ မနောပွဲကျင်းပရာ ​မနောကွင်းရဲ့အလှတရားတွေအကြောင်းပါ
image
Steemit ညီအစ်ကိုမောင်နှမတွေကိုလည်း မြစ်ကြီးနားမြို့ရောက်ရင် မနောကွင်းကို ရောက်အောင်သွားလည်ကြဖို့ ဦးစွာဖိတ်ကြားပရစေ ခင်ဗျ

image

မ​နောကွင်းရောက်ရင် အမှတ်တရအဖြစ် ဓာတ်ပုံရိုက်စရာနေရာတွေလည်းအများကြီးရှိပါတယ်​၊ ​သစ်​ပင်​​တွေနဲ့ ရိုက်​မလား၊ မ​နောတိုင်​နဲ့ရိုက်​မလား၊ မြက်​ခင်းစိမ်း​ပေါ်မှာ ရိုက်​မလား selfie သမား​တွေတွက်​ နေရာ​ကောင်း​လေးတစ်​ခုပါ။
အလည်လာတဲ့သူတိုင်း ဓာတ်ပုံမရိုက်ပဲ မပြန်သွားတဲ့ နေရာလေးကတော့ မနောတိုင်ကြီးရှိရာပေါ့၊ လူ​တော်​​တော်​များများ ကမ​နောတိုင်​​ရှေ့မှာ ပိုစ့်အမျိုးမျိုးထုတ်ပြီး တစ်ယောက်တစ်လှည့် ရိုက်ပေးနေကြတာ မနောကွင်း ရောက်တိုင်းလိုလို တွေ့ရပါတယ်
image
သစ်ပင်တွေကလည်း စီစီရီရီနဲ့စနစ်တကျစိုက်ပျိုးထားတဲ့တွက် ဓာတ်ပုံရိုက်ဖို့ နောက်ခံကောင်းတစ်ခုပါပဲ၊ သစ်ပင်တွေက အကြီးကြီးတွေလည်း ဖြစ်တော့ အရိပ်ကောင်းကောင်းမရမှာတော့ ပူစရာမလိုပါဘူး ခင်​ဗျ ၊ နွေရာသီဆို သစ်ပင်အောက်​မှာ လေလေးတဖြူးဖြူးနဲ့ ဖျာလေးတစ်ချပ် အိမ်ကယူလာပီး အိပ်ရင်တော့ ဇိမ်ရမ်းကျပါတယ်​။

မြက်ခင်းတွေဟာဆိုလည်း အမြဲစိမ်းစိုနေတာတွေ့ရတော့ ရင်ထဲအေးချမ်းမှုကို ခံစားရတယ်ခဗျ မြက်ခင်းတွေပေါ် အိပ်ရင်းပဲဖြစ်ဖြစ် ဘယ်လို ပိုစ့်ပေးပေး ဓာတ်ပုံကောင်းတစ်ခု ရမှာအသေချာပါပဲ ၊ မြက်​ခင်းစိမ်း​တွေ​ပေါ် မှာ​ ​ပျော်​​ပျော်​ပါးပါးမိသားစုလိုက်​ဖြစ်ဖြစ် သူငယ်ချင်းတွေစုပီးဖြစ်ဖြစ် ပျော်ပွဲစားထွက်​ရင်း အပန်း​ဖြေလို့လည်းရပါတယ်​၊ အိမ်က မုန့်တွေ ဟင်းတွေထည့်ခြဲ့ပီး မြက်ခင်းပေါ် ဝိုင်းဖွဲ့ပီး စားသောက်ကြတာ တကယ့်ပျော်စရာကြီးခင်​ဗျ ၊တိတ်ဆိတ်ငြိမ်သက်ပြီး အလွန်အေးချမ်းတဲ့ နေရာတစ်ခုပါ၊ လာလည်တဲ့ သူတွေ အဆင်ပြေအောင် သစ်​ပင်​​တွေ​အောက် ထိုင်​ခုံ​လေး​တွေ တန်းစီဘဲ ထား​ပေးထားပါတယ်​ ​။မ​နောကွင်းပြင်​ကြီးကလုံးဝ ကျယ်​လွန်းပါတယ၊်​ လာသူ​တွေ များတယ့်​​နေ့​တွေ​တောင်​​နေရာ​တွေ က ရှိ​နေပါတယ်​ ​နောက်​ကျလို့ လာလည်း ​နေရာမရှိစရာ မပူရ​တော့ဘူး​ပေါ့။

image

မနောကွင်းက အပန်းဖြေစရာ နေရာတစ်ခုဖြစ်ရုံမက စားသောက်ဆိုင်ကောင်းတွေလည်း ရှိသေးတယ်ခဗျ ၊ အိမ်ကအစားအ​သောက်​​တွေမပါလာလည်းစိတ်​ပူစရာမလိုတော့ဘူးပေါ့​၊ ဆိုင်တွေက သန့်လည်းသန့်​ ဧရာဝတီမြစ်ဘေးနားဆိုတော့ ​လေ​ကောင်း​လေသန့်​လည်းရပါတယ်​ ကိုယ့်မိသားစုနဲ့ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် သီးသန့်စားနိုင်တဲ့ ဝါးထရံလေးတွေနဲ့ဆောက်ထားတဲ့ ဆိုင်လည်းရှိပါသေးတယ်။

ကျွန်​​တော်​က​တော့ မ​နောကွင်းကို မြဲတမ်းသွား​ရောက်​အနားယူတယ်၊ သူငယ်​ချင်းအနည်းငယ်​စုပြီး အစားအ​သောက်​တွေ ထည့်​ပြီး တစ်​​နေကုန်​ ​နေ​လေ့ရှိပါတယ်​။ စိတ်​အပန်းလည်း​ပြေသလို မြက်​ခင်းစိမ်း​ပေါ်မှာလဲအိပ်​ပြီး ​နေရတာကိုလည်း နှစ်​သက်​သ​ဘောကျပါတယ်​။ ကျွန်တော့ကတော့ ကျောင်းပိတ်တိုင်းလို ရောက်ဖြစ်တယ် အပန်းလည်းဖြေရင်း အတွဲလည်း ချောင်းရင်းပေါ့😜 အတွဲ​တွေ လည်း ​​တစ်​တွဲပြီးတစ်​တွဲ လာလိုက်​ပြန်​လိုက်​နဲ့ပါ😁

ညနေပိုင်းတွေဆို လူပိုစည်ပါတယ်​ခင်​ဗျ ၊ ဘာလို့ဆို အားကစားလာလုပ်တဲ့သူတွေ ရှိလို့ပါ ကွင်းပတ်ပြေးသူတွေ၊ ကြိုးခုံသူတွေ၊ လမ်းလျှောက်သူတေ၊ွ မြက်ခင်းပေါ်ဘက်စကတ်ဘောကစားသူတွေ စသဖြင့် လူစုံတွေ့ရပါတယ်​။ ကိုယ်​ဝါသနာပါရင်​ ​ဝင်​ပြီးပါဝင်​လို့ရပါတယ်​ ​ဖော်​​ရွေကြပါတယ်​။
မနောကွင်းထဲမှာ ကိုယ်ကာယကြံ့ခိုင်အောင် လေ့ကျင့်ခန်းတွေ လုပ်နိုင်တယ့်​ Gym အားကစားခန်းမလည်း ဖွင့်ထားသေးတယ် ခင်​ဗျ ၊ ဝင်​​ရောက်​​လေ့လာလို့ရပါတယ်​၊ ကျွန်​​တော်​​တော့ဝင်​သွားပြီး စမ်းကြည့်​ဖူးတယ်​ အ​လေးတုံး​တွေက စိုက်​စုံပါဘဲ မ​တောင်​မကြည့်​ခဲ့​သေးတယ်​ အ​တော်​​လေးသား​😁

မြစ်ကြီးနားမြို့မှာ ပွဲတော်တော်များများကို မနောကွင်းမှာစည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိတာတွေ့ရပါတယ်၊ ပွဲလုပ်တယ့်​ စင်ကြီးဟာလည်း အကြီးကြီးပါဘဲ ဂီတပွဲ​တွေ ကျင်းပ​လေ့ရှိတယ်​ ရမ်းစည်​ပါတယ်​။ ပွဲ​မရှိတယ့်​ခါဆို စင်​ကြီး​ပေါ်တက်​ပြီး သီချင်း​လျောက်​ဆိုလိုက်​၊ စ​လိုက်​​​နောက်​လိုက်​နဲ့ ​ပျော်​စရာကြီးပါ ။
မနောကွင်းမှာ တစ်ခါတစ်ခါ မနောပွဲကျင်းပတ​တွေ့ရပါတယ်၊ အကမျိုးစုံနဲကြက်​ပျံ မကျစည်​ကားလှပါတယ်​ ၊ ဒီနှစ်​မ​နောပွဲ ကျင်းပဖြစ်ရင်​ steemit ညီအစ်​ကို​မောင်​နှမ​တွေကို ပြန်​လည်​​ဝေမျှ​ပေးသွားပါမယ်​ ခင်​ဗျ။

Steemit ညီအစ်​ကို​မောင်​နှမ​တွေအားလုံ​ကျေးဇူးတင်ပါတယ် ခင်​ဗျ

Photo - credit
Author - @naythuya
Msc - 169

Sort:  

မြစ်ကြီးနားမြို့ကနေလို့ကောင်းတယ်ဘဒို ဘယ်နေရာသွားသွားအေးနေတာပဲ

ဟုတ်​တယ်​ ခင်​ဗျ😉

အလည်တစ်ခေါက် အရောက်လာချင်ပါတယ် Bro ရေ။

Welcome bro😉I follower to your steemit blog.

လည်​ချင်​စရာမြို့တစ်​ခုပါ👌👌👌

Welcome to myitkyina😉

ဒီနှစ်မနောပွဲလုပ်ဖြစ်သလားbro

မသိဘူးခင်​ဗျ လုပ်​ဖြစ်​မလား မနှစ်​က​တော့မလုပ်​ဘူး

လာလည်ချင်ပါတယ်bro

လာလည်​​လေ အစ်​ကို လည်​စရာ​တွေရှိ​သေး😉

တစ်နေ့နေ့တော့အလည်ရောက်ဖြစ်အောင် လာပါဦးမယ်ဗျာ

Welcome bro😉

တစ်​​နေ့အတူတူအတ်ဲ​ချောင်းတာ​ပေါ့😝

ကြာသလားလို့😝

တ​နေ့​တော့​အ​ရောက်​လာမယ်​ဗျို့

ဟုတ်​ကဲ့ လာလည်​​လေအစ်​ကို😉

ဖတ်လို့ကောင်းပါတယ် အစ်ကို

Thank you😉

လေ့ကျင့်ခန်းလုပ်ရင်း အတွဲလိုက်ချောင်းကြမယ်ဗျာ😁😁

😁ကြာသလားလို့ shake shake😛