ဝမ်းချုပ်ခြင်း အန္တရာယ်
ဝမ်းချုပ်ခြင်းသည် ရောဂါတစ်ခုမဟုတ်ဘူးဆိုပေမယ့် ၀မ်းချုပ်ခြင်းကြောင့် စိတ်မသက်မသာဖြစ်ခြင်း၊ ဝေဒနာပြင်းစွာ ခံစားရတတ်ခြင်း များဖြစ်ပေါ်တတ်သည်။ဝမ်းချုပ်ခြင်း ဖြစ်ပေါ်ခြင်းသည် အစားအသောက် လွဲမှားခြင်းကြောင့် အဓိကဖြစ်စေတတ်သည်။
ခေတ်ပေါ်နည်းပညာများ မြင့်မားလာမှုကြောင့် လူများသည် ဘယ်နေရာကို သွားချင်လဲ ၊ ဘာလုပ်ချင်လဲ စသည်တို့သည် စက်ကရိယာများဖြင့် လုပ်ဆောင်နေမှုကြောင့် အညောင်းညာမိခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများ နည်းပါးခြင်းဖြစ်စေသည်။ထိုအရာများကြောင့် ၀မ်းချုပ်မှု ပြသနာကလည်း ဖြစ်ပေါ်စေသည်။ဝမ်းချုပ်ခြင်း ဝေဒနာသည် အလွန်ပင် ခံစားရသည်။
အစားအသောက် မှားယွင်းမှုကြောင့် ၀မ်းချုပ်ခြင်းဖြစ်စေသည်မှာ ရိုးရှင်းပါသည်။ တွဲဖက်စားသုံးသင့်သည့် အစားအစာများကို မစားသုံးခြင်း၊ ထူးဆန်းအစားစာများ စားခြင်း၊ စသည်တို့ကြောင့် အစာအဆိပ်သင့်ခြင်းကို ဖြစ်ပေါ်စေသည်။ထိုမှတစ်ဆင့် ၀မ်းချုပ်မှု ဝေဒနာကို ဖြစ်ပေါ်စေသည်။ဒါ့အပြင် ရေသောက်နည်းပါးခြင်းကလည်း ဖြစ်စေတတ်သည်။ တစ်နေ့တာ သောက်သင့်သည့် ရေပမာဏအလျောက် မသောက်ခြင်းကလည်း ဖြစ်စေသည်။ ရေကို တတ်နိုင်သလောက် စိတ်ကြိုက်သောက်နိုင်သည်။
တစ်ချို့ လုတော်တော်များများဟာ ၀မ်းချုပ်ခြင်း ဝေဒနာကို နှစ်ရှည်လများ ခံစားနေကြတာ တွေ့ဖူးပါတယ်။ သုံးလေးရက် တစ်ခါ၊ တစ်ပတ်တစ်ခါ လောက်မှသွားတတ်ကြသည်။ ထို့သို့အချိန်ကြာမြင့်စွာ ၀မ်းချုပ်ခြင်းကြောင့် မကောင်းတဲ့ ကိစ္စများဖြစ်ပေါ်တတ်ပေသည်.....
ဝမ်းချုပ်ခြင်းကို ကာကွယ်ရမည့် နည်းလမ်းများကတော့ အစားသောက်စားရမှာ အရည်ပါသော အစားစာများ၊ အသီးရွက်များ အဓိကထားစားသုံးပေးရမည်။နံနက်စာကို အ၀စားပေးပါ။ မနက်စောစောအိပ်ယာထပါက ရေကို သောက်နိုင်သလောက်အ၀သောက်ပါ။ အိမ်သာတက်ခြင်းကို အိပ်ယာထခါစ အချိန်မျိုးမှာ အကျင့်လုပ်ထားပေးပါ။ ရာသီပေါ်အစားစာများ စားပေးပါ။ ကိုယ်ကာယ လေ့ကျင့်ခန်း၊ လမ်းများများ လျှောက်ခြင်းစသည်တို့ကို ပြုလုပ်ပေးရမည်။ ဒါမှသာ ဓာတ်ကြီးလေးပါး ညီမျှကာ အဆင်ပြေချောမွေ့နိုင်မည်ဖြစ်ပေသည်....
Author>>>>>>>@pyaesone101
MSC - 024
ရှေးလူကြီးတွေကတော့ ဝမ်းတလုံးကောင်းရင်ခေါင်းမခဲဘူးတဲ့
ဟုတ်ပါ့ဗျာ မှန်တယ် ကိုမြင့်ရေ
ဝမ်းမကောင်းရင် ဘာမှလုပ်လို့မရ
တော်တော်နေရထိုင်ရ ခက်တယ်ဗျ ဂရုစိုက်ကြပါ
ဘယ်လိုပြော၇မလဲဟင်
ချုပ်နေပီလား သေချာဂရုစိုက်တော့😁😁😁
မုံရွာဆရာမိုးလဲ မဆိုးဘူး 😁😁 မြန်မာ့နည်း မြန်မာ့ဟန်
ဟုတ်တယ် အဲ့ကောင်မဆိုးဘူးဗျ
မနက်စောစောရေ အဝသောက်တယ်
အကောင်းဆုံးပေါ့ဗျာ
အမှန်ပဲဗျာ အထိုင်များတော့ ခနခနချုပ်တယ်
မချုပ်စေနဲ့ဗျို့ စိတ်ညစ်မှုလိုလို ဘာလိုလို ဖြစ်စေတယ်
ဟုတ်တယ် နေရထိုင်ရ တအာကြပပ်တာ
ဂရုစိုက်ကြပါဗျာ
ဟုတ်ပါ့နေလို့ကိုမရဘူး
အဲ့ဒါကြောင့် ဂရုစိုက်စေချင်တာပေါ့ဗျာ
ဝမ်းတစ်လုံးကောင်း ခေါင်းမခဲ။
အဲ့ဒါကြောင့် ဂရုစိုက်စေချင်တာပေါ့ဗျာ
Congratulations @pyaesone101! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes
Click on any badge to view your own Board of Honor on SteemitBoard.
To support your work, I also upvoted your post!
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP