အချိန်​ကိုအသုံးပြုခြင်း

in #myanmar7 years ago

image

တစ်​​ရွေ့​​ရွေ့နဲ့ ကုန်​ဆုံးသွားသည့်​ အချိန်​​တွေကို ပြန်​လည်​ရရှိရန်​လည်း မဖြစ်​နိုင်​​ပေ။ ကုန်​ဆုံးသွားသည့်​ အချိန်​ မိမိဘဝ၏ ဖြတ်​သန်းရာ အချိန်​​တွေပင်​ဖြစ်​​ပေသည်​။ မိမိဘဝ၏ အတိတ်​ကာလမှာ ဖြစ်​ပျက်​ခဲ့သည့်​ အဆိုးအ​ကောင်း အကျိုးအ​ကြောင်းကို ပြန်​လည်​သုံးသပ်​၍ ဘဝ​ရှေ့ဆက်​ အနာဂတ်​မှာ ကုန်​ဆုံးသွား သည့်​အချိန်​​တွေမှာ ပြုမူ​ဆောင်​ရွက်​ခဲ့သည့်​ အမူအရာ လုပ်​ငန်း​ဆောင်​တာ​တွေထက်​ မည်​သို့မည်​ပုံ ​ပိုမို​ကောင်းမွန်​​အောင်​​ဆောင်​ရွက်​​ရမည်​ကို ယခုပစ္စုပ္ပန်​ အချိန်​ကာလမှာ သုံးသပ်​​၍ ​အစီအစဉ်​များကို ​ရေးဆွဲပါ။
အတိတ်​မှာ ကိုယ်​က နည်းနည်း​လေး​ကောင်းရုံသာ ​ဆောင်​ရွက်​ခဲ့လျင်​ အနာဂတ်​မှာ ယခင်​ကထက်​ ​ကောင်းမွန်​​အောင်​​ဆောင်​ရွက်​ခြင်းမပြုနိုင်​မူ လူညံ့တစ်​​ယောက်​သာဖြစ်​​ပေ​တော့မည်​။မိမိကိုယ်​ကို လူ​တော်​တစ်​​ယောက်​သာမက လူ​ကောင်းတစ်​​ယောက်​ဖြစ်​ရန်​လည်း လိုအပ်​သည်​ကို သိရှိထား၍ ​ကောင်းမွန်​​အောင်​လုပ်​ကိုင်​​ဆောင်​ရွက်​သင့်​သည်​ကို စိတ်​နှလုံးသားထဲမှာ မြဲမြံစွာမှတ်​သားထားပါ​လေ။
image
နာရီ​တွေ​က​ပြောင်း အချိန်​​တွေက​ဟောင်း မ​ဝေးလှတဲ့ အတိတ်​ကာလကို ပြန်​လည်​သုံးသပ်ကြည့်​ကြပါစို့။ ယခင်​အချိန်​အခါနှင့်​ ယခု မိမိ၏ အချိန်​အခါ မည်​သို့မည်​ပုံဖြစ်​နေသည်​ကိုပထမဦးစွာ ပြန်​လည်​စမ်းစစ်​ကြည့်​ကြပါ။ ယခင်​က မိမိမှ အခြားသူများအ​ပေါ် မည်​သို့မည်​ပုံ ​ကောင်းမွန်​စွာဆက်​ဆံခဲ့သည်​။ တစ်​နည်းမဟုက်​ အခြားသူများနှင့်​ဆန့်​ကျင်​ဘက်​ ​ကိစ္စရပ်​များကို ​ဆောင်​ရွက်​ခဲ့သည်​ စသည်​ဖြင့်​​တွေး​တောကြည့်​ပါ။ အခြားသူများကို ​ကောင်းမွန်​စွာဆက်​ဆံခြင်း​ကြောင့်​ တစ်​ပါးသူ မည်​သို့မည်​ပုံ ​ပျော်​ရွှင်​​စေသည်​၊မည်​သို့​သော တန်​ပြန်​သက်​​ရောက်​မှုများ ရှိသည်​ကို အပြုသ​ဘော​ဆောင်​ကာ ​တွေး​တောကြည့်​ပါ။တတ်​နိုင်​သမျှ အ​ကောင်းဘက်​က ​တွေး​စေလိုသည်​။ မိမိ​ကောင်းလျင်​ မိမိအ​ပေါ် တန်​ပြန်​သက်​​ရောက်​မှုကလည်း ​ကောင်းမွန်​​သော တန်​ပြန်​သက်​​ရောက်​မှုသာ ဖြစ်​လိမ့်​မည်​ဟု ယုံကြည်​ပါသည်​။ သို့မဟုက်​မူ မိမိမှ တစ်​ပါးသူနှင့်​ ဆန့်​ကျင်​ဘက်​ပြုမူကာ တစ်​ပါးသူနှင့်​ မ​ချေမငံဖြစ်​​သော်​ သက်​​ရောက်​မှုကလည်း ​ကောင်းမည်​မဟုက်​​ပေ။ သက်​​ရောက်​မှုက တစ်​ခါတစ်​ရံ ပြင်းထန်​တတ်​သည်​ကို သတိပြုပါ​လေ။

image
အတိတ်​ဆိုသည့်​ အရာကြီးက ​ကြောက်​စရာ​တွေ​ပေးတတ်​သလို ​ပျောရွှင်​စရာ​တွေကိုလည်း ဖန်​တီး​ပေးတတ်​သည်​။ အတိတ်​မှာ ​ကောင်းခြင်းမပြုခဲ့သူက အတိတ်​ကာလက အဖြစ်​အပျက်​​တွေကို ပြန်​လည်​မြင်​​ယောင်​မိကာ ​ရှေ့ဆက်​ရမည့်​ လမ်းခရီးကို စိုးရွ့​နေ​လေ့ရှိကြ​သည်​။ မ​ကောင်းမှုပြုလုပ်​ထားသူက မ​ကောငှ်းမှုဆိုသည့်​ အရိပ်​မည်းကြီးကို စက္ကန့်​မလပ်​​တွေ့မြင်​​နေရကာ အရိပ်​မဲကြီး၏ အုပ်​စိုးမှု ဝါးမြိုမှုကို ခံစား​နေရသည်​။ အခြား​သောသူများ​ပြောကြသလို မ​ကောင်းမှုပြုသူက အခြား​သောသာမန်​လူများထက်​ မိမိကိုယ်​တိုင်​ မ​ကောင်း​သော အခြင်းအရာများ နဖူး​တွေ့ဒူး​တွေ့ ​တွေ့မည်​ကို ပို၍ပင်​ ​ကြောက်​သည်​သာဖြစ်​သည်​။ဥပမာ- အခြား​သောသူများအ​ပေါ် ​ကောက်​ကျစ်​ယုတ်​မာထား​သောသူတစ်​​ယောက်​သည်​ အမြဲလိုလို အခြားသူများမှ မိမိအ​ပေါ် ပြန်​၍ ​ကောက်​ကျစ်​​လေမလားဆို​သော သံသယကြီးကို အမြဲတ​​စေလက်​ကိုင်​ထားမိ​နေသည်​။ ထိုသံသယကြီးသည်​ အခြား​သောသုများမဆိုထားနှင့်​ မိမိနှင့်​​သွေးသား​တော်​စပ်​သူများပါမကျန်​ ထင်​ဟပ်​​နေသည်​။
image
သံသယနှင့်​အသက်​ရှင်​​နေသူအဖို့ ​လောကကြီးမှာ အသက်​ရှင်​​နေရ​သော်​လည်း ​ရေမရှိသည့်​ကြာပမာ ​ခြောက်​​သွေ့​နေ​ပေလိမ့်​မည်​။ သို့အတွက်​ ​ကောင်းမွန်​​သော လုပ်​ငန်းများလုပ်​​ဆောင်​ရန်​လည်း အတားအဆီးပမာ ဖြစ်​​နေ​ပေလိမ့်​မည်​။ ဤအတားအဆီးများကို ဖြတ်​​​​ကျော်​ရန်​ အရင်းနှီးဆုံးမိတ်​​ဆွေ အချိန်​​တွေကို အသုံးပြုရ​ပေမည်​။ အနာတစ်​ခုကျက်​၍ ​ပျောက်​ကင်းရန်​အတွက်​ ​ဆေးတစ်​မျိုးတည်းနှင့်​မရ​ပေ။ဆေး၏ အရင်းနှီးဆုံးမိတ်​​ဆွေဖြစ်​သည့်​ အချိန်​၏အကူအညီနှင့်​အတူ ကုသရ​ပေသည်​။ ထို့အတူ အခြားသူများအ​ပေါ်ထားရှိသည့်​ မ​ကောင်းသည့်​သံသယ စိတ်​များ​နဲသွား​စေရန်​ ​ကောင်းမှု​တွေသာခန​လေးနှင့်​ အစုလိုက်​အပြုံလိုက်​လုပ်​၍ ဖန်​တီးယူ၍ ရမည်​မဟုက်​​ပေ။ အချိန်​ကို အရင်းခံကာ ​ကောင်းမှုများကို နဲနဲမှများများစီဦးတည်​ကာ ​နေ့စဉ်​​ဆောင်​ရွက်​သလို မိမိစိတ်​ကိုလည်း တည်​ငြိမ်​​အေးချမ်း​အောင်​ထား၍ ​​ကောင်းမွန်​​အောင်​ပြင်​ဆင်​ရ​ပေမည်​။ အလုံးစုံ စိတ်​​ကောင်း​လေး မ​မွေးနိုင်​​သော်​မှ အခြားသူများအ​ပေါ် ယုံကြည်​စိတ်​များ အနဲနှင့်​အများ တိုးတက်​လာမည်​ဟု ယုံကြည်​ပါသည်​။

image

Myanmar steemit အဖွဲ့သားများအားလုံး ကျန်းမာချမ်းသာကြပါ​စေ

Photo credit by google image and facebook

Written by @nyinyilwin

MSC 170

Sort:  

ရေးတာ အလန်းနော ပုံတေရောဘဲ

သံသယ= အဆိပ်

ဟိုအရင်ချိန်တွေ တမ်းတမက်မော ပြန်လိုချင်တယ် အတိတ်ကိုပေါ့

ရရင်​​ကောင်းတာပဗျာ

အချိန်ဆိုတာ အဲ့လိုပဲတဲ့

ဟုက်​တယ်​​နော်

သံဒယဆိုတာ ထားတဲ့သူကော အထားခံရတဲ့သူအတွက်ပါ အကျြိုးမဲ့စေပါတယ်

သံသယ အာဂတပူ​လောင်​လှသဗျ

မှန်​ပဗျ

သံသယ သံသယ ​တော်​​တော်​ပူ​လောင်​လှတယ်​ bro

မရှိ​အောင်​​နေတ​ကောင်းတယ်

သံသယကင်းကင်းလေးနဲ့မှ အကုန်သာယာတာ

မှန်​ပါ့ဗျာ

ကိုယ်စိုက်ပျိုးတာ ကိုယ်ရိတ်သိမ်းရမယ်ဆိုတဲ့ စကားအတိုင်းပေါ့..

ဒီလိုပါပဲ

အနှစ်၂၀လောက်အချိန်တွေကိုနောက်ပြန်ဆုတ်လိုက်ချင်တယ်
တကမ္ဘာလုံးစာမဖြစ်နိုင်ရင်တောင်လူတစ်ယောက်စာအတွက်
ဖြစ်ဖြစ်ပေါ့

လုပ်​လိုက်​​တော့