အမေ သားကိုစောင့်နေနော် ဘယ်မှာမသွားပါနဲ့
အပိုင်း(၁)
အမေ...သားမြို့မှာအလုပ်သွားလုပ်ချင်တရ်
ရွာမှာနေပြီးအမေ့ရဲ့အကြော်ဆိုင်မှာကူလိုက်ဟိုဟာလုပ်လိုက်ဒီဟာလုပ်နဲ့သားဘဝတို့တက်မှာလည်းမဟုတ်ဘူး..သားရယ်...အမေလည်း
သက်ကြီးနေပါပြီဖြစ်နိုင်ရင် ဘယ်မှမသွားပါနဲ့
အမေ့အနားမှာပဲနေပါ... သားအလုပ်မလုပ်ချင်လည်းနေပါ အမေ .သားကိုမခိုင်တော့ပါဘူးနော်သား
ဟာဗျာ....အမေတို့ကလည်းပြောလိုက်ရင်ဒီအတိုင်းပဲ ဒီမှာနေလို့ ဘာတိုးတက်မှာလည်း ငမျိုးတို့ဆိုင်ကယ်စီးနေပီ သားမှာဆိုင်မပြောနဲ့ စက်ဘီးတောင်
မစီးနိုင်ဘူး....ဝယ်ပေးပါဆိုလည်းဝယ်မပေးဘူး
အမေတို့မှာ အဆင်မှမပြေတာသားရယ်...
အမေလည်းဝယ်ပေးချင်တာပေါ့.....ပီးတာပဲဗျာ
ပိုက်ပေးဦး ရွာထိပ်ထန်ရေသွားသောက်မို့ ငမျိုးတို့နဲ့
ချိန်ထားတရ် ရောရော့သား ငါးရာ ဟာအမေကလည်း ငါးရာနဲ့ ဘာလုပ်လို့ရမှာလည်းဗျာ
ဟိုငါးထောင်တန်ပေးလေ. အဲ့ဒါမနက်ဖန်ဈေးဖိုးရင်း
ရမှာလေ သားရဲ့ မသိဘူးဗျာ...ပေး......ဟဲဟဲ့...
သားသား .....ကျော်ဇင်သူ့အမေဆီမှ ပိုက်ဆံကို
အတင်းလုပြီး ထန်းရည်ဆိုင်ကို သွားပါတော့တရ်
သားရယ်....အမေ့ရဲ့စေသနာမေတ္တာတွေကို
ဘယ်တော့ နားလည်မှာလည်းကွယ်....
မညို..မညို...ကြီးမေပါ့လား.လာထိုင်ကြီးမေ
စားပီးခဲ့ပီလား မစားရသေးပါဘူးမညိုရယ်..
မညို ကြီးမေကို ပိုက်ဆံလေး ငါထောင်းလောက်ချေး
ပါဦး ကြီးမေကတော့ လုပ်ပီ အရင်အကြွေးလည်း
မပေးနောက်ပါထပ်ယူဦးမရ် အဆင်မပြေသေလို့ပါအေ.....ကြီးမေသားလည်း အခုထိမလိမ်မာဘူနော်
ဘယ်တတ်နိုင်မလည်းအေ သားသမီးဆိုတော့လည်း
အတတ်နိုင်ဆုံး ခွင့်လွတ်နားလည်ရမှာပေါ့....
ဟိုကိစ္စကကော ပြီးသွားပြီလား ပြီးတော့ပြီးသွားဘီ
ဟိုဘက်က တစ်သိန်းမရရင်မကျေနပ်နိုင်ဘူးပြော
ငါ့မှာ အိမ်ဝိုင်းတစ်ခြမ်းရောင်းပြီး ပေလိုက်ရတယ်
ကြီးမေရယ်.....အေးအေး စကားပြောလို့ကောင်းနေတရ် အိမ်မှာဘာမှ မချက်ရသေးဘူး ပြန်ဦးမယ်အေ တော်ကြာပြန်လာလို့ ဘာမှချက်မထားရင်
ပူညံပူညံလုပ်နေဦးမရ် ပူညံပူညံတော်သေးတယ်
မချက်ထားရင် ရှိတာအကုန်ရိုက်ခွဲတာ.......
ဟုတ်ကဲ့....ကြီးမေ.....အေးပါအေ..ငါမှာလည်း
မညိုတို့ သားအမိရှိလို့ အဆင်ပြေနေတာ....
ရပါတရ် ကြီးမေရယ်.......
အမေ.....ဘာချက်ထားလည်း ကျုပ်ဗိုက်စာပြီး
အေးပါသားရယ် ဟင်းကျက်တော့မှာပါခဏစောင့်နော်......ဟာဗျာ..ဟင်းမချက်ပဲ ဘယ်လျှောက်သွားနေလို့ မကျက်သေးတာလည်း.....မညိုတို့အိမ်ခဏ
သွားနေလို့ပါ....အမေတို့က အားနေဟိုအိမ်သွား
ဒီအိမ်သွားပဲလျှောက်သွားနေတယ်.......
ရပါပြီသားရယ် ....လာလာ..ထမင်းခူးပြီးပြီ
ဟင်းကလည်း ဒါပဲလား....တော်ပီဗျာ
မစားတော့ဘူး.......လျှောက်သွားနေတာပဲကောင်းတရ် ......ကြီးမေမှာတော့ မျက်ရည်လေးကိုသုတ်
တစ်ယောက်ထဲ ကြိတ်ပြီးငိုနေရပါတော့တယ်
သားတစ်ယောက်ကို ပညာတတ်စေချင်လို့ကျောင်း
ထားတော့လည်း ဆယ်တန်းကိုငါးနှစ်လောက်ကျတရ် ....ကျောင်းကထွက်တော့အမေကို
မကူညီးတဲ့ အပြင်မှာပြသာနာပေါင်းဆုံးရှာပီး
အမေကိုဒုက္ခအမြဲပေးတရ်
သူ့အဖေရှိစဉ်က စုထားတဲ့ပစ္စည်းလေးတွေလည်း
သူပြသာနာလိုက်ရှင်းနေရလို့ ကုန်ပါပြီ
နောက်ဆုံး အိမ်ဝိုင်းတစ်ခြမ်းတောင် ရောင်းလိုက်ရပီ
ကိုတင်ငြိမ်းရယ် ရှင်မသေပဲ ကျွန်မအရင်သေသွား
ရမှာ.....ကြီးမေတစ်ယောက်ထဲရေရွတ်ပြီ...
မျက်ရည်စက်လက်နဲ့ မနက်ဖန်အကြော်ဖွင့်ဖို့အတွက်
ပြင်ဆင်နေပါတော့တယ်........
ညနေဈေးလေးသွားပြီးတော့ အသားလေးဘာလေးသွားဝယ်ပြီး ငါ့သားလေးကိုချက်ကျွေးဦးမှပါလေ.....အမေတစ်ယောက်ရဲ့ချစ်တတ်နိုင်လွန်းတဲ့
စိတ် ....
ဆက်လက်ကြိုးစားပါဦးမည်။
မြန်မာလူငယ်များ Steemitမှာအောင်မြင်ကြပါစေ
Author@nganann
Photo>Google Image