သူငယ်​ချင်း​ကောင်းမှမိတ်​​ဆွေ​ကောင်း

in #myanmar7 years ago (edited)

ဘဝရဲ့အချိုးအကွေ့တစ်ခုဖြစ်တဲ့ဆယ်တန်းစာမေးပွဲအောင်မြင်၍ကျွန်တော်ရည်မှန်းထားရာတက္ကသိုလ်တက်ရောက်ရမည့်အချိန်ရောက်ရှိစဉ်က ဖြစ်​တယ်​ မိဘအိမ်​မှ ပထမဆုံးခွဲခွာရမည့်အချိန်လည်း ဖြစ်တယ်​ အ​မေအ​ဖေရဲ့ သွန်​သင်​ဆုံးမမှုက ​နေ ကိုယ်​တိုင်​ နည်းနာယူပြီး ဆုံးမရမယ့်​ အချိန်​​ရောက်​လာပြီ၊ အ​ဖေအ​မေ့ရဲ့ မှာကြားတယ့်​စကား​တွေကို ရင်​မှာပိုက်​ပြီး မြစ်ကြီးနားမြို့ ကွန်ပျူတာကျောင်းကြီးမှာ ပညာသင်ကြားဖို့ရောက်ရှိခဲ့တယ်

image

စစချင်း​ရောက်​ ချိန်​မှာ အခက်​ခဲ​တွေရှိ​ခဲ့တယ်​၊ ​​ကျွန်​​တော်​ တစ်​နှစ်​ပတ်​လုံးမ​ပျော်​ခဲ့ဘူး ​ကျောင်းဘဲ မြန်​ပိတ်​ချင်​ခဲ့တယ်​ အိမ်​ပဲပြန်​ချင်​ခဲ့တယ်

အချိန်​​တွေကြာလာ​တော့​နေသားကျလာတယ်​ သူငယ်​ချင်း​တွေရလာတယ်​ ​ကျောင်းမှာ​တော့ တခြားသူတွေကြား စာ​လေးရ​တော့ စာ​မေးပွဲဖြေခါနီး ဆို ကျွန်​​တော်​မနားရ​တော့ဘူး သူငယ်​ချင်း​တွေတစ်​​ယောက်​ပြီးတစ်​​ယောက်​ ​ခြေချင်းလိမ်​ကာ ကျွန်​​တော့ဆီ စာ​တွေလာ​မေးကြတယ်​​ ​​တစ်​​ယောက်​တစ်​​ပေါက်​လာ​မေးကြ​တော့ ကျွန်​​တော့မှာ​မောလို့ စာလုပ်​ချိန်​​တောင်​ပျက်​ခဲ့တယ်​ သူတို့ကို​ကောရှင်းရ​တော့ ညမှစာလုပ်​ဖြစ်​တယ်​ ညမှာလည်း ကျွန်​​တော်​နဲ့တူအိပ်​တယ့်​သူငယ်​ချင်းကိုထပ်​ရှင်းပြ​ပေးရတယ်​ ကျွန်​​တော်​ ထက်​သူတို့ကို ဦးစား​ပေးပြီး သူတို့ရမှ ကျွန်​​တော်​စာဆက်​လုပ်​ဖြစ်​တယ်​ ၊ အဲ့လိုနဲ့ပထနှစ်​စာ​မေးပွဲ​​​ဖြေဆိုပြီးခဲ့တယ်

image

ကျွန်​​တော်​လည်း အိမ်ကိုရမ်းလွမ်းလို့ ဒီ​နေ့ပြီး ဒီ​နေ့အိမ်​ပြန်​တယ်​ အ​ဖေနဲ့အ​မေရယ်​​ ညီမ​လေးရယ်​ အ​မေ့လက်​ရာကိုလွှမ်း​နေp ​လေ၊ ​ကျောင်းတက်​​တော့ ဖြစ်​သလိုဘဲစားဖြစ်​တယ်​၊အမြဲတမ်းလိုည​ဈေးတန်းကကြက်​ဥနဲ့ ထမင်း​ကြော်ဘဲစားဖြစ်​တယ်​၊​ မြစ်ကြီးနားမှာ တက်​တယ့်​သူ​တွေဆိုရင်​ ထမင်း​ကြော်​ကိုမုန်း​အောင်​စားဖူးကြမှာ​​ အ​သေချာပါခင်​ဗျ

အချိန်​​တွေတစ်​ဖြည်းဖြည်းကုန်​ရင်း ၂ လဆိုတယ့်​​ကျောင်းပိတ်​ရက်​ကကုန်​ဆုံးသွားခဲ့ပြီ​လေ ​ကျောင်း​တော်​ကြီးကို တစ်​​ကျော့ပြန်​ခရီးနှင်​ရပြန်​ပြီ​လေ။
ကျောင်းပိတ်​လိုက်​ဖွင့်​လိုက်​နဲ့ အချိန်​​တွေ တိုက်​စားသွားခဲ့တာ ယခုတော့ စတုတ္ထနှစ်​ကို ​ရောက်​ခဲ့ပြီ၊ အချိန်​​တွေ ကုန်​သွားချိန်​မှာ အသိ​တွေ၊ အများကြီးရခဲ့တယ်​ နယ်ပေါင်းစုံက လူပေါင်းစုံတွေနဲ့ ခင်မင်တွေ့ဆုံခဲ့ရတယ် အာ့လိုတွေ့ဆုံခဲ့ရတော့ လူတစ်​​ယောက်​မှာ မိတ်​​ဆွေကောင်းက အ​ရေးကြီးဆုံး
ဆိုတာသိခဲ့ရတယ် မိတ်​​ဆွေသတ်​လို့​ ဘဝပျက်​တာ​တွေများကြီးဘဲ မိတ်​​ဆွေ​ကောင်းဘယ်​လိုရှာမလည်း၊ ​​လောက က မူယာ​တွေမာယာ​တွေနဲ့ ရစ်​ပတ်​လွှမ်းခြုံထားတာ

မိတ်​​ဆွေ​ကောင်းဖြစ်​ဖို့ သူငယ်​ချင်း​ကောင်းရှိဖို့လိုတယ်​ သူငယ်​ချင်း​ကောင်းမှတစ်​ဆင့်​မိတ်​​ဆွေ​ကောင်းဖြစ်​လာတာ ကျွန်​​တော်​တို့အနီးအနားမှာ သူငယ်​ချင်း​တွေများကြီးရှိတယ်​ ဒါမယ့်​ သူငယ်​ချင်း​ကောင်း ရှိဖို့က ခက်​ခဲလွန်းတယ်

သူငယ်​ချင်း​ကောင်းဆိုတာ ကိုယ့်​အ​ရည်​အ​သွေး​ကောင်း​တွေကို ​ပေါ်လွှင်​​စေသူ၊ ကိုအမှားလုပ်​မိရင်​​တောင်​ သီးခံခွင့်​လွှတ်​နိုင်​သ၊ူ ကိုယ်​ဒုက္ခ​ရောက်​​နေချိန်​​တောင်​ ကူညီ​ပေးသူ၊ကဲ့ရဲ့သူ​တွေကြားက​နေ​တောင်​ ဝိုင်းဝန်းရံ​ပေးနိုင်သူ ​တွေဖြစ်​တယ် အဲ့လိုသူငယ်​ချင်း​တွေရဖို့ မလွယ်​ပါဘူး

"စာအုပ်​အဖုံးကိုကြည့်​ပြီး စာအုပ်​တန်​ဖိုးကို မဆုံးဖြတ်​သင့်​ဘူး အ​ကြောင်းအရာ​တွေကို ​သေချာဖတ်​ကြည့်​ရမယ်"​​ သူငယ်​ချင်း​ကောင်းရှာတယ့်​အခါ မှာလည်း​သူ့ရဲ့ သွင်​ပြင်​ ရုပ်​ရည်​ ​ပေါ်ကြည့်​p မဆုံးဖြတ်​သင့်​ဘူး​လေ၊အတွင်းကျကျ ​ပေါင်းကြည့်​ရမယ်​ အ​ယောက်​တိုင်းကိုလိုက်​​​ပေါင်းကြည့်​ပြီး ဆုံးဖြတ်​ဖို့ဆိုလိုတာမဟုတ်​ပါဘူး အဲ့လို ရှာမယ်​ဆိုရင်​​တော့ သူငယ်​ချင်း​ကောင်းရှာရင်းနဲ့ ဘဲ အချိန်​ကုန်​သွားလိမ့်​မယ်

သူငယ်​ချင်း ​ကောင်းရှာတယ့်​အခါ ရွယ်တူကြီးဘဲ ရှာရမယ်​လို့မဆိုလိုပါဘူး ကိုယ့်​ထက်​အသက်​ကြီးသူ၊ငယ်​တူ၊ရွယ်​တူ ပုံစံအမျိုးမျိုးက​နေ ရှာရပါမယ်​ အ​ရေးကြီးတာက ကိုယ်​ကျင့်​တရား​ကောင်းရမယ်

လို​ပေါင်း မလို​ရှောင်​​ ကို့အ​ကြောင်း အတင်း​ပြောတယ့်​သူ​တွေကို ​ရှောင်​ရပါမယ်​၊ကိုယ်ကချည်း အနစ်နာခံပေါင်း​နေစရာမလိုပါဘူး ကိုယ်​ကတစ်​ခါအနစ်​ခံရင်​သူက ဆယ်​ခါ မက ​နောက်​​ကျောဓားနဲ့ထိုးပါလိမ့်​မယ်​။ကိုယ်​တိုင်​ကြုံ ခဲ့ဖူးလို့ခင်​ဗျ အဲ့လိုသူငယ်​ချင်း​တွေ ​ဝေး​ဝေး​ကရှောင်​ရပါမယ်

သူငယ်​ချင်း​ကောင်း​တွေက အတင်းမ​ပြောဘူး၊ ရှုံ့မချဘူး၊ ကိုယ့်​ကျင့်​တရား​ကောင်းကြတယ်​၊အသိပညာအ​တွေ့အကြုံ ကြွယ်​ဝကြတယ်​ သူငယ်​ချင်း​ကောင်း​တွေက ကိုယ့်​ကိုထက်​မြတ်​​စေနိုင်​တယ်

သူငယ်​ချင်း​ကောင်းရှာတယ့်​​နေရာမှာ ပွင့်​လင်းရမယ်​၊ကိုယ့်​အတွက်​ဘဲမကြည့်​ရဘူး သူ့ဘက်​​ကောကြည့်​​ပေးရမယ်​၊သူများအ​ပေါ် ကြည့်​​ပေးခြင်းက သူငယ်​ချင်း​ကောင်း ရ​စေနိုင်​တယ်​ ခင်​ဗျ

သင်​ဆရာ၊မြင်​ဆရာ၊ကြားဆရာများကို ဂါဝရပြုပါတယ်​ ခင်​ဗျ

ဆရာများရဲ့ ပညာ​ပေးမှု​တွေကို ကျွန်​​တော်​ ​လိုက်​နာရင်း steemit ညီအစ်​ကိုများကို ပြန်​လည်​​ဝေငှ​ပေးလိုက်​ပါတယ်​ ခင်​ဗျ

Credit-photo
Author-@naythuya
Msc-169

Sort:  

ကောင်းတယ်ဘဒိုရေးထားတာ

Thank you😉

မှတ်သားထားပါ့မယ် ဘဒို

ဟုတ်​​​ကဲ့​ခင်​ဗျ

သူငယ်ချင်းကောင်းဆိုတာ လိုအပ်ပါတယ် ။

မှန်​တာ​ပေါ့ ခင်​ဗျ သူငယ်​ချင်း​ကောင်းက​နေ မိတ်​​ဆွေ​ကောင်း

မိတ်ဆွေက ပေါပါတယ် မိတ်ဆွေကောင်းက ရှားပါတယ် ငွေလိုပဲ တစ်ခုခုရင်းမှ တိုးပွားတာပါ

ဟုတ်​ပါတယ်​ခင်​ဗျရင်းတိုင်းမတိုးရင်​မရင်းတာ​ကောင်းဆုံးဘဲမဟုတ်​ရင်​​ဘေးဖြစ်​လိမ့်​မယ်

ဘေးဆိုတာမှန်းသိပြီး နောက်မဆုတ်မှ ဘေးဖြစ်တာပါ အလင်းပြန်နိယာမလိုပဲ အတွေ့အကြုံလှေကားထစ်တော့ ပေါ်စေပါတယ် ဆက်တက်ရင် ရှေ့ရောက်ပါတယ်

message ပြင်သွားတာလားကွယ် အဖြေနဲ့ မဆက်စပ်တော့ဘူးပေါ့

Line မ​ကောင်းလို့ အစ်​ကို စကားလုံးပြင်​နာ😉

သူငယ်​ချင်း​​ကောင်းက အရမ်းလိုအပ်​ပါတယ်
သူငယ်​ချင်း မ​ကောင်းရင်​ ဘဝပါပျက်​တက်​ပါတယ်

ဟုတ်​တယ်​ခင်​ဗျ သူငယ်​ချင်းအ​ယောက်​ ၁၀၀ ရှိဖို့မလိုဘူး သူငယ်​ချင်း​ကောင်း၁​ယောက်​ရှိဖို့လိုတယ်

လက်တွေ့ ကျကျရေးသားနိုင်လို့  စာလုံးတွေက ထိမိတယ်ဗျာ good

ဟုတ်​ကဲ့ခင်​ဗျ Thank you😉

အရေးအသား ကောင်းတယ် my friend

ဟုတ်​ကဲ့ခင်​ဗျ😉​thank you

မှန်ပါတယ်ဗျ

ဟုတ်​ကဲ့ခင်​ဗျ😉

Good bro..အောင်မြင်ပါစေ

ကြိုးစားပါမယ်​ခင်​ဗျ Thank you😉