မိုးဝသုန်နှင့် ပရဟိတ (အပိုင်း၂)

in #myanmar6 years ago

မိုးရာသီရောက်တိုင်း တွေးမိသောအဖြစ်ပျက်တစ်ခုကိုဆက်လက်တင်ပြပါမယ်။အဲ့လိုနဲ့ ရေဘေးကယ်ဆယ်ရေးအတွက်
အလှူခံမယ့်နေ့လေးကိုရောက်လာခဲ့သည်။
မနက်စောစောထဲက အိမ်က စောစောထွက်ကာ
ကျွန်မတို့ သူငယ်ချင်း သုံးယောက်နဲ့ မသိသော
မမြင်ဖူးသော လူခုနှစ်ယောက်တို့ စပြီးဆုံကြပါပြီ။
စော်ဘွားကြီးကုန်းပန်းခြံတွင်ဆုံရင်း အလှူခံခြင်းအတွက် စတင်ဆွေးနွေးကြပါတော့သည်။
နေရာတိုင်းလိုလိုမှာ အလှူခံသူတွေများပြားလွန်းတာကြောင့်
စော်ဘွားကြီးကုန်းလမ်းဆုံမှာဘဲ အလှူခံရန် ဆုံးဖြတ်လိုက်ကြပါတယ် ။ အဲ့တုန်းက YBS မပေါ်သေးဘူး ။
လိုင်းကားဆိုတာ ဒီဇိုင်းပေါင်းစုံ ထွက်တယ်လေ။ စပါယ်ယာ ပါတဲ့ခေတ်ဆိုတော့ စပါယ်ယာပါးစပ် ပရမ်းပတာ လေ ။ ပြောချင်ရာပြောတာပေါ့။ အဲ့တာတော့သည်းခံပြီး
အလှူခံရတာပေါ့။ ###ရေဘေးသင့်ပြည်သူများအတွက် အလှူခံပါတယ်ရှင့် သဒ္ဒါတရားနည်းများမဆို ပါဝင်လှူဒါန်းကြပါ###လို့ အော်တော့ အသံကမထွက်။ အသံတွေက တုန်နေလိုက်တာ သူငယ်ချင်းသုံးယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ
တစ်ခါမှမလုပ်ဖူးသောအလုပ် ရှက်ကလဲ ရှက်
မသံကလဲ မထွက်နဲ့ အလှူကလဲ ခံချင်တယ်။
စပါယ်ယာတွေက အော်ဟစ် စနောက်နဲ့ နောက်ဆုံးတော့ ရေဘေးပြည်သူတွေ အကြောင်းတွေးမိကာ အသံကိုမြင့်တင်လိုက်ပါတော့သည်။ ၁၅၈၈.jpgCrd-org-source
မိုးကလဲ နေပူလိုက် မိုးရွာလိုက်ဖြစ်ပေမဲ့ နေရာကမရွေ့ဘဲ နေမြဲအတိုင်းဆက်လက် ကောက်ခံခဲ့တယ် ။တစ်ချို့ကားတွေက ကားသမားတွေက သဘောကောင်းတော့
ကားပေါ်တက်ကောက်ခိုင်းတယ်။ ကျွန်မတို့က
လဲ အဲ့မျိုးဆို သဘောကျတာပေါ့ ။ကားက ရပ်ထားတာမဟုတ်ဘူးနော် ။ မီးပွိုင့် နဲ့နီးနေတော့ ကားကအရှိန်မြင့်မသွားဘဲ ပွိုင့်မိစဉ် တစ်ရွေ့ရွေ့နဲ့ မီးပွိုင့် ပွင့်သွားတော့ ကားက ထွက်ပြီလေ ။ အဲ့တာနဲ့ခုန်ဆင်း ရတာပေါ့။ ဘာဘဲဖြစ်ဖြစ် အလှူခံလို့ရတော့ကျေနပ်တယ်လေ ။
လက်တစ်ဖက်မှာ သကြားလုံးထုတ်ကတစ်ဖက် အလှူခံ ထုတ်ကတစ်ဖက်နဲ့ ပစ်ချသမျှ ပိုက်ဆံတွေကို အလုအယှက် လိုက်ကောက်နေမိတယ်။ ကားကြားထဲလဲတိုးဝင် အဲ့ချိန်တုန်းက ကားကြိတ်မှာလဲ မကြောက် ၊ ခုချိန်တွေးကြည့်ရင် တော်တော်ကြောက်တယ်။
မေတ္တာလက်ဆောင်သကြားလုံးတွေ ပြန်ဝေတော့ တစ်ချို့ကားပေါ်က ကလေးတွေဆိုသကြားလုံးလိုချင်တော့ လှူကြတယ်။
သကြားလုံးတွေက ချစ်စရာလေးတွေ
စားလို့ကောင်းတယ်ဆိုတော့ တော်တော်များများသဘောကျကြတယ်။
ကိုယ်လဲ ကျေနပ်မိတယ် ။ မနက် ခုနှစ်နာရီကတည်းက စပြီးအလှူခံလိုက်တာ ညနေလေးနာရီလောက်ဖြစ်လာပြီ။ အဲ့တာနဲ့
ရှစ်မိုင်ဘက်သို့ပြောင်းခဲ့သည်။
ရှစ်မိုင်ဘက်မီးပွိုင့်နားရောက်တော့ Taxi
ကားတစ်စီးမှ လမ်းခေါ်သံကြားတော့ အပြေးလေးသွားခဲ့တယ်။ တစ်ခြားလူမဟုတ်ဘဲ
အတော်ကြာ မတွေ့ဖြစ်သည့် သူငယ်ချင်း လေြး ဖစ်နေသည်။ သူနဲ့စကားပြောရင်း အလှူခံ ပေါ့ ။
ရှစ်မိုင်ကနေ တစ်လမ်းလုံး အလှူခံရင်း
တံတားဖြူ အထိရောက်သွားခဲ့တယ်။ အဲ့ချိန်မှာ အလှူခံလို့လဲမရတော့ဘူး နေကလဲ ဝင်လို့ အမှောင်ချိန်ဝင်လာပြီ။
အဲ့တာနဲ့ အလှူခံပိုက်ဆံတွေကို စီကာ ရေတွက်ကြသည်။ မထင်ထားလောက်အောင်များနေတော့ပျော်တာပေါ့။ ဆက်ရန်...............
ကျန်တဲ့အခန်းလေးဆက်လက်အားပေးပါအုံးလို့ တောင်းဆိုပါရစေ ။
I created writing
Thanks for steemit member all my fri
MSC-233
@nwenwe

Sort:  

အဲ့ ဒီပုံ​လေးမြင်​ရင်​ ကျွန်​​တော်​တို့က​လေမြို့​ရေကြီးတာ
မြက်​စိထဲကမထွက်​ဘူး

နေရာတော်တော်များများရေကြီးကြတယ်နော်

မြန်မာလူမျိုးတွေဟာ သဒ္ဓါတရားမနည်းပါဘူး

အဲ့တာတော့လက်ခံတယ်

အေးဗျာ အားကျစရာ ကောင်းလိုက်တာဗျာ 😊😊

ကျေးဇူး

မွန်မြတ်သောစိတ်ထာ ပိုင်ဆိုင်ထားတဲ့သူပဲမမnwenweက

ပရဟိတ လုပ်ဖို့ တော်ရုံစိတ်နဲ့မရပါ။ဒီလို စေတနာ မေတ္တာအပြည့်နဲ့ လုပ်နိုင်မှ ကောင်းမှာပါ။ကုသိုလ်တွေကတော့ အများကြီးရမှာပါလို့ ပြောရင်းနဲ့ နောက်အပိုင်းတွေ ဆက်အားပေးမယ်နော်။

ဟုတ်ကဲ့ ဆက်အားပေးပါအုံး

ဆက်​လက်​အား​ပေးပါ့မယ်​...ပင်​ပန်းတာကိုမကြည့်​ဘဲပရဟိတစိတ်​နှင့်​ကြိုးစားကြတာ....​ကောင်းပါတယ်​...

အဲ့နေ့က ထမင်းတောင်မစားရဘူး😀😀😀

မွန်​မြတ်​တဲ့စိတ်​ထားတစ်​ခုပါ

ကျေးဇူး

ကုသိုလ်‌‌တွေ အများကြီးရမှာဘဲ‌နော်‌။

ရသလောက်ပေါ့

ကောင်းသောအလုပ်အတွက် မရှက်ပါနဲ့။မကြောက်ပါနဲ့ကွယ်

ဟုတ်ကဲ့ မှတ်ထားပါ့မယ်

ဆက် အားပေးပါ့မယ် ညီမရေ😊အလှူခံရတာ ပျော်စရာကောင်းပါတယ်

ဟုတ်ကဲ့ပါမမကြည်ရေ